Sharing Content by Hive-Echo
ဒီနေ့လည်း ဂိမ်းပိုစ့် မရေးဖြစ်ပြန်ပါဘူး။ ထုံးစံအတိုင်း နောက်ထပ် ကြားဖြတ် တခုပေါ့။ မနက်ပိုင်း စာရေးမယ်ဆိုပြီး Hive (Ecency) ထဲ ဝင်ကြည့်တော့ အသိတယောက် ပြန် share ထားတဲ့ ပိုစ့် တခုကို သွားတွေ့မိပါတယ်။ Hive-Echo က တင်ထားတဲ့ပိုစ့်ပါ။ Call to Action (Proof of Share) Blogs, Video တွေ share လုပ်ပေးခြင်းကနေ reward ပြန်ရနိုင်တဲ့ အစီအစဉ်လေးပါ။ ကျနော်က ခုမှသိလို့သာ၊ သူတို့ content ကဖြင့် 25 ထိတောင် ရောက်နေပြီ။ အသိ နောက်ကျလေခြင်းပေါ့။
Content မှာ ပါဝင်နိုင်ဖို့က ဘာမှကို မခက်တာ။ Social media account တခုခု ရှိရင်ကို ရပြီ။ အထူးသဖြင့် Twitter (X) ပေါ့။ X account တခု ရှိရင်ကို ရပါပြီ။ မိမိရဲ့ Hive account နဲ့ X account ကိုတော့ ချိတ်ဆက်ထားဖို့ လိုပါမယ်။ ဒီအကြောင်းကို တလောတုန်းက ကျနော် ပိုစ့်တင်ထားဖူး သေးတယ်။ hiveposh.com ကိုသွား hive keychain သုံးပြီး login ဝင်လိုက် link more account ကိုသွား link Twitter (X) ကို နှိပ်လိုက် ဒါပဲ။ Hive keychain App ကနေ ချိတ်မှာ ဆိုရင်လည်း Keychain App ထဲ ဝင် Browser မှာ hiveposh.com ကို ရိုက်ပြီး ကျန်တာကတော့ အပေါ် အဆင့်အတိုင်းပဲ။
ခု content 25 မှာကတော့ video share ပေးရမှာ။ Video က အတိုလေးပါ။ ပိုစ့်မှာ ပေးထားတဲ့ link ထဲကို ဝင် (Google Drive ထဲ ရောက်သွားလိမ့်မယ်) မိမိ ကြိုက်တဲ့ video တခုကို download လုပ်လိုက်။ ပြီးရင် အဲ့ Video ကို ကိုယ့်ရဲ့ Web 2 social media (Twitter/ X) မှာ ပြန်တင်ပေး။ တင်ထားတဲ့ screenshot နဲ့ ပိုစ့် link ကို Copy ယူပြီး content 25 ပိုစ့် အောက်မှာ လာပြန် မန့်ပေးရုံပဲ။ သူငယ်ချင်း ၃ ယောက်လောက်တော့ tag တွဲဖို့ လိုမယ်။ အော် ဒါနဲ့ မူလပိုစ့်ကို reblog ပြန်လုပ်ပေးဖို့ကိုလည်း မမေ့ပါနဲ့။
ဒီ စာမရေးခင် ကျနော်ကတော့ content 25 ကို join ပြီးပါပြီ။ ခွင့်မတောင်းဘဲ tag တွဲထားလို့လည်း မိတ်ဆွေတွေကို ဒီပိုစ့်ကနေပဲ တောင်းပန်ပါတယ်။ နောင်လည်း အလျဉ်းသင့်သလို tag တွဲဦးမှာမို့ ခွင့်ပြုပေးကြပါဦးလို့။ အဟီး ...။ ကျနော့်ကိုလည်း တဖန်ပြန်လို့ tag တွဲ နိုင်ပါတယ်ဗျ။
ဆု ရမရကတော့ ပြီးရင် သိရမယ် ထင်ပါရဲ့။ ဆုမရခဲ့ရင်လည်း Hive ကို ယခုထက် လူတွေ ပိုသိပြီး၊ အသုံးပြုသူ ပိုများလာအောင် တဖက်တလမ်းက ကူညီရာ ရောက်လို့ ဒီ content လေးကို join သင့်တယ်လို့တော့ ကျနော် မြင်မိပါတယ်။ ခုနောက်ပိုင်း Hive Community အနေနဲ့ ဖြည်းဖြည်း မှန်မှန် ခရီးဆက်နေတာကို တွေ့ရပါတယ်။ Web 2 social media တွေမှာ မိမိတို့ အကြောင်းကို လူသိပိုများလာအောင် လုပ်ဆောင်တဲ့ အနေနဲ့ ခုလို content လေးတွေ မကြာခဏ လုပ်ပေးနေတာကို တွေ့ရပါတယ်။ Hive ရေ ဆက်၍ ခရီးဆက်ပါ။
Here Original post link
Leave Sharing Content by Hive-Echo to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Don Jaun
- 1 st Two Quarter-Final List
- What a performance Cape Verde
- Keep Moving Forward Portugal
- Turning Points
- Mbappe
- Germany Eliminated
- Why so Easy for Messi
- Only Two Teams left
- Cape Verde is Qualified
- We have Companions
- Who are Qualified
- CR7 Involved Now
- New Record
- What a play Cape Verde
- Germany also Qualified
- Two Hosts already Qualified
- Another Hat-trick Player
- Messi
- Vikings are Cooking
- Spain Draw