နိဂုံး
နာကျင် ခံစားရတာတွေ
ပြန်မကြုံချင်တော့ပေမဲ့
သတိတော့ ရနေမိပါသေးတယ်
နာကျင်တာက သတ်သတ်
သတိရနေမိတာက
သတ်သတ်မို့လား။
မပက်သက်မိအောင်
မဆက်သွယ်ဖို့ ကြိုးစားပါ့မယ်
ဒါမှ ငါလည်း ထပ်ပြီးမနာကျင်ရသလို မင်းလည်း
ကျေနပ်နိုင်မယ် ထင်တယ်လေ။
အကောင်းဆုံး တွေပေးခဲ့ပေမဲ့
အဆိုးဆုံးတွေပဲ ပြန်ရခဲ့တာဟာ
အိမ်မက်တွေကို ဖျက်ပစ်ပြီး
နှလုံးသားကို အသေသတ်သွားတာတွေဟာငါ မနာကျင်
မခံစားရပဲ နေပါ့မလား။
အသွားသာ ရှိပြီး
အပြန်မရှိတဲ့ မေတ္တာ မျိုးမို့
အကြိမ်ကြိမ်မနာကျင်ချင်တော့ပါ
အခါခါ ကွဲရတဲ့ အသည်းမို့
မနာပဲတော့ ဘယ်ရှိပါ့မလဲ
မင်းမျှော်လင့်ရည်ရွယ်သလို
ဖြစ်လာခဲ့ပြီမို့
မင်း ကျေနပ်နိုင်မှာပါ။
Leave နိဂုံး to:
Read more #hive-122133 posts
Best Posts From aungzawhtwe
We have not curated any of aungzawhtwe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.