Don Jaun avatar

Group B & C

donjaun

Published: 23 Jan 2024 › Updated: 23 Jan 2024Group B & C

Group B & C

All Group stage matches of Group A is played. Qatar qualify to next stage with 9 points and Tajikistan ‌also qualify with 4 points. China got 2 points and standing at 3 rd place. They can hope to next stage but there's only a little chance. They need to wait other Group stage results.

Today final matches of Group B and C will play at 6 PM and 9:30 PM GMT+6:30. Let see which teams will qualify to knockout stage.

အာရှဖလား အုပ်စု A ၏ ပွဲစဉ် အားလုံး ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ အိမ်ရှင် ကာတာနှင့် တာဂျစ်ကစ်စတန်တို့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့၏။ ကာတာက ၉ မှတ်ဖြင့် အုပ်စု ပထမ၊ တာဂျစ်ကစ်စတန်က ၄ မှတ်ဖြင့် အုပ်စု ဒုတိယ ဖြစ်၏။ တရုတ်ကတော့ ၂ မှတ်သာ ရရှိထားသဖြင့် အကောင်းဆုံး တတိယ နေရာကို ရနိုင်ဖို့က အခွင့်အရေးနည်းလှ၏။ အုပ်စု ၆ ခုမှ တတိယနေရာ ရသည့် အသင်း ၆ သင်းထဲကမှ အကောင်းဆုံး တတိယရသည့် အသင်းဆိုပြီး ၄ သင်း ရွေးထုတ်မှာမို့ ၃ မှတ်လောက် ရထားရင်တော့ ပိုကောင်းတာပေါ့လေ။ တခြား အုပ်စုပွဲစဉ်တွေ ကစားပြီးမှပဲ တရုတ်တို့ နောက်တဆင့် တက်မတက်ကို သိရမည် ဖြစ်၏။

ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ အုပ်စု B ပွဲစဉ်များ၊ ည ၉ နာရီခွဲမှာတော့ အုပ်စု D ပွဲစဉ်များ ကစားသွားဖို့ ရှိ၏။ ဩစတေးလျနှင့် ဥဇဘတ်ကစ်စတန်၊ ဆီးရီးယားနှင့် အိန္ဒိယတို့ ကစားကြမည် ဖြစ်၏။

ပထမပွဲစဉ်မှာ နိုင်သည့် အသင်းက အုပ်စု ပထမနှင့် နောက်တဆင့် တက်မည် ဖြစ်၏။ သရေ ဆိုရင်တော့ နှစ်သင်းလုံး နောက်တဆင့် တက်မည်။ အကယ်လို့ ဥဇဘတ်ကစ်စတန်က ရှုံးခဲ့ရင်တောင် ဂိုးပြတ် မရှုံးရင် နောက်တဆင့် တက်သေး၏။ ဆီးရီးယားက အိန္ဒိယကို ဂိုးပြတ်နိုင်မှသာ ဥဇဘတ်တို့ အဆင့် ၃ နေရာ ရောက်မည် ဖြစ်၏။ ဆီးရီးယားက နိုင်မှကို ရပေလိမ့်မည်။ သို့မှသာ နောက်တဆင့် တက်မည် ဖြစ်၏။ နိုင်ခဲ့ရင် ၄ မှတ်ဆိုတော့ မတော်တဆ အဆင့် ၃ ဖြစ်နေရင်တောင် အကောင်းဆုံး တတိယအသင်း အနေဖြင့် နောက်တဆင့် တက်မည် ဖြစ်၏။ အိန္ဒိယက ထပြီး ဆီးရီးယားကို နိုင်သွားရင်တော့ နည်းနည်း ရှုပ်သွား ပေမည်။

အုပ်စု C ပွဲစဉ်များ အဖြစ် ဟောင်ကောင်နှင့် ပါလက်စတိုင်း၊ အီရန်နှင့် ယူအေအီးတို့ ကစားကြမည် ဖြစ်၏။ အုပ်စု C ၏ အမှတ်ရရှိမှု အဆင့် ရပ်တည်မှုက အုပ်စု B နှင့် ဆင်တူနေ၏။ ပထမပွဲစဉ်မှာ နိုင်တဲ့အသင်းက အုပ်စု ဗိုလ် ဖြစ်မည်။ သရေဆို နှစ်သင်းလုံး တက်မယ်။ ပါလက်စတိုင်း အနေနဲ့ အကောင်းဆုံး တတိယနေရာ ရဖို့ ဟောင်ကောင်ကို အနိုင်ကစားဖို့ လိုမယ်။ အကယ်လို့ ယူအေအီးက အီရန်ကို ရှုံးသွားပြီး ပါလက်စတိုင်းကသာ ဟောင်ကောင်ကို ဂိုးပြတ် နိုင်သွားရင် ပါလက်စတိုင်းက အုပ်စု ဒုတိယဖြစ်သွားနိုင်တယ်။ အဲ ဟောင်ကောင်က ထနိုင်သွားရင်တော့ အကောင်းဆုံး တတိယအသင်းက ပြောင်းလဲမှု ရှိသွားနိုင်၏။

ပွဲချိန်တွေလည်း အဆင်ပြေတော့ ကြည့်လိုက် အားပေးလိုက်ပါဦးမည်။ အာရှရဲ့ ဘောလုံးအဆင့်အတန်းက တခြား နေရာတွေထက် စာရင် လိုအပ်နေသေးပေမယ့် တိုးတက်မှုလေးတွေတော့ တွေ့မြင်လာနေရပါတယ်။

Leave Group B & C to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-115900 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun