aungzawhtwe avatar

Human

aungzawhtwe

Published: 24 Jul 2017 › Updated: 24 Jul 2017Human

Human

images.jpg
လူ

လောကမှာ လူသားတွေအများကြီး မှီတင်းနေထိုင်ကြတယ် ဆိုတာ အားလုံးသိပြီးသား ကိစ္စပါ။ ဒါပေမဲ့ဒီလောက်များတဲ့လူတွေကို သရုပ်ခွဲထုတ်လိုက်တဲ့အခါမှာတော့ လူဟာ လေးမျိုးပဲ ရှိတယ်လို့ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောကြားခဲ့ပါတယ်။

လူလေးမျိုးက ဘာတွေလဲ ဆိုတော့
(၁) လူငရဲသား
(၂) လူပြိတ္တာ
(၃) လူတိရိစ္ဆာန်
(၄) လူစင်စစ်
ဒီလေးမျိုးပဲ ရှိပါသတဲ့ခင်ဗျ။

လူငရဲသားဆိုတာ လူသားစင်စစ်ဖြစ်ပေမယ့် သူ့အသက်သတ်ခြင်း၊
သူ့ဥစ္စာခိုးယူခြင်း၊ သူ့သားမယား ဖျက်စီးခြင်း စတဲ့မပြုသင့် မပြုထိုက်တဲ့ အမှုတွေကို ပြုလုပ်တဲ့အတွက်
မင်းအစိုးရ စသည်တို့က အပြစ်နဲ့အညီ လက်ခြေဖြတ်ခြင်းစတဲ့ အပြစ်ဒဏ်တွေနဲ့ အပြစ်ပေးခံရတဲ့ အတွက်ကြောင့်
ဆင်းရဲဒုက္ခ ကြီးစွာခံစားနေရတဲ့ သူမျိုး ကို ဆိုလိုပါတယ်။

လူတိရစ္ဆာန်ဆိုတာ လူလူချင်း အတူတူ ဖြစ်ပေမယ့် သူတပါးကို
အမှီပြုကာ အသက်မွေးနေရပြီး သူတပါးရဲ့တာဝန်ဝတ္တရားတွေကို လုပ်ကိုင်ဆောင်ရွက်ပေးရင်းမနေမနား
သွားလာလှုပ်ရှား နေရတဲ့သူနဲ့
လောကဥပဒေတွေကို ချိုးဖောက်တဲ့အတွက်အစိုးရဥပဒေတွေနဲ့အညီ အပြစ်ပေးခံရမှာကို
ကြောက်လန့်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ဟိုဟိုဒီဒီထွက်ပြေးတိမ်းရှောင်ကာ အသက်ရှင်နေရုံ ၊
နေထိုင်စားသောက်ရုံကလွဲပြီး အခြားအရာတွေအပေါ်မှာ အကြောင်းအကျိုး ဟုတ်မဟုတ်
မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးကြီးနဲ့လှည့်လည်ပြေးလွှားနေရတဲသူမျိုး”တို့ကို ဆိုလိုပါတယ်။

လူပြိတ္တာဆိုတာ လူသားစင်စစ်ဖြစ်ပေမယ့် အတိတ်ဘ၀က
ပြုလုပ်ခဲ့တဲ့ မကောင်းမှုကြောင့် အစားအစာ အ၀တ်အထည် မရှိဘဲ ရှားရှားပါးပါး ဖြစ်နေရတဲ့အပြင်
ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ခံနေရတဲ့အတွက်ဆင်းရဲပင်ပန်းမှုနဲ့အတူ ရပ်တည်ရာမရဖြစ်ကာ
ကတိမ်းကပါး ပြေးလွှားရှာဖွေ လှုပ်ရှားနေရတဲ့ သူမျိုးကို ဆိုကြောင်း။

လူစင်စစ်ဆိုတာ ကိုယ့်အကျိုးစီးပွားကိုသိပြီး ကံကံရဲ့အကျိုးကို ယုံကြည်ကာ
မကောင်းမှုပြုလုပ်ရမှာ ရှက်ကြောက်ခြင်းဆိုတဲ့ဟိရိသြတ္တပ္ပနဲ့ ပြည့်စုံလျက် သတ္တ၀ါတွေအပေါ်မှာ
သနားခြင်းရှိတဲ့အပြင် သံဝေဂနဲ့အညီမကောင်းမှုမှရှောင်ကာ ကောင်းမှုကိုဆောင်ရင်း
ကုသိုလ်ဖြစ်ကြောင်း တရားတွေနဲ့ ပြည့်စုံနေတဲ့ သူမျိုးကို ခေါ်ပါတယ်။

အဲဒါကြောင့် ရရှိလာတဲ့လူ့ဘ၀မှာ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊
အတွေးအကြံတွေကြောင့် လူဟာလူငရဲသားလည်း ဖြစ်သွားနိုင်၊
လူပြိတ္တာလည်း ဖြစ်သွားနိုင်၊လူတိရစ္ဆာန်လည်း ဖြစ်သွားနိုင်၊
လူသားစင်စစ်လည်း ဖြစ်နေနိုင်တဲ့အတွက်ဒီလူလေးမျိုးထဲက ကိုယ်ကဘယ်လို
လူမျိုးဖြစ်ချင်လဲဆိုတာ ရွေးချယ်ပြီးကိုယ်ဖြစ်ကိုယ်ခံရတဲ့ ဘ၀မှာ
ကိုယ်ရွေးချယ်ရာ ကိုယ်စံရမှာဖြစ်လို့ ရွေးချယ်မှုမမှားကြဖို့ လိုပါတယ်ခင်ဗျ ။ အားလုံးသော မိတ်ဆွေအပေါင်းအသင်းများအား လူသား စင်စစ် ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
human-figure-images.jpg
Aung Zaw Htwe

Leave Human to:

Written by

I love steem

Read more #myanmar posts


Best Posts From aungzawhtwe

We have not curated any of aungzawhtwe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From aungzawhtwe