Don Jaun avatar

ချင်ခြင်း

donjaun

Published: 29 May 2024 › Updated: 29 May 2024ချင်ခြင်း

ချင်ခြင်း

လူရယ်လို့ ဖြစ်လာရင် ချင်ခြင်းဖြစ်တာမျိုး ရှိပေလိမ့်မည်။ ကိုယ်ဝန်ဆောင်သည်တွေမှရယ် မဟုတ် အခြားသူများ အနေဖြင့်လည်း ချင်ခြင်း ဆိုတာမျိုး ရှိ၏။ အများအားဖြင့်တော့ အစားအသောက်မှာ အနှီချင်ခြင်းက ပိုဖြစ်ကြမည် ထင်၏။ ကျနော့် ချင်ခြင်းက အစားအသောက်မှာထက်စာရင် Custom ROM တွေမှာ ဖြစ်၏။ ROM တခုထဲကို အချိန်တခုထိ စွဲစွဲမြဲမြဲ သုံးပေမယ့် feature အသစ်တွေ customization အသစ်တွေပါသည့် ROM မျိုးဆိုရင်တော့ ပြောင်းပြီး သုံးဖြစ်၏။

Update တိုင်းက မကောင်းသလို Custom ROM တိုင်းကလည်း မကောင်းပေ။ အမှန်တော့ မကောင်းဆိုတာထက် မကြိုက်ခြင်း ဖြစ်၏။ လက်ရှိသုံးနေသည့် Rising OS လေးကိုတော့ အတော်လေး ကြိုက်နှစ်သက်မိ၏။ ဒါပေမယ့် update ထပ် မထွက်လာသေးပေ။ ကျနော့် phone အမျိုးအစားအတွက် ထို ROM ရေးသည့် Developer က update version ထပ် မရေးသေး၊ မရေးဖြစ်သေးတာ ဖြစ်မယ်။ လုံးဝ မရေးတော့တာမျိုးလည်း ဖြစ်မည်။

သူ Official maintainer အဖြစ် လုပ်ပေးနေသည့် Evolution X OS အတွက် ပိုအချိန် ပေးနေရလို့လည်း ဖြစ်မည် ထင်၏။ နို့ပေမယ့်လည်း အခါအခွင့်သင့်သလို တခြား unofficial custom ROM တွေ ရေးပြီး တင်ပေးနေတတ်သေးတော့ Rising OS ကိုများ တမင် ပစ်ထား နေသလားပေါ့။ လက်ရှိ ကျနော်သုံးနေတာက Rising OS 1.4 (Android 13) ဖြစ်၏။ Official support အနေဖြင့် Rising OS 3 (Android 14) အထိ ထွက်ထားပြီ ဖြစ်၏။

Developer တွေ ရှိနေလို့လည်း ထွက်ထားတာ နှစ်ချီနေသည့် phone လေး Android version update တွေ ရနေခြင်း ဖြစ်၏။ official & unofficial ခွဲနေစရာ မလိုပေ။ ကိုယ်ကြိုက် ကိုယ်သုံးလို့ အဆင်ပြေဖို့သာ လိုသည် မဟုတ်လား။ ကျနော် သိသလောက်တော့ Mi9 lite အတွက် official support ပေးသည့် custom ROM က နှစ်ခုပဲ တွေ့မိ၏။ Lienage and Evolution X တို့ဖြစ်၏။ Unofficial တွေကတော့ developer ပေါ် မူတည်ပြီး အနည်းအများ ရှိ၏။

Rising OS မှာပဲ ကြာနေခဲ့တော့ တခြား custom ROM ပြောင်းသုံးကြည့်ချင်သည့် ချင်ခြင်း ဖြစ်ပေ့်လာပြန်၏။ ဒါက ကျနော် မကြာခဏ ဖြစ်နေကြ အရာ ဖြစ်၏။ ROM download ဆွဲထားပြီး တင်မယ်ကြံလိုက် မတင်ဖြစ်လိုက်၊ အဲ့ကြားထဲ ROM အသစ် ထပ်ထွက်လာလိုက်နဲ့ လုံးခြာလည်နေခဲ့တော့၏။ ခုလည်း ROM တွေ လိုက်ရှာ လိုက်ကြည့်နေမိ ပြန်၏။ download လည်း လုပ်ထား၏။ တင်ဖြစ် မတင် ဖြစ်တော့ မသိသေးပေ။

Firmware တင်ရတာက အလုပ်မရှုပ်ပေ။ Data ပြန်သွင်း ရတာက အချိန်ပေးရ၏။ အဲ့ ဒါကြီးကို စိတ်မရှည်တာ။ ထို့ကြောင့် Firmware ခဏခဏ မတင်ချင်တာ။ ကိုယ် လုံးဝ ကြိုက်ပြီ သေချာပြီ ဆိုမှပဲ တင် ဖြစ်၏။ တချို့ ROM တွေက YouTube မှာ video သွားကြည့်လို့ ရပေမယ့် တချို့ ROM တွေ အတွက်က သွားကြည့် သွားလေ့လာစရာ video မရှိပေ။ ကိုယ်တိုင် တင်ကြည့်ပြီး ကြိုက်မကြိုက် ကိုယ့်ကိုသာ စမ်းရ၏။ ထိုသို့ လုပ်ကြည့်ပြီး အဆင်မပြေ၊ မကြိုက်ပါက ROM အဟောင်းကိုပဲ ပြန်တင်ရတာမျိုးတွေလည်း ရှိခဲ့၏။ မထူးဘူးလို့ တွေးလို့ ရပေမယ့် ပိုသိ ပိုမြင် ပိုနားလည်သွားတာကတော့ အမြတ်ပင် မဟုတ်လား။

(photos from Pyxis Telegram Channel)

Leave ချင်ခြင်း to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun