Aung Thar Kyaw avatar

Point Break(2015)

aungtharkyaw

Published: 11 Sept 2018 › Updated: 11 Sept 2018Point Break(2015)

Point Break(2015)

ကျွန်တော်တို့နိုင်ငံမှာလည်းထွက်ရပ်
ပေါက်ဖြစ်အောင်လုပ်တာတွေရှိပါ
တယ်။ဝိဇ္ဇာ၊ဝိဇ္ဇာဓိုရ်၊ဇော်ဂျီအစရှိတဲ့
ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။ရွှေဖြစ်
ငွေဖြစ်အဂ္ဂရတ်ထိုးတာမျိုးတွေလည်း
ရှိနေပါသေးတယ်။ဒါတွေအကုန်လုံး
ကလောကီရေးရာအရလုပ်တဲ့
လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။
မြတ်စွာဘုရားကတော့ဒါတွေဟာ
နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း
အစစ်အမှန်မဟုတ်လို့ မလုပ်ဖို့
တားမြစ်ခဲ့ပါတယ်။ဒါပေမဲ့ပညာရပ်
အနေနဲ့ကတော့လေ့လာလိုက်စား
တွေအရင်ကတည်းကရှိသလို
ခုလည်းရှိခဲ့ပါတယ်။ဒါတွေကတော့
ကျွန်တော်လည်းသိပ်နားမလည်
လို့ရှည်ရှည်ဝေးဝေးမရေးတတ်ပါဘူး။
အနောက်နိုင်ငံတွေမှာလည်း
ထွက်ရပ်ပေါက်ကိစ္စရပ်တွေနဲ့
ပတ်သတ်ပြီးအယူအဆတွေရှိတယ်
ဆိုတာအံ့အားသင့်ဖွယ်တွေ့မြင်ရ
မယ့်ဇာတ်ကားကောင်းတစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်။
Point Break(2015)
tmp_21018-FB_IMG_1536656826306-2103317895.jpg
ဒီဇာတ်ကားလေးရဲ့အစမှာတော့
ဇာတ်လိုက်မင်းသားဘရစ်ဂ်ဟမ်
ခေါ် ယူတာ့ရှ် ဟာသူ့သူငယ်ချင်း
ဂျက်ဖ်နဲ့အတူ ကြမ်းတမ်းလှတဲ့
တောင်ကုန်းတွေပေါ်မှာဆိုင်ကယ်
စီးပြီး တခြားတောင်စွန်းတစ်ဖက်ကို
ခုန်ကူးခဲ့ပါတယ်။ဘရစ်ဂ်ဟမ်က
တော့အောင်မြင်စွာခုန်နိုင်ပြီးပြန်
လှည့်နိုင်ခဲ့ပေမဲ့ ဂျက်ဖ်ကတော့
အလှည့်မှာအောက်ကိုပြုတ်ကျ
သွားခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်
ဘဲ ဘရစ်ဂ်ဟာ အလွန်စိတ်ထိခိုက်ခဲ့
ရပြီး နောင်(၇)နှစ်ကြာတဲ့အခါမှာ
တော့FBIကိုဝင်ခဲ့ပါတယ်။စစ်ဆေး
မှုတွေနှင့်သင်ကြားမှုတွေကိုအဆင့်
ဆင့်ပြုလုပ်ပြီးတဲ့နောက်မှာတော့
FBI Agentဖြစ်ဖို့အတွက် သူ့ရဲ့
အထက်လူကြီးထောက်ခံချက်ကို
ရရှိအောင်၊သူအထင်ကြီးသွားအောင်
တစ်ခုခုလုပ်ပြဖို့လိုလာပါတယ်။
အဲ့ဒီမှာထူးထူးဆန်းဆန်းအမှုတွေ
ဖြစ်လာပါတယ်။အဲ့ဒါကတော့
U.S Bankတစ်ခုကနေပြီးအလေးချိန်
သန်းပေါင်း ၁၀ ကာရတ် ရှိတဲ့
စိန်တွေဓားပြတိုက်ခံခဲ့ရပါတယ်။
ပြီးတော့မြေပြင်အထက် အထပ် ၁၀၀
ရှိတဲ့ အဆောက်အဦးရဲ့မှန်ချက်တွေ
ကနေဆိုင်ကယ်တွေနဲ့ဖောက်ထွက်ပြီး
လေထီးဖွင့်ခဲ့ကြပါတယ်။အဲ့ဒါထက်
ထူးဆန်းတာကတော့အဲ့ဒီ သန်းပေါင်း
၁၀၀ကျော်လောက်တန်ဖိုးဖြတ်မရတဲ့
စိန်တွေကို အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့
ကဆင်းရဲသားရပ်ကွက်ပေါ်မှာကျဲချ
ခဲ့ပါတယ်။နောက်ထပ်အမှုတစ်ခုက
တော့ ပိုက်ဆံတွေသယ်လာတဲ့U.S
လေယာဉ်ကို ဝင်အစီးခံရပြီး
ပိုက်ဆံတွေကိုလည်း
မက္ကဆီကိုနိုင်ငံကဆင်းရဲသား
ရပ်ကွက်တွေပေါ်မှာကျဲချခဲ့ပါတယ်။
ဘရစ်ဂ်ဟမ်ဟာ သူကိုယ်တိုင်ကျွမ်း
ကျင်တဲ့အားကစားသမားတစ်
ယောက်ဖြစ်တာကြောင့် ဒီလိုအမှုမျိုး
တွေကို တကယ်ကျွမ်းကျင်လှတဲ့
အားကစားသမားတွေသာလုပ်ဆောင်
နိုင်မယ်လို့ယုံကြည်တာကြောင့်
အမှုနဲ့ဆက်စပ်တဲ့အချက်အလက်
တွေကိုရှာဖွေတဲ့အခါမှာ သူတို့ဟာ
ငွေအတွက်ဒုစရိုက်မှုတွေကိုလုပ်နေ
တာမဟုတ်ဘဲ ထွက်ရပ်ပေါက်(၈)ခု
ကိုအောင်မြင်နိုင်ဖို့ကြိုးစားနေတယ်
ဆိုတာကို သိရှိလိုက်ရပါတော့တယ်။
ဒီအမှုနှစ်ခုနဲ့ဆက်စပ်နေတဲ့အမှု
တစ်ခုဖြစ်ခဲ့သေးတယ်ဆိုတာကိုလည်း
ထပ်မံရှာတွေ့ခဲ့ပါသေးတယ်။အဲဒါက
တော့ ကွန်ဂိုမြစ်ကမ်းပါးမှာ
နိုင်ငံပိုင်သစ်ထုတ်လုပ်ရေး
စခန်းတစ်ခုမီးရှို့ဖျက်ဆီးခံလိုက်ရပါ
တယ်။အဲ့ဒီနေရာဟာလည်းကမ္ဘာ
အန္တရာယ်အကြီးဆုံးရေစီးသန်တဲ့
နေရာတွေအများကြီးရှိတဲ့နေရာပါ။
အဲ့ဒီမီးရှို့လိုက်တဲ့သူတွေဟာအင်ဂါ
ရေစီးကြောင်းကိုပထမဦးဆုံးဝင်ဖူးပြီး
ပထမဆုံးအသက်ရှင်လျက်ပြန်ထွက်
လာသူတွေဖြစ်ချင်ကြလို့အခုလိုလုပ်
တာပါ။ပိုပြီးခိုင်မာသွားစေတဲ့အချက်
ကတော့ ဧဝရတ်တောင်ထိပ်ကနေ
မိုင်ပေါင်း ၁၀၀၀ လောက်အကွာက
လေထီးနဲ့ခုန်ချခဲ့သူတွေရဲ့ဓာတ်ပုံ
တွေကိုရထားလို့ပါ။
ဘရစ်ဂ်ဟမ်ဟာ သူကိုယ်တိုင်ကျွမ်း
ကျင်တဲ့အားကစားသမားတစ်
ယောက်ဖြစ်တာကြောင့် ဒီလိုအမှုမျိုး
တွေကို တကယ်ကျွမ်းကျင်လှတဲ့
အားကစားသမားတွေသာလုပ်ဆောင်
နိုင်မယ်လို့ယုံကြည်တာကြောင့်
အမှုနဲ့ဆက်စပ်တဲ့အချက်အလက်
တွေကိုရှာဖွေတဲ့အခါမှာ သူတို့ဟာ
ငွေအတွက်ဒုစရိုက်မှုတွေကိုလုပ်နေ
တာမဟုတ်ဘဲ ထွက်ရပ်ပေါက်(၈)ခု
ကိုအောင်မြင်နိုင်ဖို့ကြိုးစားနေတယ်
ဆိုတာကို သိရှိလိုက်ရပါတော့တယ်။
အဲ့ဒါကိုတော့(Ozaki Eight=လူသား
နှင့်သဘာဝတရားကိုအလိုက်သင့်ဖြစ်
စေသောမဟာစိန်ခေါ်မှုရှစ်ချက်)
လို့ခေါ်ပါတယ်။ဒါကိုသဘာဝတရား
လှုပ်ရှားသူတစ်ဦးဖြစ်သည့်အပြင်
ပထမဆုံးအကျွမ်းကျင်ဆုံး
အားကစားသမားတစ်ယောက်အဖြစ်
အသစ်အမှတ်ပြုခြင်းခံရတဲ့
အိုနိုအိုဇာကီဆိုတဲ့သူကသတ်မှတ်ပြီး
အားကစားနဲ့သဘာဝတရားကို
ဂုဏ်ပြုတဲ့အနေနဲ့ စမ်းသပ်မှု(၈)ခု
ကိုစိန်ခေါ်ထားခဲ့တာပါ။အဲ့ဒီ(၈)ခု
လုံးကိုအောင်မြင်ပြီးထွက်ရပ်ပေါက်
ဖြစ်သွားရင်မည်သူမဆို နိဗ္ဗာန်ကို
ရောက်နိုင်မယ်လို့သူကယုံကြည်ထား
လို့ပါ။ဘယ်သူမှမအောင်မြင်ခဲ့ကြဘဲ
သူကိုယ်တိုင်တောင်(၃)ခု
မြောက်စမ်းသပ်မှုမှာသေဆုံးခဲ့ပါ
တယ်။ဒါကအခုလုပ်နေတဲ့သူတွေက
(၃)ခုကိုအောင်မြင်ပြီးပါပြီ။
စိန်ခိုးတဲ့အမှုနှင့်ကုန်သည်လေယာဉ်
ဝင်စီးခံရခြင်းမှာတူညီတဲ့အချက်က
စိန်တွေရော ငွေတွေပါကောင်းကင်
ကနေကျဲချလိုက်တာပါ။
ဝဠာကောင်းကင် မွေးဖွားခြင်းဆိုတဲ့
သဘာဝတရားကြီးကနေလူတွေကို
ပြန်ပေးတဲ့သဘောကိုဆောင်စေပါ
တယ်။မက္ကဆီကိုကုန်သည်လေယာဉ်
စီးနင်းခံရပြီးအချိန်မှာလေထီးနဲ့
ခုန်ချသွားခဲ့ကာရှာလို့မတွေ့တော့ပါ
ဘူး။တကယ်တော့ကမ္ဘာ့အရှည်ဆုံး
သဘာဝဂူကျဉ်းဖြစ်တဲ့ပျံလွှားဂူ
ပျံလွှားဂူထဲကိုဝင်သွားတာပါ။
အဲ့ဒါကတော့ ကောင်းကင်ကနေ
မြေကြီးထဲကိုပထမဆုံးတိုက်ရိုက်
ဝင်နိုင်သူတွေအဖြစ်စံချိန်တင်ချင်
တာပဲဖြစ်ပါတယ်။အဲ့လိုမဖြစ်နိုင်တဲ့
အရာ(၃)ခုကိုလုပ်ပြီးပြီဆိုတာကို
ဘရစ်ဂ်ဟမ်ဟာသူ့ရဲ့အထက်လူကြီး
တွေကိုတင်ပြခဲ့ပေမဲ့လည်း သီအိုရီ
