Crypto Currency trading for beginner
Crypto trading for Beginner
အခုနောက်ပိုင်းအမေးများလာတဲ့ crypto trading နဲ့ပါတ်သတ်တဲ့ beginner လမ်းညွှန်လေးပါ။
Bitcoin ကိုတော့လူတိုင်းသိပြီးသားဖြစ်မှာပါ Bitcoin ပေါ်ပြီးနောက်ပိုင်းမှာ bitcoin ကဲ့သို့သော နောက်ထပ် crypto currencies တွေထပ်ပေါ်လာပါတယ်။ နောက်ထပ်ပေါ်လာတဲ့ coin တွေဟာ bitcoin ကို(များသောအားဖြင့်)မူတည်ပြီး အချိန်နဲ့ အမျှဈေးနှုန်းပြောင်းလဲမှုတွေရှိနေပါတယ်။ သူတို့တွေရဲ့ဈေးနှုန်းပြောင်းလဲမှုတွေပေါ်မှာကျွန်တော်တို့တွေကအကျိုးအမြတ်ရှာရမှာပါ။
crypto trading ကလွယ်လွယ်ပြောရရင်တော့ ဈေးကျနေတဲ့(ဈေးတတ်မယ်လို့ထင်တဲ့)coin ကိုဝယ် target တစ်ခုထားပြီးဈေးတတ်ရင် ပြန်ရောင်း အဲ့သဘောမျိုးပါ (Forex လိုမျိုး margin trading လုပ်ချင်တဲ့လူတွေအတွက်လဲနောက်ကျရင်ရေးပေးပါ့မယ်) Crypto trade မှာ risk အရမ်းနည်းပါတယ် ဘာကြောင့်လဲဆိုတော့ ကိုယ်က coin တစ်ခုကိုဈေးတတ်မယ်ထင်ပြီး ၀ယ်ထားမိပြီးဈေးကျသွားတယ်ဆိုပါတော့ဗျာ ၀ယ်လိုက်ပြီဆိုမှတော့ကိုယ့်ပစ္စည်းဖြစ်သွားပြီဗျာ ကိုလိုချင်တဲ့ဈေးမရောက်မချင်းသာကိုင်ထားဗျာ အနှေးနဲ့အမြန်ပဲကွာတယ် ပြန်တက်ပါတယ်။
beginner တွေအနေနဲ့ကတော့များများလေ့လာကြပါ ကိုယ်တိုင်ဈေးကွက်ကို analysis လုပ်ချင်သူတွေကတော့ www.bitcointalk.org မှာရှာဖတ်ပါ။
ကျွန်တော်တို့ Cryto trading Myanmar group မှာလဲ signal အနည်းအကျဉ်းပေးပါတယ်။
နောက်တစ်ခုအရေးကြီးတာက ဘာပဲလုပ်လုပ် money management ကအရေးကြီးဆုံးပါပဲ ဥပမာပေါ့ဗျာ-မိတ်ဆွေဆီမှာ 100USD ရှိတယ်ဆိုပါတော့ coinတစ်ခုတည်းကိုဈေးတက်မယ်ထင်ပြီးဝယ်ထားပြီးတော့ တစ်လလောက်ကြာအောင်မတက်ရင် ဘာဖြစ်မယ်ထင်လဲ ထိုင်စောင့်နေရမှာပေါ့ဗျ အဲ့ဒါကြောင့် ကိုယ့်မှာရှိတဲ့ပိုက်ဆံကို ၁၀ပုံ ပုံပြီးတော့ coin ၁၀မျိုးလောက်ဝယ်ပါ တစ်ခုမဟုတ်တစ်ခုဈေးတက်ရင် ကိုယ့်ငွေပြန်ပေါ်တော့နောက်တစ်မျိုးဝယ်လို့ရတာပေါ့ဗျ
Crypto trade လို့ကောင်းမယ့် site နှစ်ခုရှိပါတယ်
www.poloniex.com
www.bittrex.com ဒီဆိုက်နှစ်ခုက Volume အများဆုံးမို့လို့ပါ
နောက်တစ်ခုပြောချင်တာက fees ပေါ့ poloniex မှာဆို coin တစ်ခုဝယ်ရင် 0.15% ပေးရပြီးရောင်းရင် 0.25% ပါ
Bittrex မှာတော့ အ၀ယ်အရောင်းနှစ်ခုလုံး 0.2% ပေးရပါတယ်။
Order တင်ထားပြီး cancel လုပ်ရင် fees မဖြတ်ပါဘူး complete transaction အတွက်ပဲ fees ဖြတ်ပါတယ်။
ဒီလောက်ဆို beginner တွေအတွက်အနည်းအကျဉ်းလောက်တော့သိသွားပြီလို့ထင်ပါတယ်။
အခုလိုမျိုးတွေရေးပေးတာ ကျွန်တော့်အတွက်အကျိုးအမြတ်မရပါဘူး knowledge sharing တစ်ခုအနေနဲ့ရေးတာပါ မိတ်ဆွေတို့သိထားတဲ့အကြောင်းအရာတွေလဲ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
ဇင်မင်းထွန်း
Leave Crypto Currency trading for beginner to:
Read more #crypto posts
Best Posts From Zin Min Tun
We have not curated any of zinmintun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.