Mi Max (Final Chapter)
Tutorial video က ဒီတခါ မြန်မာ လိုပါရှိ၏။ TTA Channel ထောင်ထားသည့် အကို၏ Video ဖြစ်၏။ ph, computer ပိုင်းဆိုင်ရာနဲ့ ပတ်သက်သည့် solutions တွေ error fix တွေလည်း အများကြီး တင်ထားပေး၏။ လိုအပ်အပ်သည့် App လေးကို playstore ကနေ download ရယူပြီး စမ်းတော့၏။
https://play.google.com/store/apps/details?id=eu.sisik.hackendebug
ဘာမှ မခက်ပေ။ pc မှာ ရိုက်ရသည့် commands တွေကို ph မှာ ပြောင်းရိုက်ရသည့် သဘောပင်ဖြစ်၏။ pc မှာ ဘာ မသိ ညာ မသိတွေ ဖြစ်နေမှုက ခု ph နဲ့ လုပ်တော့ ရသွားခဲ့၏။ twrp recovery သွင်းပြီး နောက် custom rom (lineage os) သွင်း၏။ အဆင်ပြေ၏။ မပြေတာက Google apps ဖြစ်၏။ custom rom တွေမှာ ၂ မျိုး တွေ့ရတတ်၏။ Google apps ပါသည့် version နဲ့ မပါသည့် version ဆိုပြီးတော့ပေါ့။ တချို့ custom rom တွေက ၂ မျိုးလုံး ရှိပေမယ့် တချို့ကကြ google မပါသည့် version သာ ရှိ၏။ ပြီးမှ google apps တွေ ထပ်သွင်း ရ၏။
ခု mi max အတွက်က google မပါသည့် version သာ ရှိ၏။ Installation Tutorial မှာ Google apps အတွက် recommended ပေးထားတာရှိ၏။ ထို zip file ကို rom flash ပြီးနောက် ထပ် flash လိုက်ရုံပင်။ သူပြောထားသည့် အတိုင်း လုပ်ပေမယ့် မရပေ။ reboot ပေးပြီးနောက် custom rom တော့ တက်သွား၏။ Google app တွေတော့ မပါ၊ မရသေးပေ။ boot တက်လာပြီးနေပြီမို့ တခြား Google app version တွေ စမ်းကြည့် ရမည်။
တခုပြီး တခု စမ်းကြည့်၏။ မရပေ။ Magisk ကနေ flash တာကော၊ Recovery ကနေ flash တာတွေကော လုပ်ကြည့်၏။ မရပေ။ လုပ်ရင်း လုပ်ရင်းက တခုနဲ့ ရသွား၏။ သို့ပေမယ့် bugs ပါလာ၏။ Playstore မှာ apps တွေ download လုပ်မရခြင်း ဖြစ်၏။ Installing လို့ ပြပေမယ့် download လုံးဝ လုပ်မနေပေ။ တခုခုတော့ ငြိနေပြီ ထင်။ မထူးတော့ပါဘူး ဆိုပြီး firmware ကို အစအဆုံး တခါ ပြန် သွင်း၏။ အစောက ကိုက်သည့် google app zip file နဲ့ပေါ့။
နောက်တကြိမ် ထပ် flash အပြီးမှာတော့ အားလုံး အဆင်ပြေ သွားခဲ့၏။ Magisk မှာ တခါထဲ သွင်းလိုက်၏။ ထို့နောက် အသုံးဝင်သည့် Magisk modules တွေပါ တပါတည်း ထည့်သွင်း လိုက်၏။ အားလုံးအဆင်ပြေ သွားခဲ့ပြီ။ ခုတော့ ကျနော့်ကို ရက်ပိုင်း လောက် ဒုက္ခ ပေးခဲ့သည့် အရာကို အကောင်းဆုံး ဖြေရှင်း နိုင်ခဲ့ပြီ ဖြစ်၏။ သုံးကြည့်နေရင်းက ဘာတွေ ဖြစ်၊ ဘာတွေ လုပ်ဖို့ လိုမည်ကို တချက် စောင့်ကြည့်ရပေလိမ့်ဦးမည်။
Leave Mi Max (Final Chapter) to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.