အရှင်သြဘာသ 2 avatar

အခွင့်ကောင်းမရသူနဲ့ ရအောင်အသုံးချသူ

chirstonawba5

Published: 11 Mar 2019 › Updated: 11 Mar 2019အခွင့်ကောင်းမရသူနဲ့ ရအောင်အသုံးချသူ

အခွင့်ကောင်းမရသူနဲ့ ရအောင်အသုံးချသူ

အခွင့်ကောင်းမရသူနဲ့ ရအောင်အသုံးချသူ
$$$$$$$$$$$$$$$$$$$$$$$$$$$
သံသရာဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောပေးခဲ့ပါတယ်။ ထို
ဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့ အခွင့်အလမ်း မရရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ လောက
မှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပါ။ သံသရာလည်နေ

ကြတဲ့ အထဲမှာ လူတိုင်းလူတိုင်း အခွင့်ကောင်း ရရှိနေကြတာ မဟုတ်ပါ။ အခွင့်ကောင်း မရတဲ့
ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။
အခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီးပြောရရင် အခွင့်အရေးဆိုတာ အမျိုးမျိုးရှိပါတယ်။ ဆိုပါစို့
-တယ်လီဗစ်ရှင်းကြည့်ချင်တယ်ဆိုရင် အိမ်မှာတယ်လီဗစ်ရှင်းရှိပေမယ့်လျှပ်စစ်မီးမရှိဘူး၊ လျှပ်စစ်
မီးကမလာဘူးဆိုရင် ကြည့်လို့ မရပါ။ လျှပ်စစ်မီးလာတဲ့အခါမှ ကြည့်လို့ရပါတယ်။ အခွင့်အရေးဆို
တာ အမြဲတမ်း မရှိပါ။ ဟို ယခင်က လျှပ်စစ်မီးနဲ့ ဝေးကွာတဲ့ တောရွာတွေမှာ လျှပ်စစ်မီးမပြောနဲ့
ကြယ်ကလေးတွေ လ,ကလေးတွေရဲ့ အလင်းရောင်နဲ့ နေကြရပါတယ်။ ကြယ်ရောင် လရောင်
လေးတွေကို အားကိုးပြုပြီးတော့ ညအခါမှာ ခရီးသွားကြရပါတယ်။
ဟို ယခင်တုန်းက ဧရာဝတီတိုင်းက လူတွေဟာ ဒီရေ အတက်အကျကြည့်ပြီးတော့ လှေ
လောင်းတွေနဲ့ ချောင်းတွေ မြောင်းတွေမှာ ခရီးသွားကြရပါတယ်။ ဒီရေတက်ကျ ချိန်ကလေးကို
ကြည့်ပြီး သွားရမယ့်ခရီး မကိုက်ညီဘူးဆိုရင် ခရီးဆက်မသွားဘဲ ဒီရေသင့်အောင် စောင့်ဆိုင်း
ရပါတယ်။
လူ့ဘ၀ရနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း အခွင့်ကောင်း အမြဲတမ်း ကြုံတာမဟုတ်ပါ။ အခွင့်အ
ရေးကြုံတဲ့ အခိုက်ကလေးမှာ၊ အခွင့်သာခိုက်ကေ
လးမှာ ရသင့်ရထိုက်တာတွေကို ရအောင်ယူလိုက်
မှ အခွင့်အရေး ရနိုင်ပါတယ်။ အခွင့်အရေးဆိုတာ နောက်တစ်ခါ ပြန်လာချင်မှလာတတ်ပါတယ်။
အခွင့်ကောင်းဟာ ရံဖန်ရံခါမှသာ ရောက်လာတတ်ပါတယ်။ တစ်ခါရောက်လာပြီးရင်လည်း နောက်
ထပ်ရောက်ချင်မှ ရောက်လာတတ်ပါတယ်။ ရောက်လာတဲ့ အချိန်လေးမှာ လုပ်ရင်လုပ်လိုက်၊ မလုပ်
လိုက်ဘူးဆိုရင် ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပါမယ်။ ဒါကြောင့် လသာတုန်း ဗိုင်းငင်၊ အချိန်ရှိခိုက် လုံ့လ
စိုက် ရပါမယ်။
ထို့အတူပဲ သုံးဆယ့်တစ်ဘုံ သံသရာကြီးထဲမှာလည်းသတ္တ၀ါရယ်လို့ဖြစ်လာပြီးတော့ အခွင့်
ကောင်းလေးတွေ လက်လွတ်ဆုံးရှုံးပြီး ဘယ်လိုမှ အခွင့်မရတဲ့ ပုဂ္ဂိုလ်မျိုးတွေကတော့ ===
၁။ ငရဲကျနေသူ။
၂။ တိရစ္ဆာန် ဖြစ်နေသူ။
၃။ ပြိတ္တာ ဖြစ်နေသူ။
၎။ ရုပ်ခန္ဓာကြီးမပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေသူ။
၅။ ဗုဒ္ဓသာသနာတော် မထွန်းကားတဲ့နေရာမှာ လူဖြစ်နေရသူ။
၆။ မိစ္ဆာဒိဌိ ဖြစ်သူ။
၇။ အသိဉာဏ် ( I Q နိမ့်သူ) မရှိသူ။
၈။ ဘုရားမပွင့်တဲ့အချိန်ခါ လူဖြစ်ရသူ ဆိုပြီး“ရှစ်ယောက်”တောင် ရှိပါတယ်။
အခု အချိန်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်တာရယ်၊ ဘုရားသာသနာတွင်း ဖြစ်တာရယ်၊ လမ်း
ကောင်းညွှန်ပြမယ့် ဆရာကောင်း ရှိနေတာရယ်။ ၀ိပဿနာတရား အားထုတ်ဖို့ အသင့်တော်ဆုံး
ဖြစ်နေတာရယ်၊ ဒီလို ပြည့်စုံနေမှတော့ ..ဒီဘ၀ ဒီခန္ဓာ ဇတ်သိမ်းပြီး၊... အနည်းဆုံးအပါယ်လေးပါး
လွတ်တဲ့ သောတာပန် အရိယာနွယ် ဖြစ်အောင် တရားအားထုတ်တဲ့သူဟာ အခွင့်ကောင်းကို ရ
အောင် အသုံးချ ယူသူ ဖြစ်ပါတယ်။
တရားတော်ကို ရေးသားပူဇော်ပါသည်။

Leave အခွင့်ကောင်းမရသူနဲ့ ရအောင်အသုံးချသူ to:

Written by

အရှင်သြဘာသ စာရေး ကလောင် chirstonawba = chirstonawbatha = chirstonawba5 ဟတ်ကာလာတိုက်လို့နာမည်တွေများ မူလ =chirstonawba

Read more #chirstonawba posts


Best Posts From အရှင်သြဘာသ 2

We have not curated any of chirstonawba5's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From အရှင်သြဘာသ 2