Don Jaun avatar

Custom ROMs

donjaun

Published: 26 Sept 2023 › Updated: 26 Sept 2023Custom ROMs

Custom ROMs

Rising Os update ထွက်လာပြီး ၁၀ ရက် မပြည့်ခင်မှာ Spark Os ကလည်း update ထွက်လာခဲ့၏။ Spark Os update မလာတာ တော်တော်လေး ကြာနေခဲ့ပြီ။ update မလာလို့လည်း Spark Os ကနေ Rising Os ကို ပြောင်းသုံးခြင်း ဖြစ်။ ဒါတောင် ကြားထဲမှာ Rising က update 2 ခါ၊ 3 ခါလောက် ပေးထား ခဲ့သေး၏။ တော်တော်ကြီးကြာ၊ မေ့လောက်ခါကြမှ ကိုယ်ရွှေချောက ထွက်တော် မူလာခဲ့၏။

Rising Os ကိုသာ မသုံးနေခဲ့ဘူး ဆိုရင် ခု Spark Os ကို သုံးဖြစ်၊ တင်ဖြစ်မယ် ထင်။ နို့ပေမယ့် ကိုယ်တိုင်က Rising နဲ့ အတော်လေး အသားကျနေပြီမို့ ပြောင်းသုံးကြည့်ဖို့ မသေချာတော့ပေ။ Rising မတိုင်ခင်တုန်းက Spark က ကျနော့် အကြိုက်ဆုံး custom ROM ဖြစ်၏။ performance ပိုင်း၊ UI ပိုင်း၊ customize ပိုင်း၊ features ပိုင်းတွေမှာ ဘာမှကို ပြောစရာ မရှိပေ။ ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့အတိုင်း update က မလာတော့ တခြား ROM တွေပြောင်းသုံး ခဲ့ရ၏။ ဟို ROM ပြောင်းလိုက်၊ ဒီ ROM ချိန်းလိုက်နဲ့ နောက်ဆုံးမှာတော့ Rising နဲ့ အတွေ့မှာမှ ငြိမ်သွားခဲ့ခြင်း ဖြစ်၏။

ဒါတောင် Rising လည်း update ကြာလိုက်သေး၏။ Spark လောက် မကြာတာလေး တခုသာ ပို၏။ ပုံမှန် update ရနေတာဆိုလို့ official ROM တွေလောက်သာ ရှိမည်။ မိမိ phone အမျိုးအစားအတွက် ထုတ်ပေးထားတဲ့ ROM မျိုးတွေလိုပေါ့။ ဥပမာ Lineage Os နဲ့ EvolutionX Os တို့လို custom ROM မျိုးတွေက Mi 9 lite အတွက် official support ပေး၏။ တပတ်တခါ update ပေး၊ ရလေ့ ရှိ၏။

Lineage Os, Crdroid Os, EvolutionX, Spark Os, Rising Os တို့ သုံးခဲ့ဖူး၏။ ပြောရရင် Rising Os က Crdroid နဲ့ Ricedroid တို့၏ အခွဲ တနည်းအားဖြင့် ထို custom ROM နှစ်ခုကို upgrade လုပ်ထားခြင်း ဖြစ်၏။ Lineage Os ကတော့ stable အဖြစ်ဆုံး custom ROM ဟု ပြောလို့ရ၏။ ဒါပေမယ့် customize, UI, theme အပိုင်းမှာတော့ ကျန် custom ROM တွေလောက် မများ၊ မမိုက်ပေ။ ဒါကလည်း ပြဿနာတော့ မရှိပေ။ 3 Rd party app တွေ၊ Magisk Modules တွေသုံးပြီး မိမိ စိတ်ကြိုက် customize လုပ်ယူ၊ ပြင်ယူလို့ ရ၏။

အကြိုက်ဆုံး custom ROM က တခုထဲ မဟုတ်၊ နှစ်ခု ဖြစ်၏။ Spark Os နဲ့ Rising Os တို့ ဖြစ်၏။ Spark Os သာ update မကြာခဲ့ရင် Rising Os ကို သုံးဖြစ်ခဲ့မယ် မထင်ပေ။ ဒါပေမယ့် update ကြာတာကလည်း တမျိုး ကောင်းသွားခဲ့၏။ တခြား custom ROM တွေ စမ်းကြည့်လို့ ရသွားတာပေါ့လေ။ လောလောဆယ်တော့ ROM ပြောင်းသုံးဖို့ မရှိသေးပေ။ Rising 1.4 သုံးနေတာ ဆယ်ရက်တောင် မပြည့်၊ မရှိသေးဘူးကိုး။ ဒါလေးကိုပဲ ဆက်သုံးနေပါဦးမည်။

ခုတလော သဘောကျမိနေတဲ့ custom ROM တခု ရှိ၏။ ထွက်တော့ ထွက်မလာသေးပေ။ ခုမှ မိတ်ဆက်နေတုန်း အဆင့်သာ ရှိသေး၏။ ထွက်လာခဲ့ရင်တောင် ကျနော့် phone အမျိုးအစားအတွက် ရနိုင်၊ မရနိုင်က မပြောတတ်သေးပေ။ performance ပိုင်း ဘာညာတွေတော့ မပြောတတ်သေးပေမယ့် UI ပိုင်းအရတော့ အတော်လေး လန်း၏။ Android iOS လို့တောင် ပြောလို့ ရမည်ထင်။ နာမည်က luminate Os ဖြစ်၏။ UI ပိုင်းကို မြည်းစမ်းလိုပါက သူတို့၏ official website မှာ သွားရောက် ကြည့်ရှုနိုင်ပါ၏။

https://www.luminateos.com/

ကျနော့် phone အမျိုးအစား အတွက် support ပေးလို့ကတော့ ပြောင်းသုံးကြည့်ပါဦးမည်။ Rising Os ကို စွန့်ခွာမည့် အချိန်ပေါ့လေ။

"Screenshot photo from Mi9 lite Telegram Group"

Road to Appeal (28)

Leave Custom ROMs to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun