Mi Max (Chapter 1)
တနေ့က တူမလေး ph က ဘာ ဖြစ်သွား သည် မသိ။ screen အမဲသာ ပေါ်၏။ နှိပ် မရ၊ ပြု မရနဲ့။ ဘာမှ လုပ် မရပေ။ touch လည်း နှိပ်မရပေ။ သို့ပေမယ့် power အဖွင့် အပိတ်တော့ လုပ်လို့ ရ၏။ ဒီတခုကလွဲလို့ ဘာမှ လုပ်မရပေ။ ခက်ပြီ။ ကိုယ့်ကို ph ကိုယ်သာ အဖြေရှာရ၊ ပြုပြင်ရ လွယ်ပေမယ့် သူတို့ ph ကြတော့ ခက်ပြီ။ လုံးဝကြီး ခက်တာတော့ မဟုတ်ပေ။ နည်းနည်းလေးတော့ ခေါင်းစားပေမည်။
ကျနော့် ph က ကြတော့ recovery တွေ ဘာတွေကော သွင်းထားပြီး အကုန် ကိုယ့်ခြေ ကိုယ့်လက် ဖြစ်နေပြီးသား မလို့ တခုခုဆို ဘာဖြစ် သွားတယ်၊ ဘာလုပ်ဖို့ လိုတယ်ကို သိ၏။ တူမလေး ph ကကြ သူတို့ပဲ အများဆုံး ကိုင်သည့် ph ဖြစ်နေတော့ ကျနော် သိပ် မသိနေပေ။ ဘာကနေ ဘယ်လို ဖြစ်သွား တာက မသိနေတာ ပိုဆိုး၏။ တူမလေး ph ဆိုပေမယ့်လည်း သူ့ အမေ (ကျနော့် အမ) ၏ ph ကို ယူသုံးခြင်း ဖြစ်၏။ ph အဟောင်းပေါ့။ 2016 လောက်တုန်းက ထွက်ထားသည့် Mi Max ph ဖြစ်၏။ တော်တော်တော့ ကြာနေပြီ ဖြစ်၏။
ကြာပြီဆိုတော့ တခါတလေ လေးတာမျိုး၊ သုံးရ အဆင် မပြေတာမျိုးတွေ ရှိ၏။ တခါတလေ သုံးလို့ အဆင် မပြေရင် reboot လုပ်ပေးလိုက်ပြီး သုံးရတာမျိုးလည်း ရှိ၏။ ဒါကလည်း အခြေခံ အကျဆုံးနဲ့ အလွယ်ဆုံး solution တခုပဲ မလား။ ခုတကြိမ်ကကြ reboot လုပ်လည်း မရနေပေ။ power ပိတ်ဖွင့်သာ လုပ်လို့ရပြီး ဖွင့်တုန်း ခဏပဲ screen boot တက်၊ လင်းပြီးနောက် ပြန်မှိန်၊ ပြန်မဲ သွား၏။ ခက်ချေပြီ။
ဒီအတိုင်းဆို factory reset ချမှ ရမယ် ထင်၏။ power + vol up တွဲနှိပ်ပြီး original recovery ကနေ factory reset ချလို့ရ၏။ data တော့ ပျက်ပေလိမ့်မည်။ မရတဲ့ အဆုံးတော့ factory reset သာ ချဖို့ပဲ ရှိတော့၏။ ဒီအတိုင်းကလည်း ဘယ်လိုမှ လုပ်မရနေဘဲကိုး။ မထူးဘူးဆိုပြီး factory reset သာ ချပစ် လိုက်၏။
factory reset ချ လိုက်တော့ အဆင်ပြေ သွား၏။ အေးလေ data တွေလည်း ပျက်ကုန်ပြီပဲကိုး။ ဒါပေမယ့် ph setup လုပ်ချိန်မှာ တခုခံနေပြန်၏။ Gmail account ဖြစ်၏။ factory reset လုပ်ထားသဖြင့် ယခင် ph မှာ ရှိနေသည့် Gmail account နဲ့ ပြန်ဝင်ခိုင်းခြင်း ဖြစ်၏။ Gmail က ကျနော့် အမ၏ Gmail ဖြစ်၏။ Account ကတော့ ကျနော် ဖွင့်ပေးထားတာ ဖြစ်၏။ password လေးများ မှတ်ထား မိမလားဆိုပြီး ကျနော့် ph က note ထဲ ဝင်ကြည့်တော့ password တခု တွေ့၏။ စမ်းကြည့်တော့ ရသွားခဲ့၏။ Data တွေတော့ မရှိတော့ပေ။ Apps တွေ ပြန်သွင်းရမည်။ ဒါပေမယ့် ကျနော် စဥ်းစား နေတာ တခု ရှိ၏။ Data တွေ ပျက်လက်စနဲ့ မထူးဘူး တလက်စထဲ custom rom တင်လိုက်ရင် ကောင်းမလားပေါ့။
ဆက်ရန်
Leave Mi Max (Chapter 1) to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.