aungzawhtwe avatar

သတိရခြင်း

aungzawhtwe

Published: 26 Dec 2020 › Updated: 26 Dec 2020သတိရခြင်း

သတိရခြင်း

အနာရှိရင် ဆေးရှိတယ်တဲ့
သတိရလွမ်းဆွတ်နေခြင်းဟာ
ကျန်းမာရေးကို ဆိုးရွာစွာ
ထိခိုက်စေနိုင်ပါတယ်။
ချစ်သောသူ၏
ပြုံးမျက်နာဖြင့်သာ
ကုသနိုင်ပါလိမ့်မည်။

သတိရခြင်းကို
သင်္ချာနည်းနဲ့ ဆန်းစစ်ရင်
ပေါင်း နှုတ် မြောက် စား
လားလားမဆိုင်
ကျန်နေခဲ့ခြင်း ချန်ထားခဲ့ခြင်း
များနဲ့သာ တိုက်ရိုက်အချိုး
ကျလေမည်။

ဓါတ်သဘောကြွယ်တဲ့
ခေတ်သိပ္ပံမှာ
ရုပ်ပစ္စည်းတွေ ဆန်းသစ်ပေမဲ့
သတိရခြင်းတွေကတော့
အဖွင့်အပိတ် ခလုတ်တွေ
မလိုပါပဲ
သတိရမှုဆိုတဲ့ အလျင်တွေသာ
တသွင်သွင် စီးဆင်းလို့
နေပါလိမ့်မည်။

သတိရခြင်းဆိုတာ
ဖွဲမီးလို တငွေ့ငွေ့
ကျွမ်းလောင်နိုင်သလို
သတိရခြင်းသည် အချစ်၏နောက်ဆက်တွဲ စာမျက်နှာတစ်ခုသာ
ဖြစ်ပါလိမ့်မည်။
sad-seasonal-depression-1.jpg
Image from

Leave သတိရခြင်း to:

Written by

Read more #hive-122133 posts


Best Posts From aungzawhtwe

We have not curated any of aungzawhtwe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From aungzawhtwe