Aung Thar Kyaw avatar

Sky Hunter(2017)

aungtharkyaw

Published: 07 Sept 2018 › Updated: 07 Sept 2018Sky Hunter(2017)

Sky Hunter(2017)

image
ဒီနေ့ရေးမယ့်ကျွန်တော်မိတ်ဆက်
ပေးမယ့်ဇာတ်ကားလေးကတော့
ကျွန်တော်ကိုယ်တိုင်ဒီဇာတ်ကား
ကိုကြည့်နေစဉ်မှာရော ကြည့်ပြီးတဲ့
အချိန်မှာပါ တော်တော်လေးကျေနပ်
နှစ်ခြိုက်ခဲ့ရတဲ့ဇာတ်ကားကောင်း
လေးတစ်ခုပါပဲ။ဒါနဲ့ကြုံတုန်းပြောရ
ဦးမယ်။ကျွန်တော့်ငယ်ဘဝရဲ့
အိမ်မက်က လေသူရဲ ဖြစ်ချင်ခဲ့တာပါ။
အိမ်ကစစ်ထဲမဝင်ခိုင်းလို့ပါ။
ခုထိလည်းလေယာဉ်တွေ
အကြောင်းကိုအရမ်းစိတ်ဝင်စားပါ
တယ်။အဲ့ဒါကြောင့်ဒီကားလေးကို
Reviewsအနေနဲ့ပြည့်စုံအောင်
ပြောပြချင်ပါတယ်။
image
ဒီဇာတ်ကားလေးကတော့တရုတ်
ပြည့်သူ့သမ္မတနိုင်ငံတော်လေတပ်
ကနေအပြည့်အဝအထောက်အပံ့
ပေးထားတဲ့ ပထမဆုံးလေတပ်
စစ်သည်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
တရုတ်နှင့်ကာဇာကစ္စတန်နိုင်ငံတို့
အတွင်းမှရိုက်ကွင်းတော်တော်များ
များကိုအသုံးပြုထားပါတယ်။
ဇာတ်လမ်းရဲ့အစမှာတော့
ဝူးတီနှင့်ဟောက်ချန်တို့သူငယ်ချင်း
နှစ်ယောက်ဟာညီအစ်ကိုတွေလို
ချစ်ခင်ကြပြီး ပျံသန်းဖော်တွေလည်း
ဖြစ်ပါတယ်။တရုတ်ပြည်သူ့သမ္မတ
နိုင်ငံရဲ့လေပိုင်နက်အတွင်းကို
ဝင်လာတဲ့တိုက်လေယာဉ်မှန်သမျှကို
သူတို့နှစ်ဦးရဲ့ကျွမ်းကျင်တဲ့ဗျူဟာ
တွေအသုံးပြုပြီးမောင်းထုတ်လေ့
ရှိပါတယ်။ဆရာလုဆိုတဲ့အတော်ဆုံး
လေယာဉ်မှူးဆရာကြီးဟာလေတပ်
တစ်ခုလုံးမှာရှိတဲ့အတော်ဆုံးလေသူရဲ
တွေကိုစုစည်းပြီးကောင်းကင်မုဆိုး
အဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။အဲဒီအဖွဲ့
မှာဝူးတီကပါဝင်လာခဲ့ပြီးသူလေတပ်
ကျောင်းသားဘဝမှာကတည်းက
ချစ်နေခဲ့ရတဲ့ယာလီလည်းပါခဲ့ပါတယ်။
image
ခက်ခဲလှတဲ့လေ့ကျင့်ရေးတွေကို
လုပ်ခဲ့ရပေမဲ့ ချစ်သူကောင်မလေး
ရှိနေတဲ့ ဝူးတီအတွက်ကတော့
အပြုံးမပျက်တဲ့အပြင် အတော်ဆုံး
လေယာဉ်မှူးဖြစ်ခဲ့ကာ အဖွဲ့ခါင်းဆောင်ဆရာလုရဲ့Skill
တွေကိုတောင်မှီလာခဲ့ပါတယ်။
ဟောက်ချန်ကတော့မိုဇမ်ဘစ်နိုင်ငံမှာလေတပ်
ကျောင်းသားတွေကိုစာသင်ပေးတဲ့ဆရာအဖြစ်
သွားရောက်တာဝန်ထမ်းဆောင်
ခဲ့ပါတယ်။အဲ့ဒီလေတပ်စခန်းမှာ
ရာခ်ျမန်ဆိုတဲ့လေယာဉ်မှူး
တစ်ယောက်ကတာဝန်ခံတစ်ယောက်
ဖြစ်ပါတယ်။သူကဟောက်ချန်ကို
ပြောပါတယ်။ဟောက်ချန်နှင့်ဝူးတီ
ဖန်တီးခဲ့တဲ့ပျံသန်ရေးဗျူဟာတွေကို
ဝေဖန်ခဲ့ပြီးတရုတ်နိုင်ငံဟာ
စစ်ပွဲဇုန်ထဲမဝင်တာဆယ်စုနှစ်တစ်ခု
ရှိပြီဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။
ဒီနေရာဇာတ်ကားရဲ့ဆက်စပ်မှုကို
ပြန်တွေးကြည့်ရရင် ဇာတ်ကားစစချင်းမှာ
ဝူးတီနှင့်ဟောက်ချန်ဟာတိမ်တွေထဲကို
ပြေးဝင်ပြီး ရေဒါဖမ်းတဲ့အခါ
မလွယ်ကူအောင်လုပ်ခဲ့ပါတယ်။
ပြီးတော့ နောက်ကနေထွက်လာပြီး
ပစ်ခတ်ပါတော့တယ်။အဲ့လိုဗျူဟာ
တွေကို ရာ့ခ်ျမန်ဟာသိနေတယ်
ဆိုတဲ့အချက်က ရာ့ခ်ျမန်နဲ့ပတ်သတ်
တဲ့သူတွေက တရုတ်လေပိုင်နက်ထဲ
မှာရန်စဖူးလို့ဆိုတာကိုသိသာစေပါ
တယ်။အဲ့ဒါနဲ့ပဲဟောက်ချန်ဟာ
ရာ့ခ်ျမန်ရဲ့အကြောင်းကိုအင်တာနက်
မှာရှာပါတော့တယ်။အဲ့ဒီမှာပဲ
ရာ့ခ်ျမန်ဟာနာရီပေါင်း၃၀၀၀ကျော်ပျံသန်းမှု
အတွေ့အကြုံရှိပြီးတိုက်ပွဲMissionပေါင်း
၄၀၀အထိတာဝန်ထမ်းဆောင်ထားသူလည်းဖြစ်တယ်
ဆိုတာကိုတွေ့လိုက်ရပါတယ်။
မကြာလိုက်ပါဘူး။လေတပ်စခန်း
နှင့်လေဆိပ်ကို သူပုန်အဖွဲ့ကဝင်စီး
ပါတော့တယ်။ရာ့ခ်ျမန်နဲ့နောက်လိုက်
တစ်ချို့ကလည်းသူပုန်အဖွဲ့နဲ့ပူးပေါင်း
ထားတာပဲဖြစ်ကြောင်းဟောက်ချန်
သိလိုက်ရပါတော့တယ်။
အဲ့ဒီမှာပဲ ဟောက်ချန်အပါအဝင် တရုတ်လေဆိပ်ဝန်ထမ်း
တွေအားလုံးပြန်ပေးဆွဲခံရပါတော့
တယ်။ဒါကြောင့်ကောင်းကင်မုဆိုး
အဖွဲ့အနေနဲ့ကယ်ဆယ်ရေးလုပ်ဖို့
လေသူရဲနှစ်ဦးကိုစေလွှတ်မှာဖြစ်
ပါတယ်။အဲ့ဒီနှစ်ယောက်ကတော့
ဆရာလုနှင့်ဝူးတီပါပဲ။သူတို့နှစ်ဦး
ဟာရန်သူ့ပိုင်နက်အတွင်းပျံသန်းရင်း
ဒုံးကျည်နဲ့ပစ်ခံရပါတယ်။ပထမ
ဒုံးကျည်ကတော့ဗျူဟာတွေသုံးပြီး
ရှောင်တိမ်းတဲ့အတွက် တောင်ကုန်း
ကိုထိပြီးပေါက်ကွဲသွားပါတယ်။
နောက်တစ်ခုကတော့ဆရာလုရဲ့
လေယာဉ်ကိုအနည်းငယ်ထိခိုက်
သွားပါတယ်။လေယာဉ်ထဲမှာ
ဆရာလုဟာ ဒဏ်ရာရသွားတဲ့
အတွက် အမြင်အာရုံတောင်မရှင်း
တော့ဘဲလေယာဉ်မမောင်းနိုင်
ဖြစ်ခဲ့ရပါတယ်။လေထီးနဲ့ခုန်ချဖို့
အတွက်ကလည်းရန်သူ့ပိုင်နက်ထဲ
မှာဖြစ်နေလို့မဖြစ်နိုင်ပါဘူး။
အဲ့ချိန်မှာ ဝူးတီရဲ့ကျွမ်းကျင်တဲ့
Skillကြောင့်လေတပ်စခန်းဆီကို
လမ်းပြပြီးပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။
image
သူပုန်အဖွဲ့အနေနဲ့သူတို့ရဲ့
ခေါင်းဆောင်ကိုမိုဇမ်ဘစ်အစိုးရက
ပြန်လည်လွှတ်ပေးဖို့တောင်းဆိုခဲ့
ပါတယ်။အစိုးရကပြန်လွှတ်ပေးလိုက်
ပေးမဲ့ လေဆိပ်မှာပဲ စစ်သား
တစ်ယောက်ကသူ့မိန်းမနှင့်ကလေး
ကိုသတ်ခဲ့တယ်ဆိုတဲ့စိတ်ခံစားချက်
ကြောင့် သူပုန်ခေါင်းဆောင်ကို
ပစ်သတ်လိုက်ပါတယ်။အဲ့ဒီမှာ
အခြေအနေကပိုပြီးရှုပ်ထွေးသွား
စေခဲ့ပါတယ်။သူပုန်အဖွဲ့ဆီမှာလည်း
အဖျက်စွမ်းအားပြင်းတဲ့
ဆိုင်လိုဒုန်းကျည်ရှိနေပါတယ်။
အဲ့တော့ နောက်တစ်ခါMission
အတွက် နှစ်နှစ်နိုင်ငံပူးပေါင်းစစ်ဆင်
ရေးလုပ်ရမှာဖြစ်ပါတယ်။
သူပုန်အဖွဲ့အနေနဲ့ကလည်းသူတို့
အဖွဲ့ခေါင်းဆောင်သေသွားတဲ့
အတွက်မထူးဇာတ်ခင်းပြီးနိုင်ငံ
တစ်ခုလုံးကိုပဲ့ထိန်းဒုံးကျည်တွေ
ပစ်လွှတ်မှာသေချာပါတယ်။
အဲ့လိုမှပစ်လွှတ်လိုက်ပြီဆိုရင်
အာရှတိုက်ရဲ့၁၅၀၀၀ကီလိုမီတာ
အကွာအဝေးအတွင်းဖြစ်ပြီး
တရုတ်အပါအဝင်အခြားနိုင်ငံတွေ
ပါပဲ့ထိန်းဒုံးကျည်တွေကျရောက်ပြီး
သေကြေပျက်ဆီးကြရမှာဖြစ်ပါတယ်။
သူပုန်အဖွဲ့ကလည်းရေဒါနှစ်ခုနဲ့
ပျံသန်းလာတဲ့လေယာဉ်မှန်သမျှကို
ပစ်ချဖို့စောင့်နေတာပဲဖြစ်ပါတယ်။
အဲ့ဒီမှာရေဒါတွေမဖမ်းနိုင်တဲ့
အားနည်းချက်တွေကိုလိုက်ရှာ
ရပါတော့တယ်။
တောင်တန်းတွေကြားကိုရေဒါမဖတ်နိုင်ပါဘူး။
ဒါကြောင့်ရေဒါနှစ်ခုရဲ့ကြားScan
ဖတ်ချိန်ကွာခြားချက် ၁၀ စက္ကန့်ရှိပါတယ်။
အဲ့ဒီ၁၀စက္ကန့်အတွင်းမှာ
တိုက်လေယာဉ်ဟာမီတာ
၂၀ရှည်လျားတဲ့တောင်ကြားကျဉ်း
ကျဉ်းလေးကိုဖြတ်ပျံရမယ်။
မြေပြင်ကနေမီတာအမြင့်၃၀မကျော်ရပါဘူး။
နောက်ထပ်ဆိုးတာကတော့ညအချိန်
ပျံသန်းရမှာဖြစ်ပါတယ်။
လုံးဝကိုအမှားခံလို့မရဘဲမှားလိုက်
တာနဲ့Missionတစ်ခုလုံးကျရှုံးမှာဖြစ်ပါတယ်။
ဒီလိုSkillတွေနဲ့ပြည့်စုံတဲ့လေယာဉ်မှူးကတော့
ဝူးတီပဲဖြစ်ပါတယ်။ဝူးတီဟာအထက်ကပြောခဲ့တဲ့
အချက်တွေနဲ့ကိုက်ညီစွာပျံသန်း
နိုင်ခဲ့ပြီးရန်သူ့ပိုင်နက်အတွင်းက
ရေဒါစက်တွေနှင့်ဒုံးကျည်တွေကို
ပစ်ခတ်ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ သူပုန်အဖွဲ့ဟာ
သူတို့ခေါင်းဆောင်အသတ်ခံလိုက်
ရတယ်ဆိုတာသိရပြီးပြန်ပေးဆွဲ
ထားတဲ့သူတွေကိုသတ်ပြီး
တစ်ကမ္ဘာလုံးသိအောင်လုပ်လွှင့်
ဖို့ပြင်ဆင်နေတုန်းမှာတင်ယာလီတို့ရဲ့
ဓားစာခံကယ်ဆယ်ရေးအဖွဲ့နှင့်
မြေပြင်ရှင်းလင်းရေးအဖွဲ့တွေ
ကလည်းအချိန်ကိုက်ရောက်ရှိ
လာခဲ့ပြီးဟန်ချက်ညီညီတိုက်ခိုက်
အောင်မြင်ခဲ့ပါတယ်။
image
ဒါပေမဲ့ အဲ့ဒီအချိန်မှာ အဓိက
ပြဿနာကတော့ ရာ့ခ်ျမန်းနဟာ
့ဝူးတီရဲ့လေယာဉ်ကိုအငြိုးတကြီး
လိုက်လံတိုက်ခိုက်ပါတော့တယ်။
နှစ်ယောက်လုံးကဆရာကြီးတွေ
ဖြစ်ကြတဲ့အတွက် ကျားနှင့်ဆင်
လယ်ပြင်မှာတွေ့သလို အဲ အဲ့လို
မဟုတ်သေးဘူးနော်။
စွန်နှင့်သိမ်းငှက် ဝေဟင်မှာတွေ့
သလို အယ့်လဲ့ မဆိုးဘူးဟ။
သူတို့အချင်းချင်းမီးကုန်ယမ်းကုန်
လက်နက်ပေါင်းစုံသုံးပြီးအပြန်
အလှန်ပစ်ခတ်ခဲ့ပေမဲ့
နှစ်ဦးလုံးရဲ့ကျွမ်းကျင်တဲ့Skillတွေ
ကြောင့် မထိခဲ့ပါဘူး။
နောက်ဆုံး ဝူးတီမှာဘာလက်နက်
မှမကျန်တော့ဘဲ ရာ့ခ်ျမန်းမှာ
ဒုံးကျည်တစ်ခုသာကျန်ပါတော့တယ်။
ပိုပြီးအကျပ်အတည်းကျတာက
ရာ့ခ်ျမန်းဟာ ဝူးတီရဲ့တိုက်လေယာဉ်
ကိုမပစ်ဘဲ ယာလီရဲ့ဓားစာခံတွေ
ကယ်လာတဲ့ရဟတ်ယဉ်ကိုပစ်ချ
ဖို့ချိန်ထားတာဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ ဝူးတီရဲ့တိုက်လေယာဉ်
ဟာဗျူဟာကျကျတောင်ကြားကနေ
ထွက်လာပြီးရာ့ခ်ျမန်ရဲ့လေယာဉ်
အမှီးပိုင်းကိုဝင်တိုက်ပြီးပျက်ကျ
စေခဲ့တာပဲဖြစ်ပါတယ်။တိုက်လိုက်
တဲ့ဒဏ်ကြောင့် ဝူးတီခမျှာဒဏ်ရာ
ရသွားတဲ့အပြင်လေယာဉ်ကလည်း
မီးခိုးတွေထွက်ပြီးပျက်စီးလာပါ
တော့တယ်။ယာလီရဲ့ရဟတ်ယာဉ်
ပြန်ရောက်လာပေမဲ့ ဝူးတီရဲ့
လေယာဉ်ကတော့ရေဒါမှာမပေါ်
တော့ဘဲ ထိန်းချုပ်ခန်းကသူတွေ
စိတ်မကောင်းဖြစ်ရပါတော့တယ်။
ယာလီကိုယ်တိုင်လည်းသူ့ချစ်သူ
ပြန်မလာတဲ့အတွက် ပူဆွေးနေတုန်း
မှာ နောက်ကနေ မီးခိုးတလူလူ
ထွက်လာတဲ့လေယာဉ်ကြီးရောက်
လာကာဇာတ်သိမ်းသွားပါတော့
တယ်။ဝူးတီပြန်လာနိုင်တယ်လို့ပဲ
ပရိတ်သတ်ကဖြည့်တွေးရပါတော့တယ်။

ကဲဗျာ ကျွန်တော်ညွှန်းတာနဲ့တင်
တော်တော်လေးကြည့်ချင်နေပြီ
ထင်ပါတယ်။တကယ်လည်းကောင်း
လို့ပြည့်ပြည့်စုံစုံကိုရေးပြပေးထား
တာပါ။ကြည့်ပြီးရင်လည်းမိမိရဲ့
သုံးသပ်ချက်လေးတွေကိုcmtမှာ
ပြောပေးသွားနော်။ ။

ကြည့်လို့ရအောင်Channel Myanmar link
လေးထည့်ပေးလိုက်ပါတယ်။
https://channelmyanmar.org/sky-hunter-2017/
image
Credit Photos:Facebook
Written by:Aung Thar Kyaw
aungtharkyaw@aungtharkyaw
MSC-138

Leave Sky Hunter(2017) to:

Written by

Read more #myanmar posts


Best Posts From Aung Thar Kyaw

We have not curated any of aungtharkyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Aung Thar Kyaw