စာချဘုန်းကြီးလုပ်ခဲ့တယ်
ဆူးရူး
ပန်းမခူးရ အစွယ်ပြ၏
နေ့ ညစောင့်လျ က်သူဆူးခက်။
ဆူးခက်အုပ်လွှမ်း ပွင့်မည့်လမ်းတည့်
ပန်းတို့ မွန်းကြပ် မလွတ်လပ်ပါ
ပွင့်ချ ပ်ဆူးကြောင့်ပဲ့ကြရ။
ဝတ်မှုန်ဆူးကြောင့်ကြွေကြရ။
ဝတ်ရည်ဆူးကြောင့်ပုပ်ကြရ။
ပိတုန်းလိပ်ပြာ မလာသာအောင်
ဆဲကာသရမ်း သူနှုတ်ကြမ်းကြောင့်
ပန်းပွင့်တို့ မှာအထီးကျ န်။
ပန်းမိတ်ဆွေများနောက်လှည့်ပြန်။
စောင့်ရှောက်ခြင်းပါ သူဆိုပါလည်း
ပွင့်လွှာကိုဖျ က် ဝတ်မှုံဖျ က်၏
ပျ က်စီးပန်းတွေများလှပြီ။
ပန်းတို ့မ် က္ရည္မ် ားလွျပီ။
အခက်သားမင့်
ပန်းတို့ ငြို ငြင် ဆဲဆိုနှင်လည်း
မဝင်သူ့ နား သူမကြားချေ
သွားတို့ ဖြဲကာရယ်နေမြဲ။
အဖျက်လုပ်ငန်းလုပ်နေမြဲ။
စောင့်ရှောက်ပါသည်ဆိုနေမြဲ။
မောင်ရဟန်း(သာသနာ့ရင်ခွင်)
စာချဘုန်းကြီးလုပ်ခဲ့တယ်
တောင်ပံမရှိပေမယ့်
ကောင်းကင်အိပ်မက် မက်ခွင့်ရလို့
စာချဘုန်းကြီးလုပ်ခဲ့တယ်။
ရေတွင်းမှာနေရပေမယ့်
ပင်လယ်အိပ်မက် မက်ခွင့်ရလို့
စာချဘုန်းကြီးလုပ်ခဲ့တယ်။
ပစ္စုပ္ပန်တွေ မှိန်ဖျပေမယ့်
လင်းလက်အနာဂတ် ဖန်တီးခွင့်ရလို့
စာချဘုန်းကြီးလုပ်ခဲ့တယ်။
နှုတ်ခမ်းတွေခြောက်ပေမယ့်
နှလုံးသားတွေစိုအောင် ဖန်တီးခွင့်ရလို့
စာချဘုန်းကြီးလုပ်ခဲ့တယ်။
နာမည်တွေ သေသွားပေမယ့်
ဦးနှောက်တွေရှင်သန်အောင် ဖန်တီးခွင့်ရလို့
စာချဘုန်းကြီးလုပ်ခဲ့တယ်။
အသိုက်တွေနေရာမရွေ့ပေမယ့်
ငှက်တွေ မိုင်ထောင်ချီပျံအောင်လုပ်နိုင်လို့
စာချဘုန်းကြီးလုပ်ခဲ့တယ်။
အမြစ်တွေခြေနင်းခံရပေမယ့်
အပွင့်တွေ ခေါင်းမှာပန်အောင်လုပ်နိုင်လို့
စာချဘုန်းကြီးလုပ်ခဲ့တယ်။
စာချဘုန်းကြီးလုပ်ဦးမယ်။
မောင်ရဟန်း(သာသနာ့ရင်ခွင်)
Leave စာချဘုန်းကြီးလုပ်ခဲ့တယ် to:
Read more #art posts
Best Posts From အရှင်သြဘာသ 2
We have not curated any of chirstonawba5's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.