'လ' မင်းသို့
လ မင်းသို့
=======
လ မင်းအနား ခ စားဖို့ရာ
ခွင့်မသာလေ
ကျွန့်မှာ ကြယ်စင်မဟုတ်သောကြောင့်။
လ ရောင်အဖျား ခိုနား၍သာ
ပွင့်ဝေပါမည်
ကျွန့်မှာ စံပယ်ဖြစ်သောကြောင့်။
မခ စားသာ ဝေးနေပါလည်း
မျက်နှာမူဝင့် ကျွန်ုပ်ပွင့်ဧ။်
သခင့်မေတ္တာခံယူ၍။
အို သခင်
သခင့်မေတ္တာ အေးနုဝါကြောင့်
ကမ္ဘာလောက ငြိမ်းအေးမြဧ။်
အလှပြိုင်ဆင့် ပန်းတို့ပွင့်ဧ။်
မျှော်လင့်ချက်တွေ ရှင်သန်စေ၍
လင်းနေပေးပါထာဝရ။
စံပယ်ပွင့်ရဲ့ အာသီသ။
သစ္စာဘက်သား ဂါရဝ။
မောင်ရဟန်း(သာသနာ့ရင်ခွင်)Leave 'လ' မင်းသို့ to:
Read more #chirstonawba posts
Best Posts From အရှင်သြဘာသ 2
We have not curated any of chirstonawba5's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.