Funny
သင့်ဘ၀ဟာ စာအုပ်တစ်အုပ်နဲ့ တူတယ် …
နေ့တိုင်း သင့်ဘ၀နဲ့ ရင်းပြီး စာတွေ ရေးနေတယ် …
ဘယ်လိုစာတွေကို သင်ရေးနေလဲ …
တစ်ခါတစ်လေမှာ သင့်မှတ်တမ်းလေးတွေက သာယာတယ် …
တစ်ခါတစ်လေမှာ သင့်မှတ်တမ်းတွေက စိတ်ပျက်စရာ ကောင်းတယ် …
တစ်ခါတစ်ရံမှာ သင့်စာအုပ်ထဲက စာမျက်နှာတစ်ခုက ကြေမွသွားတယ် … သင်ဘယ်လိုကြိုးစား ကြိုးစား အဲဒီစာမျက်နှာက အကောင်းအတိုင်း ပြန်ဖြစ်မလာနိုင်တော့ဘူး …
တစ်ချို့က အဲဒီလိုဖြစ်တာနဲ့ ဘာမှ ဆက်မလုပ်နိုင်တော့ပဲ ပူဆွေးနေတတ်တယ် …
ဒါပေမယ့် သင်နားလည်ရမှာက သင့်မှာ အကောင်းအတိုင်း ရှိနေတဲ့ စာမျက်နှာပေါင်းများစွာ ကျန်သေးတယ် …
အဲဒါတွေအတွက် သင့်ရဲ့ ဦးဆောင်မှု လိုနေတယ် …
တစ်နေရာမှာ အဆင်မပြေတာဟာ နေရာတိုင်းမှာ အဆင်မပြေတာ မဟုတ်ဘူး …
လုပ်ငန်းတစ်ခုမှာ အဆင်မပြေတာဟာ အလုပ်တိုင်း အဆင်မပြေတော့တာ မဟုတ်ဘူး …
အလုပ်ထဲမှာ တစ်ယောက်နဲ့ အဆင်မပြေတာဟာ အလုပ်ထဲက လူတိုင်းနဲ့ အဆင်မပြေတာ မဟုတ်ဘူး …
သင့်ကို လူတစ်ယောက်က ဒုက္ခပေးသွားတယ်ဆိုတာဟာ လူတိုင်းက မကောင်းဘူးလို့ မဆိုလိုဘူး …
သင့်ဘ၀ထဲမှာ ချစ်ခင်ရတဲ့ လူတစ်ယောက်ဆုံးရှုံးသွားတာဟာ အရာအားလုံးကို ဆုံးရှုံးလိုက်ရတာ မဟုတ်ဘူး …
သင်အမှားတစ်ခုလုပ်မိတာဟာ သင်ဘယ်တော့မှ အမှားပြန်လည် မပြင်ဆင်နိုင်တော့ဘူးလို့ မဆိုလိုဘူး …
ညမှောင်နေတာဟာ နေမထွက်လာတော့ဘူးလို့ မဆိုလိုဘူး …
ပြီးခဲ့တဲ့ စာမျက်နှာတွေကနေ အနာဂါတ်အတွက် ကောင်းတဲ့သင်ခန်းစာတွေယူပါ …
ရှေ့ဆက်ရမယ့် ဘ၀စာမျက်နှာတွေအတွက် အကောင်းဆုံးဖြတ်သန်းပါ …
သင့်ဘ၀တစ်သက်တာစာအုပ်ကို သင်အသက်ကြီးလာတဲ့တစ်နေ့ကျရင် သင့်သားသမီး မြေးမြစ်တွေနဲ့ သင့်အနီးအနားက လူငယ်တွေကို ပေးဖတ်မယ်ဆိုရင် သူတို့ကို ဘာသင်ခန်းစာတွေ ရသွားစေချင်လဲ …
ဘ၀မှာ ၀တ်စုံပြည့် လေ့ကျင့်တယ်ဆိုတာ မရှိဘူး …
ရှေ့ဆက်တဲ့အခါ အရာရာကို သတိထားပါ …
လူကောင်းတွေနဲ့ ပေါင်းပါ …
သင့်ရဲ့ ပညာသာလျှင် သင့်အတွက် အကောင်းဆုံး Coach တစ်ဦးဖြစ်တယ် …
တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း ကိုယ်တကယ်လိုချင်တာက ဘာလဲ … ကိုယ်ဒါကိုလုပ်ရင် ကိုယ်လိုချင်တာကို ထိခိုက်နိုင်လား အမြဲစဉ်းစားပါ …
လေ့လာပါ … ကြိုးစားပါ … သင်ယူပါ …
Leave Funny to:
Read more #myanmar posts
Best Posts From Zin Min Tun
We have not curated any of zinmintun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.