aungzawhtwe avatar

အသစ် အသစ်ဆီသို့

aungzawhtwe

Published: 25 Dec 2020 › Updated: 25 Dec 2020အသစ် အသစ်ဆီသို့

အသစ် အသစ်ဆီသို့

ချစ်နေတုန်းပဲမလား
မညာချင်ပါနဲ့
ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး
ဆိုတာတော့
သိထားကြပြီးပြီ‌ လေ

နာကျင်ကြေကွဲ နေပြီမလား
ဟန်ဆောင်မနေပါနဲ့
အပြည့်အဝ ခံစားပြီး
အစွမ်းကုန် ငိုချလိုက်ပါ

ဝအောင် ငိုပြီးရင်တော့
မင်းမျက်ရည်တွေကို
သုတ်လိုက်တော့နော်
ဒီလောကတော်သင့်ပြီလေ

ဘဝတစ်ဘဝတစ်လျောက်လုံး
လက်တွဲဖို့ မဖြစ်နိုင်သူ အတွက်
မင်း အကောင်းဆုံး
ပေးဆပ်ချစ်ပေးခဲ့ပြီးပြီပဲ

ခုအချိန် ခံစားခံစားနာကျင်ရတာနဲ့
နောင်တစ်ချိန် ပျော်ရွှင်ရမဲ့
နေ့ရက်တွေအတွက်
တွေဝေမနေပဲ
ရဲရဲ သာလဲလိုက်ပါတော့

သူ မပါတော့တဲ့
မင်းရဲ့ အနာဂတ်တွေက
သူ နဲ့တွဲစဉ်ကထက်
ပိုပြီးတောက်ပလို့
ပိုပြီး လှပနေမှာပါ

starting-a-new-life-abroad-suitcasewalk.jpg
Image from

Leave အသစ် အသစ်ဆီသို့ to:

Written by

I love steem

Read more #myanmar posts


Best Posts From aungzawhtwe

We have not curated any of aungzawhtwe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From aungzawhtwe