Builderb avatar

ဆွေးမြေ့ စာလွှာ

builderb

Published: 31 Jul 2018 › Updated: 31 Jul 2018ဆွေးမြေ့ စာလွှာ

ဆွေးမြေ့ စာလွှာ

စတီးမစ်ပေါ်က မြန်မာစာ ဖတ်တတ်သူအားလုံးကို
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ။
ဒီနေရာကိုမရောက်တာ (၁)နှစ်ကျော်ကြာသွားတယ်။
ရောက်နိုင်တဲ့ အခိုက်အတန့်လေးတွေမှာ
တစ်စုံတရာ ရေးခြစ်ခဲ့ပါရစေ။

တကယ်တော့ အတိတ်ဆိုတာ
Format ချလို့မရတဲ့ သတိရခြင်းတခုပါပဲ။
အဲဒီလို တစွန်းတစစီရှိနေတဲ့
မှတ်ဥာဏ်ထဲက စကားလုံးတချို့ကို
ဖရိုဖရဲ ရေးချလိုက်တော့..
qqq.PNG
photo credit
++++++++++++++++++
ပန်း​တွေအကြိမ်​ကြိမ်​​ဝေ
အနမ်း​တွေ အကြိမ်​ကြိမ်​​ချွေခဲ့​ကြတယ်​။
ဖြစ်​လာမဲ့အလွမ်း​တွေက
စမ်း​ရေလို​ ​အေးမယ်​လို့
တွေးထင်​မိကြတုန်းက​ပေါ့။

ခု​တော့ စမ်း​ရေ​တွေခန်း
ပန်းအ​ကြွေ​တွေနွမ်း
လမ်း​တွေလဲကြမ်းခဲ့ပြီ​လေ။

ဥသြငှက်​တွန်​သံ​တွေကြားမှာ
အလွမ်း​တွေ တဖွားဖွားကျလို့။

ငါတစ်​​ယောက်​ထဲ
ပန်းအ​ကြွေ​တွေ​ကောက်
စမ်း​ရေ​တွေ ​ခြောက်
လမ်း​တွေလဲ ​ပျောက်​။

ဆုံ​နေကျ တနင်္ဂ​နွေရဲ့
သ​င်္ကေ​တ ဂျိုးကူသံ တသသကို
နား​ထောင်​ရင်း သက်​ပြင်း​တွေ အခါခါချ။

အလွမ်းဂုံးဆင်းမှာ ဥသြသံ​တွေနဲ့
နပန်းလုံးရင်း ငါ့ကိုငါလဲ
အရမ်းမုန်းစာရင်းသွင်း။

နေအခါခါထွက်
လေရူးတွေ အခါခါကြမ်း
ပန်းဖူး​တွေ အကြိမ်​ကြိမ်​နွမ်းပေမဲ့
နင့်​အ​ပေါ်လွမ်းနေတာ ခုထက်​ထိပါပဲ။

နေဝင်​ချိန်​​တွေ အခါခါကြုံ
နှင်းမှုန်​​တွေ အခါခါကျ
ဆည်းဆာ​ချိန်​တွေ တဖြာဖြာလှခဲ့​ပေမယ့်
တို့​တွေ​ဝေးခဲ့ကြတာ "ခဏ"​လို့ ထင်​​နေတုန်းပဲ။

Thanks For Reading !
By_ builderb@builderb

Leave ဆွေးမြေ့ စာလွှာ to:

Written by

Freedom On Steemit

Read more #myanmar posts


Best Posts From Builderb

We have not curated any of builderb's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Builderb