ပျော်ရွှင် ကြည်နူးမိပါ၏
ဒီရက်ပိုင်းမှာတော့ ပျော်စရာလေးတွေ ခပ်စိပ်စိပ် ကြုံတွေ ကြားသိနေရ၏။ ဒီလိုကာလကြီးမှာ ခုလိုလေးလည်း ကြုံဦးမှ စိတ်ဖြေစရာ ဖြစ်မည် မဟုတ်လား။ မနေ့က Mobile Legends MSL Grand Final ပွဲစဉ် အဖြစ် Mythic Seal vs Yangon Galacticos အသင်းတို့ ယှဉ်ပြိုင် ကစားကြ၏။ Best of 7 အဖြစ် ကစားကြရခြင်း ဖြစ်၏။ Mythic Seal က 4-2 ဖြင့် အနိုင်ရရှိသွားခဲ့၏။ ဗိုလ်စွဲသည့် အသင်းက Saudi Arabia နိုင်ငံမှာ ကျင်းပမည့် MSC 2025 MLBB ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်၏။
Mythic Seal အနေဖြင့် Major Tournament တွေမှာ Grand Final အထိ တက်လှမ်း နိုင်ခဲ့ပေမယ့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရလေ့ ရှိ၏။ ယခု တကြိမ်မှာတော့ အဆိုပါ ကျိန်စာ ဆိုးကို ချေဖျက်ပြီး ချန်ပီယံဘွဲ့ကို ထိုက်ထိုက်တန်တန် အရယူသွားနိုင်ခဲ့၏။ MSC ပြိုင်ပွဲ ကြီးကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရယူနိုင်ခဲ့ပြီ ဖြစ်၏။ Former player Ken အတွက်လည်း ဝမ်းသာရပါ၏။ အသင်း၏ လူဟောင်းဆိုလို့ သူတယောက်ပဲ ကျန်တာကိုး။ MSC မှာလည်း ဆက်လက်အားပေးရင်း ရင်ခုန်ရပေလိမ့်ဦးမည်။
UEFA Nations League A Bronze Final မှာတော့ France က အိမ်ရှင် Germany ကို 0-2 ဖြင့် အနိုင်ရပြီး တတိယဆု ရယူသွားခဲ့၏။ Final မှာတော့ ခြေစွာနေသည့် Spain ကို Portugal တို့ 2-2 သရေ ကစားပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ 5-3 ဖြင့် အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားခဲ့၏။
Ronald အတွက် ကျနော့် ဆုတောင်း မျှော်လင့်ချက်လေး ပြည့်သွားခဲ့လို့လည်း ဝမ်းသာရပါ၏။ ကျနော် တယောက်ထဲရယ်လို့တော့ မဟုတ်ပေ၊ Ronald fans တိုင်း မျှော်လင့်ကြမှာ အသေအချာပင်။ ဆီမီးဖိုင်နယ်မှာ အနိုင်ဂိုး သွင်းသလို ဗိုလ်လုပွဲမှာလည်း သရေကျစေမည့်ဂိုးကို သွင်းယူပေးခဲ့ပြန်၏။ ဒီ အသက် ၄၀ အရွယ် ကစားသမားကြီးကတော့ အံ့အားသင့်စရာတွေချည်း လုပ်ပြနေခဲ့၏။ ကြာတော့ အံ့အားသင့်စရာလို့ပင် မထင်တော့ပေ။ Ronald လား၊ လုပ်နိုင်လိမ့်မယ်ဟု မှတ်ချက်ပေးရပေလိမ့်မည်။
၆ ရက်နေ့က သူငယ်ချင်း ပြန်လွတ်လာသည့် ဝမ်းသာစရာ သတင်း၊ ၈ ရက် ၉ ရက်နေ့တွေမှာ မိမိ ကြိုက်နှစ်သက် အားပေးရသည့် အသင်းတွေ ချန်ပီယံဆု ကိုယ်စီ ရယူနိုင်ခြင်း အစရှိသည့် ပျော်စရာ ကိစ္စ ရပ်တွေက ဘဝအမောကို တဒင်္ဂတော့ ပြေစေခဲ့ပါ၏။
(photos from UEFA & Mythic Seal pages)
Leave ပျော်ရွှင် ကြည်နူးမိပါ၏ to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.