Home Stay (Chapter 55)
အိမ်သစ်ကို ပြောင်းလာတော့ အဆိုပါ ကိစ္စရပ်တွေ မရှိတော့ မဖြစ်တော့ဟု ထင်မိ၏။ တတ်တတ်စင်အောင် လွဲတော့၏။ ကြွက်တော့ မရှိပေမယ့် ခြင်နှင့် ခွေးက စောင့်ကြိုနေ၏။ ခြင်တွေကိုတော့ ပိုဆိုး၏။ ဒါကတော့ မြန်မာနိုင်ငံမှာ မထူးဆန်းသည့် ကိစ္စပင်။ အဆိုပါ ခြင်နှင့် ပတ်သက်သည့် ကိစ္စရပ်က ခုချိန်ထိ မဖြေရှင်းနိုင်သေးပေ။ အိမ်ဟောင်းမှာတုန်းက ဘေးမှာ ခြုံတွေ များလို့ ဘာလို့ ခြင်ပေါတာကို လက်ခံပါ၏။ ယခု အိမ်သစ်မှာတော့ ဘေးမှာ ဘာခြုံမှလည်း မရှိပေ။ ခြုံမရှိ သလို ရေဝပ်တတ်သည့် နေရာလည်း မရှိပေ။ သို့ဆိုလျှင် အနှီခြင်တွေက ဘယ်ကနေ ရောက်လာသနည်း။ ကျနော်လည်း မပြောတတ်တော့ပေ။
နေ့လည်းကိုက်၊ ညလည်း ကိုက်ကြ၏။ တခါတလေ ဒီခြင်တွေ အိပ်ကော အိပ်ရဲ့လားဟု ကြံကြံပေါက်ပေါက် တွေးမိသေး၏။ ခြင်ဆေးခွေ၊ ခြင်ပြေးဆေးတွေ ထွန်းထား၊ ဖြန်းထားမှသာ တော်ကာ ကြာ၏။ ခြင်ဒုက္ခပြီးတော့ ခွေး။ ဒီဘက်အိမ်သစ်မှာ အမှန်တော့ ခွေး မရှိပေ။ ကျနော်တို့အိမ်က ဘာကောင်မှ မမွေးပေ။ ဘေးအိမ်က ခွေးတွေ ဖြစ်၏။ ခွေးတွေ ဆိုပေမယ့် (၂) ကောက်ထဲပါ။ အိမ်သစ်ကို ဆောက်ထားပြီး တော်တော်နှင့် မပြောင်းလာ ဖြစ်ပေ။ အမတွေ အပြောင်းအရွှေ့ရှိလာလျှင် ဆိုသည့် အတွေးနှင့် ကြိုပြီး ဆောက်ထားခြင်း ဖြစ်၏။ နေဖြစ်အောင်ပေါ့။
ကံကောင်းချင်တော့ အမေတွေ ရာထူးတိုးနှင့် နယ်ပြောင်းရတော့ နေစရာကလည်း ကွက်တိ ဖြစ်နေလို့ တော်သေး၏။ ကျနော်တို့ လာမနေဖြစ်သေးသည့် ကာလ တလျှောက်လုံး အဆိုပါ ခွေးတွေက ကျနော်တို့ အိမ်မှာ လာလာပြီး အိပ်ကြခြင်းဖြစ်၏။ လှေကားခြေရင်း၊ ဝရံတာ သေးသေးလေးမှာ၊ ပြီး အိမ်အောက် မြေအလွတ်တွေမှာ သူတို့ အိပ်ကြ၏။ ကျနော်တို့ ပြောင်းလာပြီးတော့လည်း လာလာပြီး အိပ်ကြသေး၏။ ကျနော်တု့ိမှာ မောင်းမောင်းထုတ်နေရ၏။
သူတို့ကလည်း တွေးမည်ပေါ့ မင်းတို့ လာမနေခင်ကတည်းက ငါတို့က ဒီမှာ အိပ်နေကြကွ ဆိုပြီးတော့ပေါ့။ မောင်းထုတ်လိုက်၊ လာပြန်အိပ်လိုက်။ ထပ်မောင်းလိုက်၊ ထပ်လာပြန် အိပ်လိုက်နှင့် လုံးခြာလည် လိုက်နေတော့၏။ အစောပိုင်းတုန်းက မောင်းထုတ်လျှင် နည်းနည်း ပေကပ်ကပ်နှင့် မာန်ဖီချင်သေး၏။ နောက်ပိုင်းကျတော့ သူတို့လည်း နားလည် သွားသည် ထင်၏။ ဒါတောင် တခါတလေ တချို့ရက်တွေ လာလာ အိပ်တတ်သေး၏။ ဥပမာ အားဖြင့် မိုးရွာသည့် ရက်တွေမျိုးမှာပေါ့။
သူတို့ အိမ်ရှိပေမယ့် ဘာလို့ ကျနော့်တို့ အိမ်မှာပဲ လာလာအိပ်နေမှန်းကို မသိပေ။ အင်းလေ သူတို့ အတွေးကို ကျနော်လည်း ဘယ်သိနိုင်မလဲ။ မည်သို့ပင် ဆိုစေ အကျိုးပေးသည့် နောက်တခု ဖြစ်သည့် ကြွက်ကိစ္စ မဖြစ်လာအောင်တော့ တားဆီးထားနိုင်ဖို့ လို၏။ အိမ်ဟောင်းမှာတော့ တော်တော်လေး ခံခဲ့ရသည် မဟုတ်လား။ ယခု အိမ်သစ်မှာတော့ ထိုကိစ္စရပ်မျိုး မရှိအောင် သန့်သန့်ရှင်းရှင်းနှင့် စည်းစနစ် တကျ နေထိုင်ရပေမည်။
Don Jaun
Leave Home Stay (Chapter 55) to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.