Don Jaun avatar

Home Stay (Chapter 47)

donjaun

Published: 21 May 2020 › Updated: 21 May 2020Home Stay (Chapter 47)

Home Stay (Chapter 47)

85ptci.jpg

အချိန်တွေက တဖြည်းဖြည်း ကုန်လွန်လို့ လာခဲ့ပြီ ဖြစ်၏။ ဘာလိုလိုနှင့် home stay ဆိုပြီး ခေါင်းစဉ် တပ်ရေးလာခဲ့တာ အပိုင်း၊ နေ့ရက်ပင် (၄၀) ကျော်လို့ လာခဲ့ပြီ ဖြစ်၏။ ဘာလိုလိုနှင့် အိမ်တွင်းအောင်းနေခဲ့တာ (၂) လလောက်ပင် ရှိတော့မည်။ ဆံပင်လည်း မညှပ်ဖြစ်၊ မုတ်ဆိတ်တွေလည်း မရိတ်ဖြစ်ပေ။ မှတ်မှတ်ရရ (၂) လ တာအတွင်းမှာ တခါလားပဲ မုတ်ဆိတ်ရိတ်ရသေး၏။ ဆံပင်တွေလည်း ရှည်လို့ ကောက်ကွေး၊ မုတ်ဆိတ်တွေလည်း ရှည်လာခဲ့ပြီ ဖြစ်၏။ (၂) လတာ ကာလအတွင်းမှာ ဘာတွေ လုပ်ဖြစ်သနည်းဟု မေးက ကျနော့်မှာ ဖြေရခက်ပြီ။

ဘာမှ မလုပ်ဖြစ်ဘူးဟုသာ ရိုးရိုးသားသား ပြန်ဖြေရပေလိမ့်မည်။ တကယ်လည်း ဘာမှ မလုပ် ဖြစ်ပေ။ အိပ်လိုက် စားလိုက်၊ TV ကြည့်လိုက်၊ ကလေးထိန်းလိုက်နှင့်သာ အချိန်ကုန်၏။ အများသူငါလို လေ့လာ သင်ယူမှုတွေ မလုပ်နိုင်ပေ။ မအားခြင်းထက် ကိုယ်တိုင်က ပျင်းနေခြင်း ဖြစ်၏။ တကယ်တမ်း အချိန်ဖဲ့ပြီး၊ အချိန်ပေးပြီး လုပ်လို့ ရပေမယ့် ကိုယ်တိုင်က မလုပ်ဖြစ်ခြင်းပင်။ အားချိန်အများစု ဂိမ်းဆော့ခြင်းနှင့်သာ ကုန်ဆုံးသွားတော့၏။ ကိုယ့်ကို သေချာ ပြန်ဆန်းစစ်ကြည့်တော့ ကျနော် စိတ်လေနေခြင်း ဖြစ်မည် ထင်၏။

d3kicg.jpg

စိတ်ကျတဲ့ အဆင့်တော့ မဟုတ်ပေ။ ဒါကိုတော့ သေချာ သိ၏။ လေနေသည့် အဆင့်လောက်သာ။ ဟိုဟာ လိုလို ဒီဟာ လိုလို၊ တကယ်တမ်းကျ ဟိုဟာလည်း မလုပ်ချင်၊ ဒီဟာလည်း မလုပ်ချင်နှင့် ယောင်လည်လည် ဖြစ်နေ၏။ အင်းလေ ကလေး ထိန်းရင်း အိမ်မှာပဲ (၂) လလောက် နေနေမှတော့ ဘယ် မဖြစ်နေမလဲ။ ယခင်က စာသင်၊ အပြင်သွားနှင့် အိမ်မကပ်ခဲ့သူ တယောက် အိမ်မှာပဲ တောက်လျှောက် နေနေရတော့ အနည်းနှင့်အများတော့ ဖြစ်မှာ အသေအချာပင်။

ခုက အလုပ်လည်း မလုပ်ရ၊ မရှိသေးတော့ ပိုဆိုး၏။ ကျောင်းတွေက မဖွင့်နိုင်သေးတော့ အတန်းတွေကလည်း မစသေးဘူးမလား။ covid ဂယက်က အတော်လေး ဆိုးလှ၏။ ဒီနေ့ပဲ သတင်းတခု တက်လာ၏။ တောင်ကိုရီးယားမှာ ကျောင်းတွေ ပြန်ဖွင့်ပြီးပြီးချင်း covid လူနာ (၂) ယောက် တွေ့လို့ ဆိုပြီး ကျောင်းတွေ ပြန်ပိတ်လိုက်ရပြန်၏။ အင်း ဒီအတိုင်းဆို ခက်ချေမည်။ မြန်မာနိုင်ငံမှာလည်း ပိုးတွေ့ လူနာ အရေအတွက်က ပိုပြီး များလာခဲ့ပြန်ပြီ ဖြစ်၏။ ရှေ့ရက်တွေက မတွေ့ခဲ့ပေမယ့် ခုရက်ပိုင်း ခပ်စိတ်စိတ်လေး ပြန်တွေ့လာနေပြန်၏။

ပြည်တော်ပြန်တွေ မျက်နှာပန်း မလှသည့် နှစ် ဖြစ်၏။ ပန်းကုံးမရ၊ အပြစ်တင်သာ ခံရသည့် နှစ် ဖြစ်တော့၏။ မည်သို့ပင် ဆိုစေ တချိန်ချိန်မှာတော့ ဒီ ရောဂါကြီး ပျောက်ကွယ်သွားမည်ဟု ယုံကြည် မျှော်လင့်နေမိ၏။ ကျနော်တို့ ပြန်လည် ဦးမော့လာနိုင်မှာပါလေ။

Don Jaun

Leave Home Stay (Chapter 47) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun