Don Jaun avatar

Home Stay (Chapter 60)

donjaun

Published: 04 Jun 2020 › Updated: 04 Jun 2020Home Stay (Chapter 60)

Home Stay (Chapter 60)

IMG_4862-01.jpeg

Update တွေ အားလုံးပြီးမှပဲ အဆင်ပြေသွားတော့၏။ Laptop လည်း အရင်ထက် နည်းနည်း ပိုသွက်သွားသလို ထင်မိ၏။ Bluetooth လည်းရပြီ၊ window ကလည်း update ဖြစ်သွားပြီ ဖြစ်၏။ laptop က အဆင်ပြေသွားပေမယ့် phone တော့ ခုထိ မရသေးပေ။ ၂၈ ရက်နေ့ update ကနေ ခုထိ နောက်ထပ် update မပေးသေးပေ။ weekly ဆိုရင် ဒီနေ့လောက်တော့ ရသင့်နေပြီ မဟုတ်လား။ ဒီနေ့၊ သို့မဟုတ် နက်ဖြန်မှ မရလျှင်တော့ မဟုတ်သေးပေ။ ဒီအတိုင်း ဆိုလျှင်တော့ factory reset သို့မဟုတ် firmware ပြန်ရေးတာ ဖြစ်ဖြစ် လုပ်မှ ရမည်။

Firmware ပြန်ရေးရတာက သိပ်ကိစ္စ မရှိပေ။ data တွေ ပြောင်းရ ရွှေ့ရတာကို မလုပ်လိုခြင်း ဖြစ်၏။ အချိန်လည်း ကုန်သလို၊ စိတ်လည်း ရှုပ်ရ၏။ ယခင် သွင်းထားသည့် app တွေ အကုန်လုံးကို ပြန်သွင်းလို့ ရပေမယ့် အသားကျအောင်တော့ အချိန်ပေးရဦးပေမည်။ ထု့ိကြောင့်ပင် ယခင်လောက် phone ကို သိပ်မကလိ ဖြစ်တော့ခြင်း ဖြစ်၏။ ယခု ကျနော့် phone cc9 အတွက် custom firmware တွေက တော်တော်များများ၏။ အမျိုးလည်း စုံ၏။ ယခင် စိတ်နှင့်ဆို တခုပြီး တခု၊ တမျိုးပြီး တမျိုး စမ်းဖြစ်မည် ထင်၏။ လက်ရှိသုံးနေသည့် crdroid rom ထက် ပိုပြီး ကောင်းသည့် rom မတွေ့သေးတာလည်း ပါ၏။

windows-10-bluetooth-audio-devices-5.png

ယခု crdroid rom က တော်တော်လေးကို သုံးလို့ကောင်း၏။ သွက်လည်း သွက်၏။ သုံးခဲ့သည့် ကာလတလျှောက် ဘာ error မှ မရှိခဲ့ပေ။ (၂၈ ရက်နေ့ update က လွဲလို့ပေါ့) ခုထိ camera, video မရသေးပေ။ ပုံတွေလည်း ရိုက်လို့ မရ။ messenger ကနေ သူများ video call ခေါ်လာလျှင်လည်း ကိုယ့်ပုံကို သူတို့ မမြင်ရနှင့် အတော်လေး ဆိုးလှ၏။ (၇) ရက်လုံးကြီး ပုံလေး တပုံတလေတောင် မရိုက်ရပေ။ စမ်းချင်သည့် app တခုရှိနေပေမယ့် camera က လုပ်မရသေးတော့ စမ်းလို့ မရသေးပေ။ update ကလည်း လိုချင်မှ တော်တော်နှင့် မလာ ဖြစ်နေ၏။

လာမည့် update မှာတော့ camera error အဆင်ပြေသွားမည် ထင်၏။ မပြေလျှင်တော့ firmware ပြန်ရေး ရပေလိမ့်မည်။ အလုပ် မရှုပ်ချင်၊ မပိုချင်လည်း ရှုပ်ရ၊ ပိုရ ပေတော့မည်။ camera, video က မသုံးဘဲ နေလို့မှ မရဘဲ။ cc9 က သူ့ဈေးတန်းထဲမှာ camera အတော်လေး ကောင်းသည့် phone ဟု ပြောလို့ ရ၏။ ဂိမ်းလည်း ဆော့လို့ကောင်းး၏။ သူူ့ soc 710 က အဆိပ်မသေးလှပေ။ ဂိမ်းဆော့လိုက်၊ app တခုနှင့် တခု ဝင်လိုက်ထွက်လိုက်၊ အကူးအပြောင်းမှာ အတော်လေး သိသာ၏။ error မြန်မြန် ပျောက်ချင်ပြီ။ camera ပြန်ရလျှင် app ကို စမ်းမည်။ ထို့ကြောင့် Update မြန်မြန်ရဖို့ မျှော်လင့်နေမိ၏။

Don Jaun

Leave Home Stay (Chapter 60) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun