နတ်သမီးလား
မဟာ မဟာ၊ ကြီးမြတ်စွာသား၊ ကာမာဝစရ၊ ကုသလ၏၊ ကမ္မ ဆယ်ဖြာ၊ ပြုကျင့်ရာနှိုက်၊ သဒ္ဓါ ကိလိဌ်၊ ဉာဏ်မဲ့ ဆိတ်၍့၊ ဒုဟိတ်ကမ္မ၊ ဒုဗ္ဗလဖြင့်၊ ဟီနစေတနာ၊ ကဋတ္တာကြောင့်၊ နုံ့စွာ ညံ့သူ၊ ကျွန်းဇမ္ဗူထက်၊ လူဟု ဖြစ်လည်း၊ နွမ်းညစ် မပြောင်၊ လက်ခြေ ပြောင်၍့၊ ကုန်းခေါင် မြေကျတ်၊ ဝါကြတ်ကြတ်နှိုက်၊ ပေါက်လတ်တုံကျင်၊ မြက် သစ်ပင်တို့၊ ရှင်ရုံ ရှင်ဆန်း၊ မလန်း မကြည်၊ မပွားစည်သို့၊ လူမည်ကာမျှ၊ နေသာဒနှင့်၊ စဏ္ဍာလ ကျွန်၊ပန်းသွန် ဘင်ကျုံး၊ လူဆုံး လူယုတ်၊ သားမြေး ပြုတ်လျက်၊ သစ်ငုတ်အတူ၊ လူတွင် အထီး၊ မပွားစီးသား၊လုံးသီး လုံးပေါ၊ သဘော ယုတ်မာ၊ တမ်းစေ့ကာတည့်၊ လူရာမဝင်၊ တောတွင် ပွားကြီး၊ မြို့ မနီးဘဲး၊ ဖားရီး ဖားရား၊ အိတ်ဘရားနှင့်၊ လေးမြားတောင့်လွယ်၊ တောဝယ် ပျော်ပိုက်၊ တောစရိုက်ဖြင့်၊ သားလိုက် ပျားဖွပ်၊ လူသွပ် လူရိုင်း၊ လူရုန့်ထိုင်းတို့၊ ယိုင်းယိုင်း ပင်းပင်း၊ တရား သွင်းလည်း၊ ဗူး နားပင်းတွင်၊ ရေ မဝင်သို့၊ နာ့းပြင် မကြား၊ အလွတ် သွား၍့၊ ကျွဲးပါး စောင်းတီး၊ ငြီးသာ ငြီး၏၊ မနီး သုစရိုက်၊ မကြိုက် ကုသိုလ်၊ မိုက်အလိုဖြင့်၊ သက်ကို မွေးခြင်း၊ ဇာတိ ဖျင်းလျက်၊ချင်းနှင့် ကချင်၊ လူ့အသွင်မျှ၊ ဆင်ခြင်ဉာဏ် မဲ့၊ ချို့တဲ့ ဘောဂ၊ မဝ ရေစာ၊ လူပြိတ္တာကား၊ ချမ်းသာ မစုံ၊ မကုံ မငံ့၊ ဂုဏ်သိမ်ညံ့သား၊ အဆွံ့ အ,အ၊ ဇစ္စန္တနှင့်၊ မမ္မ ပဏ္ဍုက်၊ သွင်ယုတ် ကာန်းကျိုး၊ ဘုန်းကြန့်မျိုးတွင်၊ တန်းခိုး မပေါ်၊ ဖြစ် ညှိုးယော်၏၊ လူစော်နံကာ၊ လူဖြစ်လာသည်။ ။ လူ့ရွာ အညစ် အညစ်တည်း။
Leave နတ်သမီးလား to:
Read more #photo posts
Best Posts From Lady pa pa
We have not curated any of chirstonawba9's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.