ကိုလက်မခံခဲ့ကြပါဘူး။ဒါပေမဲ့သူ့
ဆရာကတော့လက်ခံပါတယ်။
ဒါကြောင့်လည်းလေးခုမြောက်
စိန်ခေါ်မှုဖြစ်မဲ့နေရာကိုစေလွှတ်
ခဲ့ပါတယ်။အဲ့ဒီနေရာကတော့
နိုင်ငံတော်မိုးလေဝသဌာနကနေ
အတ္တလန်တစ်သမုဒ္ဒရာမှာလေဖိအား
နည်းရပ်ဝန်းတစ်ခုကိုတိုင်းတာမိခဲ့ပါ
တယ်။အဲ့ဒီလေဖိအားနည်းရပ်ဝန်း
ကြောင့်ပြင်သစ်အနောက်ပိုင်း
ကမ်းရိုးတန်းကိုရိုက်ခတ်သွားမယ့်
အင်အားကြီးမုန်တိုင်းတစ်ခုဖြစ်လာ
နိုင်ပါတယ်။မုန်တိုင်းစဲသွားတဲ့အခါ
ဧရာမလှိုင်းလုံးကြီးတွေဖြစ်လာပြီး
ဆယ်စုနှစ်မှတစ်ခါမြင်တွေ့ရမယ့်
လှိုင်းလုံးမျိုးတွေပါ။အမြင့်ပေ(၈၀)
ခန့်ရှိပါတယ်။အဲ့ဒီမှာသူတို့လှိုင်းစီး
ကြမှာပဲဖြစ်ပါတယ်။ဘရစ်ဂ်ဟမ်ဟာ
လှိုင်းစီးရင်းနဲ့ရေအောက်ကျသွား
ခဲ့ရာ သူတို့အဖွဲ့ထဲကခေါင်းဆောင်
က ကယ်တင်ထားရာမှ သူတို့ချင်း
ခင်မင်ရင်းနှီးသွားပါတယ်။
ဘရစ်ဂ်ဟမ်အနေနဲ့
သူတို့အဖွဲ့ထဲမှာအသွင်ယူပြီးတချို့
သောစိန်ခေါ်မှုတွေဖြစ်တဲ့
ဧဝရတ်တောင်ထိပ်ပေါ်ကနေ
Skydivingလုပ်ဖို့Wingsuit
နဲ့ဆင်းချတာတာမျိုး၊ရေခဲတောင်ရဲ့
အမြင့်ဆုံးကနေဆင်ခြေလျှော
အတိုင်းSkateနဲ့စီးပြီးဆင်းတာမျိုး
တွေကိုပြုလုပ်ခဲ့ပါတယ်။
အဲ့လိုလုပ်ရင်းသူတို့ထဲကတစ်ယောက်
ကနတ်ပြည်မရောက်ဘဲငရဲရောက်
သွားခဲ့ရပါတယ်။
ဒီကြားထဲမှာ သူတို့ဟာပိုပိုပြီးအစွန်း
ရောက်သွားခဲ့တာကတော့
ကမ္ဘာမြေကြီးအားပြန်လည်ပေးဆပ်
ခြင်း ဆိုတဲ့ယူဆချက်ကြောင့်ပါပဲ။
အဲ့ဒါကြောင့်နှစ်ပေါင်း(၂၀)လောက်
သက်တမ်းရှိပြီဖြစ်တဲ့ရွှေမိုင်းတွင်းကို
ဖောက်ခွဲပြီး ရွှေတွေကို သဘာဝတရားကြီးဆီပြန်လည်ပေး
အပ်မယ်လို့ယူဆမှုကြောင့်ရွှေမိုင်း
တွင်းကိုဖောက်ခွဲပစ်ခဲ့ပါတယ်။
သူတို့က သဘာဝတရားကြီးက
လူတွေကိုသယံဇာတတွေပေးနေတဲ့
အတွက်သဘာဝတရားကြီးကိုလည်း
ပြန်လည်ပေးဆပ်ရမယ်ဆိုပြီး
အစွန်းရောက်အယူဝါဒကြီးစိုးနေသူ
တွေဖြစ်ကုန်တော့ပါတယ်။
အဲ့ဒီမှာအချက်(၈)ချက်ကို
ဇာတ်လမ်းရဲ့နောက်ပိုင်းမှာ
ရှင်းပြထားပါတယ်။
Eight Ordeals
ခက်ခဲသည့်စမ်းသပ်မှု(၈)မျိုး

(1)Emerging Force
(၁)ခွန်အားပွင့်ထွက်စေခြင်း
(2)Birth Of Sky
(၂)ကောင်းကင်ကိုမွေးဖွားခြင်း
(3)Awakening Earth
(၃)ပထဝီမြေကြီးအားနိုးထစေခြင်း
(4)Life Of Water
(၄)ရေအသက်ဓာတ်
(5)Life Of Wind
(၅)လေအသက်ဓာတ်
(6)Life Of Ice
(၆)ရေခဲအသက်ဓာတ်
(7)Master Of Six Lives
ဇီဝဓာတ်ခြောက်ခုရဲ့အရှင်သခင်
(8)Act Of Ultimate Trust
အဆုံးစွန်ယုံကြည်မှုနဲ့ပြုမူခြင်း

သူတို့ဟာ(1),(2),(3),(5),(6)တွေကို
အောင်မြင်ပြီးပါပြီ။(1)ကနေ(6)
အထိကကမ္ဘာမြေကြီးရဲ့ဆွဲအား
အဆိုင်းအထက်ကနေအောက်ကို
ဆင်းခဲ့တာဖြစ်ပြီး(7)ကတော့
ခြောက်ခုလုံးရဲ့အရှင်သခင်အနေနဲ့
ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုဆန့်ကျင်
ကာ အောက်ကနေ အထက်ကိုပြန်
တက်ရမှာပဲဖြစ်ပါတယ်။
သူတို့ဖောက်ခွဲလိုက်တဲ့ရွှေတွင်းဟာ
U.Sပိုင်ဖြစ်နေလို့F.B.Iရဲ့ခေါင်းပေါ်
ကိုအထုတ်ပိစေပါတော့တယ်။
အင်တာပိုလ် ကလည်းသူတို့
အချက်အလက်တွေကိုရပြီးပြီဖြစ်လို့
သူတို့ကိုဒီလိုမဖြစ်နိုင်တဲ့အရာတွေ
လုပ်နိုင်အောင်စပွန်ဆာပေးထားတဲ့
သူဌေးရဲ့ပိုင်ဆိုင်မှုတွေကိုလည်း
ချိတ်ပိတ်လိုက်ပါတော့တယ်။
အဲ့ဒီမှာNo(7)အချက်ကိုလုပ်ဖို့
ငွေလိုနေတာကြောင့်သူတို့အဖွဲ့ဟာ
ဘဏ်ဖောက်ခဲ့ရာမှအဖွဲ့ဝင်နှစ်ဦး
သေဆုံးခဲ့ပါတယ်။
တစ်ဦးကတော့ဘရစ်ဂ်ဟမ်ရဲ့ချစ်သူ
ပဲဖြစ်ပါတယ်။ဘရစ်ဂ်ဟမ်အနေနဲ့
သူကိုယ်တိုင်ပစ်သတ်လိုက်ရတာဖြစ်
လို့တော်တော်လေးရင်နာစရာပါပဲ။
အဲ့ဒါနဲ့No(7)အချက်ကိုလုပ်ဆောင်
နိုင်မယ့်နေရာကိုဘရစ်ဂ်ဟမ်ဟာ
ဆက်စပ်မှုတွေကနေရှာတွေ့သွားခဲ့
ပါတယ်။အဲ့ဒီနေရာကတော့
ဗင်နီဇွဲလားနိုင်ငံကနတ်သမီး
ရေတံခွန်မှာပါပဲ။ဘာလို့အဲ့ဒီနေရာ
ကိုရွေးလဲဆိုရင်ဗင်နီဇွဲလားနိုင်ငံက
U.Sအစိုးရနဲ့သံတမန်ဆက်နွယ်မှု
မရှိသလိုတံရားခံလွှဲပြောင်းပေးမှု
လည်းမရှိတဲ့နိုင်ငံဖြစ်လို့ပါ။No(8)
ဖြစ်တဲ့ အဆုံးစွန်ထိယုံကြည်စွာ
လုပ်ဆောင်ခြင်း ကိုတော့ဘယ်သူမှ
နားမလည်ကြသေးပါဘူး။
အဲ့တော့သူတို့ကို(7)ခုမြောက်စိန်ခေါ်
မှုမှာရအောင်ဖမ်းရမှာဖြစ်ပါတယ်။
အဲ့ဒီမှာပဲ တက်သွားတာက
ဘရစ်ဂ်ဟမ်အပါအဝင်သုံးယောက်
တက်သွားခဲ့ပြီး တစ်ယောက်က
တော့ပြုတ်ကျသွားခဲ့ပါတယ်။
အဖွဲ့ခေါင်းဆောင်ဘိုဒီပဲကျန်ကာ
ရေတံခွန်ထိပ်ဆုံးလည်းရောက်ရော
အောက်ကိုပြန်ပြီးခုန်ချပါတယ်။
အဲ့ကျမှပဲဘရစ်ဂ်ဟမ်ဟာဘိုဒီအနေနဲ့
ရေတံခွန်ပေါ်ကိုတက်သွားပြီး
ခုန်ချခဲ့တာဟာ(8)အချက်ကိုလည်း
တစ်ခါတည်းလုပ်နိုင်သွားတာ
ဖြစ်ကြောင်းသိလိုက်ရပါတယ်။
(7)နှင့်(8)ကိုတစ်ခါတည်းလုပ်သွား
တာပါ။အဲ့ဒီတော့ဇာတ်လမ်းအစပိုင်း
မှာဘရစ်ဂ်ဟမ်ကိုကယ်လိုက်တဲ့
အတွက်No(4)ကိုမလုပ်ဖြစ်လိုက်ပါ
ဘူး။နောက်ဆုံးကျန်တဲ့No(4)ကို
ဆက်လုပ်ဆောင်ဖို့သွားတဲ့အခါ
ဘရစ်ဂ်ဟမ်ဟာဘိုဒီကိုတားပါသေး
တယ်။တားရတဲ့အကြောင်းအရင်း
ကလည်းဒီတစ်ခါလှိုင်းစီးရမှာက
အမြင့်ပေ(၁၀၀)အထက်ရှိနေပြီး
ကမ်းခြေနဲ့လည်းမိုင်(၁၅၀)အကွာ
မှာဖြစ်နေလို့ပါ။အဲ့တော့ အဲ့ဒီ
လှိုင်းလုံးကိုစီးပြီးရင် နိဗ္ဗာန်တော့
ရောက်မှာမဟုတ်ဘဲရေနစ်ပြီး
သေမှာပါ။ဒါပေမဲ့ ဘိုဒီဟာတားမရ
ခဲ့ပါဘူး။သူလုပ်ဆောင်စရာရှိတဲ့
အချက်(၈)ချက်လုံးကိုပြီးအောင်
လုပ်ဆောင်ပြီးသေသွားခဲ့ပါတယ်။
ဇာတ်လမ်းရဲ့အဆုံးထိအောင်
ပါးစပ်အဟောင်းသာဖြစ်မယ့်
အလန်းစားရှုခင်းတွေနဲ့
ကမ္ဘာကြီးရဲ့အလှတရားတွေကိုမြင်ရမှာပါ။
Channel Myanmar Linkလေး
ထည့်ပေးလိုက်ပါတယ်နော်။

https://channelmyanmar.org/channelmyanmar2-blogspot-co-70/

ဘာလို့ဒီဇာတ်လမ်းလေးကိုပြည့်ပြည့်
စုံစုံဖော်ပြခဲ့ရလဲဆိုရင် ဒီဇာတ်ကား
လေးထဲကအတွေးအခေါ်တွေ
ကြောင့်ကျွန်တော့်ဘဝမှာအပြောင်း
အလဲတချို့ဖြစ်စေခဲ့လို့ပါ။
ဇာတ်ကားတစ်ကားထက်ကိုပိုတဲ့
အသိပညာတွေလည်းရရှိခဲ့ပါတယ်။
Steemitကစာဖတ်သူတွေကိုလည်း
ကြည့်စေချင်တာကြောင့်
ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျား။
PicsArt_01-01-11.17.19.jpg
Credit Photos:Facebook
Written by:Aung Thar Kyaw
aungtharkyaw@aungtharkyaw
MSC-138

Leave Point Break(2015) to:

Written by

Read more #myanmar posts


Best Posts From Aung Thar Kyaw

We have not curated any of aungtharkyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Aung Thar Kyaw