Don Jaun avatar

Home Stay (Chapter 42)

donjaun

Published: 16 May 2020 › Updated: 16 May 2020Home Stay (Chapter 42)

Home Stay (Chapter 42)

85ptci.jpg

မနေ့ (၁၅) ရက်နေ့က သူငယ်ချင်း တယောက် messenger ကနေ ပုံ တပုံ ပို့လာ၏။ ပုံကတော့ ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် အမိန့်စာ ဖြစ်၏။ cryptocurrency, digital money တို့နှင့် ပတ်သက်သည့် အမိန့် ကြော်ငြာစာ ဖြစ်၏။ စာကတော့ ကောင်းသည့် ဖက်က မဟုတ် မကောင်းသည့် ဖက်က ဟု ဆိုလို့ ရ၏။ online curreny တွေနှင့် ပတ်သက်ပြီး လုပ်ဆောင်နေကြသည့် ကျနော်တို့ အတွက် တကယ်ကို မကောင်းသည့် ကြော်ငြာချက် ဖြစ်၏။ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်က တကယ့်ကို သဘောမကျစရာပင်။ တော်တော်လေးလည်း စိတ်ပျက်သွားမိ၏။

ဘယ်ကနေ ဘာသတင်းတွေ ကြားထားပြီး ခုလိုမျိုး အမိန့်တွေ ထုတ်ပြန်သလဲဟုတောင် မေးချင်မိ၏။ Online currency တွေနှင့် ပတ်သက်ပြီး သေသေချာချာ ထဲထဲဝင်ဝင်ကော သိပါလေစ ဟု တွေးနေမိ၏။ ထိုသို့ ပြောသဖြင့် ကျနော်လည်း online currency နှင့် ပတ်သက်ပြီး အလုံးစုံ နားလည် သိရှိနေပါပြီဟု မဆိုလိုပါ။ သို့ပေမယ့် ထိုက်သင့်သလောက်တော့ ကျနော် နားလည်ပါ၏။ အကျိုး အပြစ်ကိုတော့ ဝေဖန် ပိုင်းခြား နိုင်ပြီ ဖြစ်၏။ တကယ်တမ်းက သေသေချာချာလေးသာ အစီအစဉ်ချပြီး လုပ်ဆောင်လျှင် online currency က အကျိုး ဖြစ်စေသည်က အမှန်ပင်။

အပို ဝင်ငွေ တခု အနေနှင့် တဖက်တလမ်းက အထောက်အကူူ ဖြစ်စေ၏။ အချို့သူတွေ အတွက် ဆိုလျှင် အဓိက ဝင်ငွေ တရပ်တောင် ဖြစ်လို့ နေပြီ ဖြစ်၏။ online ငွေကြေးက အလိမ်အလည် တခု မဟုတ်ပေ။ လူတွေကသာ ထို ကိစ္စရပ်ပေါ် အခြေခံပြီး လိမ်လည်မှုများ ပြုလုပ်ကြခြင်း ဖြစ်၏။ ထို့ကြောင့်ပင် online ငွေကြေးက ကြားထဲက နာမည် ပျက်သွားရခြင်း ဖြစ်၏။ ဗဟိုဘဏ် အနေနှင့် online currency (cryptocurrency ) ၊ digital money အစရှိသည့် စကားလုံးများကို သဲကွဲရဲ့လားဟု သံသယ ဝင်မိ၏။

နိုင်ငံ တကာမှာ (နိုင်ငံ အများစု) online crypto currency ကို လက်ခံ နေကြပေမယ့် မြန်မာနိုင်ငံမှာတော့ ခုချိန်ထိ အနှုတ် လက္ခဏာ ဆောင်နေဆဲပင်။ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေမှာတောင် btc ကနေ နိုင်ငံသုံး ငွေကြေး ပြောင်းလဲ ထုတ်ယူလို့ ရသည့် ATM စက်တွေတောင် ရှိနေ၊ ချပေးထားပြီး ဖြစ်၏။ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်္ကာပူ အစရှိသည့် နိုင်ငံတွေမှာ ထိုကဲ့သို့သော ATM စက်များကို လူစည်ကားရာ နေရာ၊ ဈေးဝယ် စင်တာများ အရှိသည့် နေရာများမှာ ထားရှိပေးထား၏။ ကျနော်တို့ ဆီမှာတော့ …

tampa1.jpg

Play store ကနေ အချို့ app တွေ ကျနော်တို့ နိုင်ငံ အနေနှင့် ခုထိ download ဆွဲ အသုံးပြုခွင့် မရသေးပေ။ အချို့ website, app တွေမှာ region, location မှာ Myanmar ခုထိ မပါသေး၊ ရွေးလို့ မရသေးပေ။ ထိုအခါတိုင်း အလွန်မှပင် ဝမ်းနည်းရ၏။ စိတ်ပျက်ရ၏။ ခုတော့ အပြင်က ပိတ်ဆို့မှုတွေကို ပွင့်အောင် လုပ်ဖို့ နေနေသာသာ၊ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေ ကိုယ်တိုင် ကြိုးစားရယူထားသည့် online ဆိုင်ရာ အသိပညာ အကျိုးအမြတ်များကို မည်ကဲ့သို့ တိုးတက်အောင် ပြန့်ပွားအောင် လုပ်ဆောင်ပေးမည် ဆိုပြီး မတွေးတော မစဉ်းစားကြဘဲ ရှိနေ ရနေသည့် အကျိုးအမြတ်လေးတွေကိုတောင် လိုက်လံ ပိတ်ပင်နေကြသေး၏။

ယခုလို ဗဟိုဘဏ်၏ ထုတ်ပြန် ကြေငြာမှုကို အလွန်မှပဲ စိတ်ပျက်မိတော့၏။ ခုလို ကာလမျိုးမှာ ပိုလို့တောင် မဖြစ်သင့်ပေ။ covid ကြောင့် အိမ်မှာတင် နေနေရသည့် အခါမျိုးမှာ online ကနေ ဝင်ငွေရှာနိုင်လျှင် နိုင်ငံသူ နိုင်ငံသားတွေ အတွက် အကျိုးရှိသည် မဟုတ်လော။ နိုင်ငံသားတွေ ဝင်ငွေ ရှိလျှင် နိုင်ငံအတွက်ကော မကောင်းဘူးလား။ သက်ဆိုင်ရာ တာဝန်ရှိသူများ ပွင့်လင်းမြင်သာမှု ရှိကြပါစေလို့သာ ဆုတောင်း နေမိတော့၏။

Don Jaun

Leave Home Stay (Chapter 42) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun