Builderb avatar

တချို့တချို့၏ ခြားနားခြင်း တချို့

builderb

Published: 26 Aug 2017 › Updated: 26 Aug 2017တချို့တချို့၏ ခြားနားခြင်း တချို့

တချို့တချို့၏ ခြားနားခြင်း တချို့

images(3).jpg

မင်္ဂလာပါ..စတီးမစ်​မြန်​မာ ညီအကို​မောင်​နှမတို့​ရေ...

•••••••••••••••••••••••••••••••
တချို့နေရာတွေမှာ ခြံဝင်းတခါးတွေက
ဝင်လိုဝင် ထွက်လိုထွက် လွတ်လပ်စွာ ကြိုဆိုနေကြတယ်။
ကြည်​စင်​ရိုးသားတဲ့ ​အရိုးခံ​နွေး​ထွေးမှုနဲ့
ဧည့်​ဝတ်​​ကျေပွန်​​လေ့ရှိကြတယ်​။
တချို့နေရာတွေမှာ​တော့ ၂၄နာရီပိတ်ထားတတ်ပြီး အသိမ​ပေးပဲဝင်​မိရင်​ တကြီကြီ တ၀ီ၀ီထျမည္တတ္တဲ့ ကိရိယာတွေ တပ်ဆင်​ထားကြတယ်။ရောက်​ရှိလာသူကို မယုံသင်္ကာ​မေးမြန်းစစ်​​ဆေး​လေ့ရှိပြီး ​နေ့​နေ့ညည အချိန်​ပြည့်​​စောင့်​ကြည့်​​​စေ​လေ့ရှိတယ်​။

တချို့နေရာတွေမှာ ရှုရိုက်လိုက်ရင် အလိုလိုစိတ်ကြည်လန်းဆန်းစေပြီး
လတ်ဆတ်သန့်ကြည်တဲ့ လေနုအေးတွေ၇ှိနေတယ်။သဘာဝ​တော​တောင်​ ​ရေ​မြေ စိမ့်​စမ်းနဲ့အတူ ​ကျေးငှက်​သာရကာ ဘာသာဘာဝအလှ​တွေနဲ့ ခိုလှုံသူ သက်​ရှိ​တွေရဲ့အသက်​ဓာတ်​ကို တိုးပွားရှည်​ကြာ​စေတယ်​။
တချို့နေရာတွေရဲ့​ ​လေထုထဲမှာ​တော့
ဘေးဥပါဒ်​ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ပြည့်နက်နေတယ်။လေစစ်​ ​ရေစစ်​ အစရှိတဲ့ ကာကွယ်​မှုများနဲ့ အထိတ်​တလန့်​ မှီတင်း​နေထိုင်းကြရတဲ့ သက်​ရှိများဟာ မရဏမင်းရဲ့ခြိမ်း​ခြောက်​မှုကို အမြဲလိုလိုကြုံ​တွေ့​နေကြရတယ်​။

တချို့နေရာတွေက ညဥ့်​ဦးသန်း​ခေါင်​ယံ​တွေမှာ ကြယ်ရောင်လရောင်တွေနဲ့ လင်းကြည်သာယာနေတဲ့သဘာဝလောကကြီးကို
ခံစားရှုမြင်နိုင်တယ်။နဂါး​ငွေ့တန်းရဲ့အလှအပကိုမျက်​ဝါးထင်​ထင်​ ကြည့်​ရှုခံစားနိုင်​တယ်​။ဖျောက်​ဆိပ်​နဲ့ ဓူဝံ ခုနှစ်စဉ်​ကြယ်​တို့ရဲ့ တည်​ရာကို​ပျော်​ရွှင်​စွာ ပ​ဟေဠိဝှက်​တမ်းကစားနိုင်​တယ်​။စက်​နာရီမလို ​ကောင်းကင်းကိုကြည့်​ပြီး အိပ်​ချိန်​ထချိန်​ အလိုလိုအတတ်​သိ စည်းကမ်းရှိရှိ​နေတတ်​ကြတယ်​။
တချို့နေရာတွေကြတော့ မောကြည့်ရင်း နောက်ပြန်လဲကျလောက်အောင် မြင့်မားတဲ့ အဆောက်ဦးတွေကြောင့်ရော၊
စူးရှတဲ့ ရောင်စုံမီးလုံးတွေကြောင့်ပါ ကြယ်လရောင်တွေ မှေးမှိန်​​ပျောက်ကွယ်နေတယ်။
ဖြူနီပြာဝါ ဒစ်​စကိုမီးလုံး​တွေရဲ့​အောက်​ အ​မှောင်​ယံကြားမှာ လူငယ်​တချို့ရဲ့အနာဂတ်​ဟာ အနုတ်​လဏ္ခာပြ​နေ​တယ်​။မေတ္တာမပါ ​ငွေအသပြာချစ်​ခြင်းနဲ့ ဒွိယံ ဒွိယံ လူးလား​ပျော်​ပါး​နေကြတယ်​။ကြယ်​မမြင်​ လမမြင်​ မိုးစင်​စင်​လင်းမှ အိပ်​ယာဝင်​တတ်​ကြတယ်​။

တချို့နေရာတွေမှာ မတော်တဆ ထိမိခိုက်မိရင် ဘာမှမပြောပေမယ့် နားလည်ပါတယ်ဆိုတဲ့ နွေးထွေးတဲ့အပြုးံနဲ့ တုန့်ပြန်သွားကြတယ်။တဖက်​သူရဲ့ အခက်​ကိုအလိုလို ကူညီ​ပေးတတ်​ကြတယ်​။အသက်​ကြီးသူ ဝါကြီးသူ ပူ​ဇော်​ထိုက်​သူကို ​ဆော်သြဖို့မလို ​အလိုက်​တသိ ရိုကျိုးယဉ်​​ကျေး ​နေရာ​ပေးတတ်​ကြတယ်​။
တချို့နေရာတွေကြတော့ မတော်တဆ ထိမိခိုက်မိရင် ငတုံးငအဆိုပြီး ဒေါသအကြည့်တွေနဲ့ကြည့်တတ်ကြသလို
sorry လို့ ပြောမှ ကျေနပ်တတ်ကြတယ်။
သူလဲလူ ငါလဲလူ မာနတခွန်​ထူပြီး ကြီးငယ်​မသိ
အရိုအ​သေနတ္ထိ ။လေးစားမှု ဗလာ..စာနာမှု ဆိတ်​သုဉ်း အပြုံးမပျက်​ အရှက်​မရှိဟူ​သော အနှစ်​မဲ့သူများမှိုလို​ပေါ​နေတယ်​။အတိတ်​ကံ အားနည်းလို့အ​ကြောင်းကံမလှ ​တောင်းခံမှ ထမင်းဝသူများရဲ့ ခွက်​ကို​တောင်​ ခလုပ်​တိုက်​ရမလား၊အလစ်​နှိုက်​ရမလားး ဝန်​မ​လေးသူ လူ့အခွံများ ရှိ​နေကြတယ်​။

တချို့နေရာတွေမှာ မိန်းမပျိုလေးတွေရဲ့ အသွင်ပြင်ကိုမြင်မိရင် ဘာမှ ထူးထူးဆန်းဆန်း
ခြယ်သမထားပေမယ့် ရိုးရိုးရှင်းရှင်း
လှပနုနယ်​နေပြီး အပြုံး​တွေက
သိမ်​​မွေ့ဖြူစင်​ ​ပေါ်လွင်​​နေတယ်​။
မပြင်​တတ်​မဆင်​တတ်​ ဗိုလ်​မဆန်​တတ်​​ပေမယ့်
အရှက်​ကို အသက်​နဲ့ထပ်​တူ
တန်​ဖိုးထားတတ်ကြပြီး ချစ်​သူ လင်​ ခင်​ပွန်းအ​ပေါ်မ​လော်​မလည်​ မ​သွေမဖီ တည်​တည်​ကြည်​ကြည်​ သစ္စာ​စောင့်​သိကြတယ်​။နှုတ်​ခမ်းနီ ပန်းနီနဲ့ တီတီတာတာ မချွဲတတ်​​​သော်​လည်းပြုဖွယ်​ကိစ္စ အဝဝကို တတ်​သိ​ကျေပွန်​ ကျိုးနွံသိမ်​​မွေ့ကာ ​မိဘ​မောင်​ဘွားကို စိတ်​ချမ်း​မြေ့​အောင်​ ထားတတ်​ကြတယ်​။
တချို့နေရာတွေမှာ​တော့ မိန်းမပျိုလေးတွေရဲ့ မျက်နှာမှာ ရောင်စုံ ခြယ်မှုန်းထားပြီး ဆန်းပြားတဲ့ ဖက်ရှင်တွေကို ၀တ်ဆင်ထားကြပေမယ့် သူတို့ကိုမြင်မိရင် တစုံတစ်​ရာကို ပူပင်နေတဲ့အရိပ်​ထင်​ဟပ်​​နေသလို စက်​ရုပ်​အပြုံး​တွေနဲ့ မြင်​မိသူစိတ်​နှလုံးကို ညှိုးချုံး​စေတယ်​။အိ​နြေ္ဒဆိုတာ ဂျိုနဲ့လားးဒီခရီး ဒီထီး ဒီအချိန်​ ဒီထမိန်​ ဆိုတာ နားမလည်​။သော့​သော့သွမ်းသွမ်း ​ဟော့​ဟော့ရမ်းရမ်း ​ယျောက်ျားများနဲ့ ရင်​​ဘောင်​တန်းခြင်းဆိုသည်​ကိုအဓိပ္ပာယ်​အ​ကောက်​မှားကာ ​ဖောက်​ပြား​နေတတ်​ကြတယ်​။"ရည်းစားတစ်​​ထောင်​ လင်​​ကောင်​တစ်​​ယောက်​"ဆို​သော စကားကိုနားလည်​မှုလွဲကာ
အမှားအ​မှောင်​​တွေကြားမှာ မယားအ​မြှောင်​ဘဝနဲ့ သားတစ်​​ကောင်​ရကာ ကျလာသည့်​မျက်​​ရေကိုလူသူမသိ​စေပဲ ဒူးနဲ့သုပ်​​နေကြရသူများ များလှတယ်​။

IMG_20170826_164233.jpg
Credit - Photos
လူအချင်းချင်းလှည့်​ပတ်​ခြင်း ကင်းရှင်းကြပါ​စေ။
အထင်​​သေးခြင်း အချင်းချင်း ကင်းရှင်းကြပါ​စေ။
ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါ​စေ။

ချစ်​​သောအားဖြင့်​../
@Builderb

Leave တချို့တချို့၏ ခြားနားခြင်း တချို့ to:

Written by

Freedom On Steemit

Read more #myanmar posts


Best Posts From Builderb

We have not curated any of builderb's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Builderb