Don Jaun avatar

Home Stay (Chapter 45)

donjaun

Published: 19 May 2020 › Updated: 19 May 2020Home Stay (Chapter 45)

Home Stay (Chapter 45)

85ptci.jpg

မနေ့က ပူတယ် ပြောလိုက်လို့လား မသိ ဒီနေ့တော့ မိုးရွာ၏။ သို့ပေမယ့် အပူကတော့ မလျော့သွားပေ။ ကိုရွှေမိုးက တအောင့်လောက်ပဲ ရွာတာကိုး။ အစပိုင်းကတော့ မိုးတိမ်မဲတွေမှာ ကောင်းကင် တခွင်လုံး အုံ့မှိုင်းလို့။ မသိလျှင် တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် ရွာတော့မည့် ပုံ။ တကယ့်တကယ်ကျ ထိုသို့ မဟုတ်ပေ။ ခြောက်နေတဲ့ မြေကြီးတောင် မစိုသွားသည့် ပမာဏလောက်လေးသာ ရွာ၏။ ထို့နောက်တော့ ပူနေမြဲအတိုင်း ပူ၏။ ခုလို မိုးရွာ မလိုလို ဖြစ်ရတာလေးပင် ကျေးဇူးတင်ရမလိုလိုပင်။ အပူပိုင်း မုန်တိုင်းငယ်ကြောင့် ခုလိုမျိုး မိုးအုံ့ပြီး မိုးအနည်းငယ် ရွာခြင်း ဖြစ်၏။

သို့ပေမယ့် ကိုရွှေမုန်တိုင်းက အားမကောင်းရှာပေ။ မိုးတောင် ကောင်းကောင်းမွန်မွန် မရွာလိုက်ရပေ။ ခုလိုချိန်မှာ တိုက်ခတ်လေ့ရှိသည့် မုန်တိုင်းတွေက မိုးထက်၊ လေပြင်းတွေသာ ပိုစေ၏။ အချို့ဒေသတွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှုများ ရှိနေ၏။ မုတ်သုန်မိုး မလာခင် အပူပိုင်း မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုတွေက ပိုပြီးတော့ ဒုက္ခများစေ၏။ မိုးလေဝသ ပညာရှင် ဦးထွန်လွင် မရှိတော့သည့် နောက်ပိုင်း လူအများက မိုးလေဝသကို သိပ် စိတ်မဝင်စားတော့ပေ။ သိပ်လည်း ဂရုမစိုက်ချင်တော့ပေ။ ပြောပြ၊ သတိပေးမည့်သူ မရှိတော့သဖြင့် ကြိုသိ ကြိုကာကွယ်နိုင်မှုကလည်း အားနည်းလို့လာခဲ့၏။

10yy66.jpg

အခြား ပညာရှင်များ မရှိဟုတော့ မဆိုလိုပေ။ သို့ပေမယ့် ဆရာဦးထွန်းလွင်လိုမျိုး ပညာရှင် ဆန်ဆန် သုံးသပ် တင်ပြပေးမည့်သူမျိုး မရှိတာတော့ အသေအချာပင်။ အချို့သော ဆုံးရှုံးမှုတွေက အစားထိုးမရသည့် ဆုံးရှုံးမှုတွေ ဖြစ်၏။ ဆရာကြီးလို ရာသီဥတု၊ သဘာ၀ ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး တစိုက်မတ်မတ်လေ့လာ ဆည်းပူး ပြောကြားခဲ့သူမျိုးကို ခုချိန်ထိ မတွေ့ခဲ့သေးပေ။ ထပ်မံတွေ့ရှိဖို့လည်း မလွယ်လှပေ။ ခုလိုမျိုး မိုးရာသီ ကာလရောက်ခါနီးနှင့် မိုးရာသီမျိုးဆိုလျှင် ဆရာကြီးကို ပိုပြီး သတိရမိ၏။ မုတ်သုန် ကာလမျိုးမှာ မုန်တိုင်းတွေ လာတတ်သည် မဟုတ်လား။

ဆရာကြီး၏ သတိပေးထုတ်ပြန်ချက်များကြောင့် ကျနော်တို့ ကြိုတင် ပြင်ဆင်နိုင်သည် မဟုတ်လား။ မိုးဇလ၏ ထုတ်ပြန်ချက်၊ ဆရာကြီး၏ ထုတ်ပြန်ချက်များကို ဖတ်ရှုလိုက်နာပြီး ကြိုတင် ပြင်ဆင်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ကြ၏။ ခုတော့ မိုးဇလ၏ ထုတ်ပြန်ချက် တမျိုးထဲကိုသာ ဖတ်ရှုရတော့မည် ဖြစ်၏။ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ဆရာကြီးကို အောင့်မေ့တသ သတိရနေကြပါ၏။ ဆရာကြီးကို ကျေးဇူးတင်ပါ၏။

Don Jaun

Leave Home Stay (Chapter 45) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun