Aung Thar Kyaw avatar

Jarhead 3: The Siege(2016)

aungtharkyaw

Published: 10 Sept 2018 › Updated: 10 Sept 2018Jarhead 3: The Siege(2016)

Jarhead 3: The Siege(2016)

ဒီကားလေးကတော့ အမေရိကန်
မရိန်းစစ်သားတစ်ယောက်ရဲ့
အကြောင်းလေးကိုရိုက်ကူးထားတာ
ပါ။ဒီဇာတ်ကားလေးကိုကြည့်လိုက်
ရင်ကမ္ဘာပေါ်မှာအကြမ်းဖက်တဲ့
လုပ်ရပ်တွေကိုလုပ်နေတဲ့ISISလို
စစ်သွေးကြွတွေဘာလို့ရှိနေတာလဲ
ဆိုတဲ့အဖြေကိုတော်တော်များများ
သိစေမှာဖြစ်ပါတယ်။
Jarhead 3: The Siege
tmp_21627-FB_IMG_1536564118269-2103317895.jpg
Channel Myanmarမှာတော့
Linkမရှိတော့ပါဘူး။
Jarhead1နှင့်2ပါပါတဲ့ခွေရှိပါတယ်။
ဝယ်ကြည့်လို့ရရင်ကြည့်ပါ။

ဒီကားရဲ့အစမှာဇာတ်လိုက်မင်းသား
ကမရိန်းစစ်သားတစ်ယောက်ဖြစ်ဖို့
လေ့ကျင့်ရေးတွေနှင့်သင်ကြားမှု
တွေပြုလုပ်နေတာကိုတွေ့ရမှာပါ။
သူသင်တန်းဆင်းတဲ့အခါမှာ
ချက်ချင်းကြီးစစ်မတိုက်ခိုင်းသေးပါ
ဘူး။အရှေ့အလယ်ပိုင်းမှာရှိတဲ့
နိုင်ငံတစ်နိုင်ငံရဲ့အမေရိကန်သံရုံး
မှာလုံခြုံရေးတာဝန်ကိုထမ်းဆောင်
ဖို့စေလွှတ်ခြင်းခံရပါတယ်။
ရောက်ခါစမှာသူ့သူငယ်ချင်းက
လာခေါ်ခဲ့ပေမဲ့နေရာသစ်မှာ
လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့အသားမကျ
ခဲ့တာမျိုးတွေရှိခဲ့ပါတယ်။
လူသစ်ဆိုတော့လည်းအရင်ရောက်ပြီး
သားသူတွေကပညာပြတတ်တာ
မဆန်းပါဘူး။သံရုံးမှာနေတယ်ဆိုပြီး
ဒီအတိုင်းနေလို့မရပါဘူး။
သံအမတ်ကိုအရေးအပေါ်အခြေ
အနေမှာကယ်ဆယ်နိုင်ဖို့စစ်ရေး
လေ့ကျင့်မှုတွေအမြဲလုပ်ရပါတယ်။
အက်ဘရိုက်ကတော့
အမြဲလိုလိုယုံကြည်မှုလွန်ကဲ
နေတဲ့သူလို့သူ့ရဲ့အဖွဲ့သားတွေက
ထင်ခံနေရပါတယ်။
သူ့ကိုလည်းဆရာကြီးလုပ်တယ်ဆိုပြီး
အထင်ခံနေရတာပါ။
တစ်နေ့မှာတော့အက်ဘရိုက်ဟာ
ခေါင်မိုးပေါ်မြင်ကွင်းတစ်ခုကနေ
ဗီဒီယိုရိုက်စက်ကိုင်ထားတဲ့လူ
တစ်ယောက်ကိုတွေ့လိုက်ရတာနဲ့
မသင်္ကာပါတာကြောင့်သူ့အကြောင်း
တွေကိုအင်တာနက်ကတစ်ဆင့်
စုံစမ်းပါတယ်။ပြီးတော့သူဟာ
အကြမ်းသမားတစ်ယောက်ဖြစ်နေ
တာကြောင့်သံအမတ်ကိုသွားပြီး
တိုက်ရိုက်ပြောတဲ့အခါသံအမတ်က
သူပြောတာကိုလက်မခံခဲ့ပါဘူး။
ဆာဂျင်ဂန်နီနှင့်သူ့ရဲ့အဖွဲ့သားတွေ
ကလည်းအက်ဘရိုက်ကိုဈေးထဲမှာ
ခေါင်းစွပ်စွပ်ပြီးဖမ်းဆီးကာ
သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုပြင်းထန်
နေတဲ့စိတ်ဓာတ်ကိုချိုးဖျက်ဖို့လုပ်
ခဲ့ပါသေးတယ်။သူတို့ကဒီမှာနေတာ
ကြာပြီ။ဘာမှစိုးရိမ်စရာမရှိဘူးပေါ့။
အက်ဘရိုက်မြင်လိုက်တဲ့လူဟာလည်း
ISISနဲ့ဆက်နွယ်နေတဲ့ပင်စစ်သွေးကြွ
အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးလွန်ခဲ့တဲ့
လကသူ့ညီကိုအသုံးချကာဈေးဝယ်
စ်တာတစ်ခုမှာအသေခံဗုံးဖောက်ခွဲ
ခဲ့တယ်။အပြစ်မရှိတဲ့လူ(၆၀)
လောက်ကိုလည်းသတ်ခဲ့ပါသေး
တယ်။အက်ဘရိုက်ပြောတဲ့စကားကို
အကုန်လုံးကဘာလို့မယုံတာလဲ
ဆိုရင်တော့အဲ့ဒီလူကလွန်ခဲ့တဲ့
နှစ်ပတ်လောက်ကလေယာဉ်တိုက်
ခိုက်မှုမှာပါသွားပြီးသေဆုံးပြီလို့
ယူဆထားကြလို့ပါ။
ဒါပေမဲ့ မသေဆုံးသေးဘဲသံရုံးကို
စစ်သွေးကြွအဖွဲ့နှင့်အတူဝင်ရောက်
စီးနင်းတိုက်ခိုက်ပါတော့တယ်။
အကြမ်းဖက်ခေါင်းဆောင်ရဲ့ညီ
အလီဘာဘာဟာ အမေရိကန်သံရုံး
ကိုလာပြီးအလင်းဝင်ခဲ့ပါတယ်။
အဲ့ချိန်ကျမှ အက်ဘရိုက်စိုးရိမ်ခဲ့တာ
တွေတကယ်ဖြစ်လာပြီဆိုတာသိလိုက်
ရပါတော့တယ်။အကြမ်းဖက်ခေါင်း
ဆောင်ရဲ့ညီအလင်းဝင်လာတဲ့
ဇာတ်ဝင်ခန်း၊အကြမ်းဖက်သမား
တွေသံရုံးကိုလာတိုက်ခိုက်စဉ်မှာပဲ
သံရုံးကိုလုံခြုံရေးပေးထားတဲ့
နိုင်ငံပိုင်စစ်တပ်နှင့်အကြမ်းဖက်
သမားတွေရဲ့စစ်ပွဲ၊ဒါ့အပြင်အကြမ်းဖက်
သမားခေါင်းဆောင်နှင့်နိုင်ငံပိုင်
စစ်တပ်ခေါင်းဆောင်မိုဟာမက်တို့
စကားပြောဆိုခန်းတွေဟာ
အစ္စလာမ်ဘာသာရဲ့အယူဝါဒအပေါ်
တလွဲအသုံးချနေမှုတွေကိုပေါ်လွင်
စေလှပါတယ်။အဲ့ဒီမှာပဲ မူစလင်လူမျိုးချင်းအတူတူ
အစွန်းရောက်တဲ့သူနှင့်မရောက်ဘဲ
အမှန်ကိုမြင်တဲ့သူတို့ရဲ့ကွာခြားမှု
ကိုအများကြီးသိသာစေပါတယ်။
tmp_21627-FB_IMG_15365640612821620765828.jpg
ဇာတ်ကားရဲ့နောက်ပိုင်းမှာတော့
အက်ဘရိုက်တို့အဖွဲ့ဟာစစ်ကူတွေ
ရောက်မလာမချင်း အကြမ်းဖက်
သမားတွေကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်ပွဲအတွေ့အကြုံမရှိသေးဘဲ
ဒီလိုမျိုးသံရုံးကျမသွားနိုင်အောင်
ထိန်းထားနိုင်ခဲ့တာတကယ်ကိုSkill
ကောင်းလို့လို့ ပြောရမှာပါပဲ။

ကဲ ပြောနေကြာပါတယ်ဗျာ။
ကိုယ့်ဘာသာကြည့်လိုက်တာက
တကယ်အရသာရှိလှပါတယ်။
အက်ရှင်ကားရဲ့အရသာကိုပေးစွမ်း
နိုင်တဲ့အပြင် "သတိဆိုတာပိုတယ်
မရှိဘူး"ဆိုတဲ့သင်ခန်းစာကိုပါ
ရရှိစေမှာပါ။နောက်တစ်ချက်က
အစ္စလာမ်ဘာသာကိုခုတုံးလုပ်ပြီး
မကောင်းမှုဘက်ကိုဦးတည်နေတဲ့
အကြမ်းဖက်သမားတွေနှင့်
အစွန်းမရောက်ဘဲ အမှန်ကိုအမှန်လို့
သိမြင်နိုင်တဲ့အစ္စလာမ်ဘာသာဝင်
တွေရဲ့ ကွဲပြားခြားနားမှုတွေကို
ကွက်ကွက်ကွင်းကွင်းပြသပေးမယ့်
ဇာတ်ကားကောင်းတစ်ခုလည်း
ဖြစ်ပါတယ်။

လက်မလွှတ်သင့်တဲ့ဇာတ်ကားလေး
မလို့ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါနော်။
PicsArt_01-01-11.17.19.jpg
Credit Photos:Facebook
Written by:Aung Thar Kyaw
aungtharkyaw@aungtharkyaw
MSC-138

Leave Jarhead 3: The Siege(2016) to:

Written by

Read more #myanmar posts


Best Posts From Aung Thar Kyaw

We have not curated any of aungtharkyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Aung Thar Kyaw