Don Jaun avatar

Home Stay (Chapter 57)

donjaun

Published: 01 Jun 2020 › Updated: 01 Jun 2020Home Stay (Chapter 57)

Home Stay (Chapter 57)

85ptci.jpg

ဒီရက်ပိုင်း အေးအေးဆေးဆေး နေနေရလို့ ထင်၏။ နည်းနည်း လှုပ်လှုပ် ဖြစ်ဖို့ ကိစ္စ ရှိလာခဲ့၏။ သိသည့်အတိုင်း ကျနော့် phone ပဲပေါ့။ ကျနော် official rom မသုံးဘဲ custom rom တင်သုံးတာကို သိပြီးသား ဖြစ်ကြမည် ထင်၏။ တရက်သား rom update က ဘာဖြစ်သည် မသိပေ။ camera, video ရိုက်လို့ မရပေ။ ဒါကို အစက မသိသေး။ အမက သူ့သမီးနှင့် video call ပြောဖို့ ခေါ်လာမှပဲ မရမှန်း သိရခြင်း ဖြစ်၏။ အစက အမ phone က ဖြစ်နေသည်ဟု ထင်ခဲ့၏။ သူ့ပုံ ကျနော် မြင်ရပြီး ကျနော့် ပုံ သူ မမြင်ရသောကြောင့် ဖြစ်၏။ ရုပ် မမြင်ရပေမယ့် အသံတော့ ကြားရ၏။

သူနှင့် ပြောပြီး camera တွေကို စမ်းရိုက်ကြည့်မှ မရမှန်း သိတော့၏။ ကျနော့် phone က ဖြစ်ခြင်း ဖြစ်၏။ သို့နှင့် ကျနော့်လိုပဲ custom rom တင်ထားသည့် online က သူငယ်ချင်းကို လှမ်းပြီး မေးကြည့်၏။ သူ့နားမှာတော့ မဖြစ်ဟု ပြော၏။ ခက်ပြီ။ solution တွေ တက်သလောက် မှတ်သလောက် ရှာပြီး လုပ်ကြည့်၏။ မရပေ။ factory reset တွေ ဘာတွေ ချလိုက်လျှင်တော့ ပြန်ရကောင်း ရနိုင်၏။ သို့ပေမယ့် app တွေ data တွေ ပြန်သွင်းနေရမည့် အလုပ်ကြီးကို ပြန်မလုပ်ချင်ပေ။ ထို အလုပ်ကြီးက အချိန်ပေးရ၏။ စိတ်ရှုပ် စရာ ကောင်း၏။

vgpl9x.jpg

နောက် Update မှာဆိုလျှင်တော့ ကောင်းသွားမည် ထင်၏။ နောက်ထပ် update မျှော်မှပဲ ယခင်က မကြာမကြာ (ရက်ခြားလောက်နေ တခါပေးသည့်) ပေးသည့် Update က တော်တော်နှင့် မလာ၊ မပေးပေ။ (28) ရက်နေ့ update ပြီးနောက် ခုထိတော့ ထပ်မလာသေးပေ။ ယခင်တုန်းက build type မပါပေ။ ခု သူ ပြောထားသည့် အတိုင်းဆို build type က weekly ဆိုလျှင် တပတ် (၇) ရက် စောင့်ရမည် ထင်။ အင်းလေ factory reset တွေ ဘာတွေ မလုပ်ချင်ရင်တော့ စောင့်ရုံပေါ့။

ကျနော်က စောင့်လို့ ရ၏။ ဒီရက်ပိုင်း ပုံတွေ မရိုက်ဘဲ နေလျှင်လည်း ရ၏။ တူလေး၊ တူမလေးတွေပဲ မရမှာ။ သူတို့က သူတို့ အမေတွေနှင့် နေ့တိုင်း video call ပြောကြသည်ကိုး။ ခုက ရုပ်တဝက်မြင် အသံကြား အခြေအနေမလား။ သူတို့ အဆင်ပြေစေဖို့ laptop ကနေ ခေါ်ပေးဖို့ စဉ်းစားကြည့်မိ၏။ laptop မှာ messenger app (window app) က down ထားပြီးသား။ သို့နှင့် laptop ကနေ စမ်းပြီး ခေါ်ကြည့်တော့ ရ၏။ အဆင်ပြေ၏။ သို့ပေမယ့် သိပ်မပြေတာ တခုက အသံ။ ကျနော့် နားမှာက ရိုးရိုး နားကြပ်းပဲ ရှိ၏။ သီချင်း နားထောင်လို့သာ ရပြီး စကားပြောလို့ မရပေ။ စကားပါ ပြောလို့ ရသည့် နားကြပ်က အမကို ပေးထားသည်ကိုး။

ဆက်ရန်

Don Jaun

Leave Home Stay (Chapter 57) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun