Tin Aung Soe avatar

Walking in U Bein Bridge and Drawing Hand Painting

tin.aung.soe

Published: 24 Jul 2026 › Updated: 24 Jul 2026Walking in U Bein Bridge and Drawing Hand Painting

Walking in U Bein Bridge and Drawing Hand Painting

Hello friends.

One day, I went to Amarapura to buy flower plants.
I went to the flower nursery near Taungthaman loch in Amarapura and bought some flowers to grow indoors.

My son and daughter also came with me and we climbed U Bein Bridge in the afternoon.
We approached U Bein Bridge from the east and walked, and when we reached the halfway point of the bridge, we took a break at the rest area.

At the concourse on U Bein Bridge, vendors, souvenir carvers, camera-women taking souvenir photos, and visitors are resting and enjoying the breeze.

When a hand painter asked my son and daughter if they wanted to draw, they were interested.
So I had them draw pictures on their hands to make them happy.

Then I bought various fruit salads from the vendor and ate them.
After a short break, our family set off from U Bein Bridge.
I also took pictures of the natural beauty of Taungthaman Lake and the sky.

Today, I'm just sharing some family memories.
Do you want to see the beauty of Taungthaman Lake, friends?

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

တစ်နေ့က ပန်းပျိုးပင် ဝယ်ယူရန် အမရပူရမြို့ သို့ သွားဖြစ်ခဲ့ပါတယ်။
အမရပူရမြို့ တောင်သမန်အင်း နဘေးက ပန်းပျိုးဥယျာဉ် ကို ရောက်ပြီး အိမ်တွင်းစိုက် ပန်းပင် ဝယ်ယူဖြစ်ခဲ့ပါတယ်။

သားနှင့်သမီးလည်း ပါလာခဲ့တော့ နေ့လည်ခင်းမှာ ