Sonny son ... ny
ကိုရီးယား၏ အာရှဖလား ခရီးစဉ်ကတော့ ဆီမီးဖိုင်နယ် အဆင့်ဖြင့်သာ ကျေနပ် လိုက်ရပြီ ဖြစ်၏။ မနေ့က ပွဲမှာ ဂျော်ဒန်ကို 2-0 ဖြင့် ရှုံးနိမ့်သွားခဲ့၏။ ကိုရီးယားထက် ဂျော်ဒန်က ကစားပုံ ပိုပြီး ကောင်းခဲ့၏။ ကိုရီးယားက ဘာလုပ်လို့ ဘာနေ နေမှန်းကို မသိပေ။ ဂိုးမပေးရခင် ကစားပုံကော၊ ဂိုးပေးရပြီးနောက် ကစားပုံကော အဆင်ကို မပြေနေပေ။ ဘာကစားကွက်မှ မရှိနေပေ။ ဦးတည်ချက် ရည်ရွယ်ချက် မရှိဘဲ ကစားနေသလို ခံစားရ၏။
ပြီး ဒီပွဲမှာ ကွင်းလယ်နှင့် နောက်တိုင်း ချိတ်ဆက်မှု အားနည်း၏။ ပေးလိုက်ရသည့် ဂိုးတွေက ကွင်းလယ် ကစားသမားတွေ၏ အမှားတွေကနေ သွင်းယူသွားကြခြင်း ဖြစ်၏။ အဓိက နောက်တန်း ကစားသမား ကင်မင်ဂျေး ပွဲပယ် ခံထားရတာလည်း ဆိုးလှ၏။ ဂျော်ဒန် တိုက်စစ်က နံပတ် 10 နှင့် 11 တို့ သွင်းယူသွားတဲ့ ဂိုးတွေကို ကြည့်ရင် ကိုရီးယားနောက်တန်း၏ လိုအပ်ချက်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်၏။ ကွင်းလယ်က အမှားလုပ်တယ် နောက်တန်းက အဆင်မပြေဘူး။ ဒါနဲ့ပဲ ဂိုးတွေ ပေးရပြီး ပြိုင်ပွဲက ထွက်ရရရော။
အမှန်တော့ ဂျော်ဒန် တအားကောင်းလွန်းနေတာ မဟုတ်ဘဲ ကိုရီးယားကကို တလွဲတွေ လုပ်နေတာ။ အခွင့်အရေးရတာခြင်းလည်း သိပ်မကွာဘူး။ ဒါပေမယ့် အခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်သွားတာကတော့ ဂျော်ဒန်ပါပဲ။ ကိုရီးယားကစားသမားတွေကိုတော့ ဘာပြောလို့ ပြောရမည် မသိပေ။ ဂိုးပေးလိုက်ရမှ ပြာယာတွေခတ်လို့ အသည်းအသန်တွေ လိုက်ကစားရော၊ အဲ့မှာပဲ နောက်ထပ် လူပေးမှားရာကနေ ဂျော်ဒန်က ဒုတိယဂိုး ထပ်သွင်း သွားရော။ ပွဲလည်း ပြီးသလောက် ရှိသွားခဲ့လေပြီ။
ဒီနှစ် အာရှဖလားပွဲစဉ်တွေထဲမှာ ကျနော် အများဆုံး ကြည့်ဖြစ်တဲ့ ပွဲစဉ်တွေက ကိုရီးယားအသင်းရဲ့ ပွဲစဉ်တွေပါပဲ။ တမင်ရယ်လို့ မဟုတ်ပေမယ့် ကိုယ်ကြည့်တဲ့ အချိန်နဲ့ သူ့ပွဲလာချိန်က သွားတိုက်ဆိုင်နေတာလည်း ပါမပေါ့။ ကျနော် ကြည့်ခဲ့ရတဲ့ ကိုရီးယားအသင်းရဲ့ ပွဲစဉ်တွေ ထဲမှာ ယခု ပွဲစဉ်ကတော့ အဆိုးဆုံး ဖြစ်လိမ့်မယ် ထင်ပါရဲ့။
ဂိုးလည်း မသွင်းနိုင်၊ ဂိုးဖန်တီးမှုလည်း လောက်လောက်လားလား ရယ်လို့ မတွေ့ရနဲ့ ကစားကွက်ကလည်း အဆင်မပြေပေ။ ကိုယ်က ဂိုးအရင်သွင်းဖို့ မကြိုးစားဘဲ ကိုယ်အသွင်းခံရမှ အသည်းအသန်တွေ လိုက်ကစား ပေမယ့် အချိန်က မမှီတော့ပေ။ နောက်ဆုံးမိနစ် ဂိုးတွေနှင့်အတူ ကံကောင်းပြီး ပြန်လာနိုင်ခဲ့ပေမယ့် ယခုပွဲမှာတော့ သူတို့ ပြန်မလာ နိုင်တော့ပေ။
ဆွန်နီ (ဆွန်ဟောင်မင်) ကို အတော်လေး သနားမိ၏။ သူလည်း ကြိုးစား ရှာပါရဲ့။ ဒါပေမယ့် ဘောလုံးက တယောက်ထဲ ကောင်းနေလို့မှ မရဘဲ။ Super man မဟုတ်သည့် super player ကြီးလည်း မတက်နိုင်တော့ပေ။ ယခုပွဲမှာ သူ့ဆီ ဘောလုံး ရောက်သည့် အကြိမ်ရေတောင် ရေတွက် ထားလို့ ရ၏။ မသိရင် ဘောလုံးက ဆွန်နီကို စိတ်ဆိုး စိတ်ကောင် နေလားပေါ့။
နောက်ပြိုင်ပွဲတွေမှာ ဆုဖလား ဆွတ်ခူး နိုင်ပါစေ Sonny ရေ။ ဒီနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာတော့ အီရန်နှင့် ကာတာ အသင်းတို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ကြည့်ရပေလိမ့်ဦးမည်။ ဘယ်အသင်းက ဖိုင်နယ် တက်သွားမလဲ၊ အီရန်လား ကာတာလား။
Leave Sonny son ... ny to:
Read more #hive-115900 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.