Lady pa pa avatar

အလည်ပတ်

chirstonawba9

Published: 20 Jul 2023 › Updated: 20 Jul 2023အလည်ပတ်

အလည်ပတ်

ကြည်ဖြူခြင်း

=========

ရဟန်းများစွာ စုဝေးရာ၌

သာရိပုတ္တရာ ထေရ်ဆရာက

အောက်ပါတရား ဟောခဲ့သည်။

ကြည်ဖြူတတ်ဖို့ ဆရာရည်။

အရှင်ဘုရားတို့

ကိုယ်ကျင့်မကောင်း နှုတ်ကျင့်ကောင်းသော်

နှုတ်ကောင်းကြည့်ကာ ကြည်ဖြူပါ။

နှုတ်ကျင့်မကောင်း ကိုယ်ကျင့်ကောင်းသော်

ကိုယ်ကောင်းကြည့်ကာ ကြည်ဖြူပါ။

ကိုယ်နှုတ်နှစ်ပါး ကျင့်ဆိုးဝါးသော်

စိတ်ထားကြည့်ကာ ကြည်ဖြူပါ။

ကိုယ်နှုတ်စိတ်ထား ကျင့်ဆိုးဝါးသော်

သနားစိတ်သွင်း ကြည်ဖြူပါ။

ငါလို အသိမရှိရှာ။

ကိုယ်နှုတ်ဖြူစင် စိတ်ဖြူစင်က

ရင်တွင်းအားကျ ကြည်ဖြူပါ

သူလိုငါလည်း ဖြစ်ချင်တာ။

(အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်၊ ဒုတိယအာဃာတပဋိဝိနယသုတ်)

1

Leave အလည်ပတ် to:

Written by

အလှအပ

Read more #esteem posts


Best Posts From Lady pa pa

We have not curated any of chirstonawba9's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Lady pa pa