Cryptocurrency
အားလုံးပဲ မင်္ဂလာပါခင်ဗျာ
ကျနော် သိတဲ့ Cryptocurrency အကြောင်း နည်းနည်း တတ်ယောင်ကား လုပ်ပြီး ပြောပြမယ်နော်၊
ကျနော်သိတဲ့ Coinbase အကောင့် ဖြစ်ခါစ 2017 ခုနှစ် January လ ဝန်းကျင်လောက်က Coinbase Acc ဖွင့်ပြီး bitcoin တွေကို စု ခဲ့မိသည်၊ အားလုံးသိတဲ့အတိုင်း btc စုရသည်မှာ အလွန်ပင် စိတ်ရှည်ရပေသည်၊ နည်းနည်းချင်း စုကာ 1$ လောက် ရ ရင် အရမ်းပျော်ခဲ့ပါသည်၊ ထိုရခဲ့သော 1 $ USD ရဖို့အတွက် နေ့မအား ညမအား မျက်လုံးအပျက်ခံကာ ဘေဖိုး 5000နီးပါး ရင်းခဲ့ရပေသည်၊
Online လောကမှာ money ရသည်ဆိုသော သတင်းကြောင့် ဘာမှမသိပဲ ဝင်လုပ်ခဲ့မိသူ ကျနော်ရဲသီဟပါ၊ ကျနော့်လိုမျိုး အရမ်းပဲ ပျော်ခဲ့ဖူးတဲ့ ညီအကိုတွေ များစွာ ရှိမှာပါ။ Cryptocurrency လောက မှာ နားလည်သလိုလို ဖြစ်လာခဲ့သည်မှာ လွန်ခဲ့သော လအနည်းငယ် က ဖြစ်ပါသည်။
ကျနော် ကျောင်းတစ်ဖက်နဲ့ Online Money Making ဘက်မှာ အတော်အကြာ လေ့လာခဲ့သည်၊ ထိုသို့ လေ့လာခဲ့သောကြောင့် အတန်းထဲမှာ သူငယ်ချင်းများမှာ ကျနော့်အား ခပ်ကြောင်ကြောင် ကောင်လေး အဖြစ် မြင်ပေသည်၊မှန်ပါသည်၊ Online ပေါ်မှာ ပိုက်ဆံရသည်ဆိုသော စကားသည် အလွန်ပင် ယုံကြည်ရခက်ပေသည်၊
Cryptocurrency ရဲ့ သဘောတရားမှာ အဝေးမှ ပြန်လာမည့် ချစ်သူကို မျှော်နေရသည် နှင့်တူသည်၊ Cryptocurrency မှာ လည်ပတ်နေသော ငွေကြေးယူနစ်များစွာ ရှိပေသည်၊ ဈေးအတက်အကျကို ဘယ်လောက်ပင် ခန့်မှန်းတော်သည်ဖြစ်စေကာမူ ကံကောင်း အကြောင်းတိုက်ဆိုင်သည် ဖြစ်စေ၊ တော်သော Trader များ မပါပေ၊ ဟဲဟဲ
IQ option, Binary.com တို့တွင် Trade ၍ အဆင်ပြေနေသောသူများ၊ ဆရာ ဖြစ်နေသောသူများ ကျနော်အတော်ပင် လေးစားမိပါသည်၊ ဆရာလဲဆရာကျပါပေသည်၊ ခန့်မှန်းတော်သောဆရာများကို ကျနော်အတော်လေးစားမိပါသည်၊။
SBD ဟုခေါ်သော coin လေး ဈေးတက်ပါစေဟုသာ ကျနော်ဆုတောင်းနေပါသည်၊ အဝေးမှ ပြန်လာမည့် ချစ်သူကို မျှော်နေရသည့် အဖြစ် ဖြစ်နေပေသည်၊ သို့ပေမယ့် ကျနော့်ထက် ဝါရင့်သောဆရာများ၏ ပြောဆို ခန့်မှန်းချက် ကြောင့် ကျနော် အလွန်ပင် မျှော်လင့်မိပါသည်၊
SBD တွေ ဈေးထောင်တက်မှ ကျနော် SBD ဖြင့် မိန်းမတောင်းပါမည်၊ ကျနော့်ချစ်ဆုံးသူငယ်ချင်းအဖြစ် ခင်ခဲ့သော တင်မျိုးအောင် ကဲ့သို့ပင် SBD ဖြင့် မိန်းမယူမည်၊ အားလုံးသောဆရာသမားများနှင့်အတူ ညီအကိုများ အားလုံး SBD ဈေးအတက်ကို စောင့်ရင်း၊ ကျနော်တို့ မျှော်လင့်တဲ့ SBD ဈေး ထောင်တက်ပါစေ လို့ ဆုတောင်းပေးလိုက်ပါရစေနော်၊....
SBD ဈေးတွေ တက်ပါစေ၊.......
Cryptocurrency မှ Coin ဈေးကွက်ဆိုတာ အဝေးမှ ပြန်လာမည့် ချစ်သူကို မျှော်နေသကဲ့သို့ပင်............😂😂
written by yairthiha
Msc 003
credit to google images
Leave Cryptocurrency to:
Read more #myanmar posts
Best Posts From yairthiha
We have not curated any of yairthiha's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.