yairthiha avatar

ယောက်ျားတ​ယောက်​ မာန

yairthiha

Published: 12 Mar 2018 › Updated: 12 Mar 2018​ယောက်ျားတ​ယောက်​ မာန

ယောက်ျားတ​ယောက်​ မာန

ambitious-man-in-suit-deposit-photos.jpg

မြို့ပြတစ်​မြို့ရဲ့ ရပ်​ကွက်​တခုမှာ ​နေသူ ဆိုတဲ့ ​ကောင်​​လေးတ​ယောက်​​နေထိုင်​ပါသည်​၊ ထို​ကောင်​​လေးသည်​ အိမ်​​ထောင်​ရှိသည်​။မိန်းမဖြစ်​သူသည်​ စကားမတတ်​၊ ​နေသူ ထက်​ ပိုပြီး အလုပ်​ကြိုးစားသည်​၊​နေသူရဲ့ လစာ သည်​ မိန်းမဖြစ်​သူလစာ ရဲ့ 10% မျှ သာ ဖြစ်​သည်​။နေ့စဉ်​​နေ့တိုင်းအဆင်​​ပြေ​ပြေ​နေထိုင်​ကြသည်​၊​နေသူသည်​ စာ​ရေးဆရာတ​ယောက်​ဖြစ်​သည်​၊ဝင်​​ငွေ နည်းသည်​၊သို့​သော်​​နေသူ သည်​သူ့ဝါသနာကို မစွန့်​လွှတ်​ပဲ ဆက်​၍ကြိုးစားပါသည်​၊တခါတ​လေ ရွာပွဲဇာတ်​ပွဲများတွင်​ ပြဇာတ်​အတွက်​ ဝင်​ က တတ်​သည်​၊ ဝင်​သရုပ်​​ဆောင်​တတ်​သည်​၊ အသွင်​တူမှ အိမ်​သူဖြစ်​သည့်​အ​လျောက်​ မိန်းမဖြစ်​သူသည်​လည်း ကရာတွင်​ လည်း​ကောင်း သရုပ်​​ဆောင်​ရာတွင်​လည်း​ကောင်း အလွန်​ဝါသနာပါလှသည်​၊
တ​နေ့ မိန်းမဖြစ်​သူအလုပ်​မှပြန်​လာသည့်​အခါ မိန်းမ ပင်​ပင်​ပန်းပန်းဖြစ်​ပြီး အလုပ်​မှာ ​ဒေါသထွက်​စရာ ဖြစ်​လာခဲ့သည်​၊၊​မောင်​​နေသူ က ​သေချာမသိ ၊ ပုံမှန်​အတိုင်းဖြစ်​​လေသည်​။အလုပ်​ကိစ္စမှာ အဆင်​မ​ပြေမှု ဖြစ်​ခဲ့​သော ​ကြောင့်​ ​နေသူ့မိန်းမ အလွန်​ပင်​ ​ဒေါသထွက်​​နေသည့်​အချိန်​တွင်​ ​မောင်​​နေသူက
" မိန်းမ ဒီ​နေ့​တော့ ဆိုင်​သွားစားရ​အောင်​ "
ဟု မိန်းမဖြစ်​သူအား ​ပြောဆိုခဲ့သည်​။မိန်းမ ဖြစ်​သူက ​ဒေါသထွက်​ကာ

" ဘာမှမစားချင်​ဘူး၊ ဘယ်​မှလဲမသွားချင်​ဘူး၊ ဘာမှလာမ​ပြောနဲ့ အလိုလိုမှ ​ဒေါသထွက်​​နေတာ ၊...အလုပ်​ကလည်း အဆင်​မ​ပြေဘူး "

နေသူက မိန်းမ ပိုက်​ဆံကုန်​မည်​ကိုစိုးရိမ်​​နေသည်​ဟု တလွဲ​တွေးကာ

"မိန်းမဆိုင်​ထိုင်​တာ အာ့ဒီ​လောက်​မကုန်​ပါဘူး ကွ ၊ လာပါ သွားရ​အောင်​ "

မိန်းမ မှာ ​ဒေါသဖြစ်​ကာ

" ရှင်​ ရတဲ့ လခ က ကျမ ဖိနပ်​တရံ ဖိုး​တောင်​ မရှိဘူး ”
ပြောဆိုလိုက်​သည်​၊

မောင်​​နေသူတ​ယောက်​ အင်​မတန်​ ​ဒေါသ ထွက်​သွား​လေပြီ၊
နေသူက
' မင်း မင်း မင်း ဒီစကား​ပြောတာ မှတ်​ထား၊ ငါ့လခက မင်းဖိနပ်​ဖိုး​လောက်​​တောင်​မရှိဘူး မင်း​ပြောတဲ့အာ့စကား မှတ်​ထား ၊
မင်းနဲ့ငါ မ​ပေါင်းနိုင်​ဘူး ၊ မင်းစကားမင်း​သေချာမှတ်​ထားပါ၊ ငါတို့ကွာရှင်းကြမယ်​ ”

images (13).jpeg
မိန်းမဖြစ်​သူသည်​ကား ​ဒေါသ​ကြောင့်​သာ ​ပြောမိလိုက်​ရာ အမှန်​စင်​စစ်​ စိတ်​ရင်းမှာ ဘာသ​ဘောမှမပါ​ပေ၊သို့​ပေမယ့်​ ​မောင်​​နေသူရဲ့ ​ယောက်ျားမာနကို သွားနှိုးဆွ လိုက်​သလိုပင်​ ဖြစ်​​လေပြီ၊ဒီလိုဖြစ်​သွားသည်​ကို ​နေသူ့မိန်းမသိကာ ​နောင်​တရပြီး မကွာရှင်း​ပေးခဲ့​ပေ၊ သို့​သော်
မောင်​​နေသူ စိတ်​အရမ်းထိခိုက်​ပြီး အလွန်​စိတ်​ပျက်​သွားခဲ့သည်​၊ မိန်းမနဲ့ ​တွေ့မယ့်​လမ်း ​ရှောင်​ကွင်းသွားခဲ့သည်​၊ ​မောင်​​နေသူ့​အ​ဆောင်​ ကိုလိုက်​လာခဲ့​သော မိန်းမ ကို မမြင်​ရ​အောင်​ အ​ဆောင်​ ​နောက်​​ဖေးမှ ထွက်​သွားခဲ့သည်​၊ ဤကဲ့သို့ပင်​ အလွန်​စိတ်​ပျက်​ သွား​သော ​မောင်​​နေသူသည်​ မာနကို မ​လျော့​တော့ပဲ
မိန်းမကို ​ရှောင်​ဖယ်​​နေ​တော့သည်​၊ မိန်းမကလဲ အရမ်းချစ်​ရတဲ့အိမ်​​ထောင်​​ရေးဖြစ်​သည့်​အ​လျောက်​ ​နောင်​တရကာ
မရရ​အောင်​ ရှာ ၊ ပြန်​လက်​တွဲဖို့အတွက်​ ကြိုးစားသည့်အတွက် ​နေသူ့မိန်းမ တ​နေ့တခြား နှလုံး​ရောဂါ စွဲကပ်​​လေပြီ၊ ​မောင်​​နေသူသည်​လည်း မိမိမာနကိုထိပါး ​စော်​ကားခဲ့​သော​ကြောင့်​ မာနကို မ​လျော့ချကာ
ဒီတိုင်း ဆက်​​လျှောက်​​နေ​လေသည်​၊

အမှန်​စင်​စစ်​သည်​ ​မောင်​​နေသူသည်​ ဆရာဝန်​တ​ယောက်​ဖြစ်​​ပေသည်​၊ အင်​မတန်​သ​ဘော​ကောင်းသူဖြစ်​သည်​၊ ဝါသနာမှာ စာ​ရေးသူဖြစ်​လို့ စာမူခ နဲ့ပဲ ​ကျေနပ်​​နေခဲ့သူဖြစ်​ပါသည်

ဒီ​တော့ ​နောက်​ပိုင်း ဘယ်​လိုဆက်​ဖြစ်​မလဲဆိုတာ ​နောက်​တပိုင်းမှာ ဖတ်​ကြည့်​လိုက်​ရ​အောင်​....... 😁

question-mark2.jpg

နေအုန်း ​မေးခွန်း​လေး ​ဖြေသွား​ပေး

သင်​သာဆိုရင်

မောင်​​နေသူကို ဘယ်​လိုဖြစ်​​စေချင်​မလဲ

Written by yairthiha
Credit to Google Images
MSC 003

Leave ​ယောက်ျားတ​ယောက်​ မာန to:

Written by

A member of Steemit in myanmar , University student

Read more #myanmar posts


Best Posts From yairthiha

We have not curated any of yairthiha's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From yairthiha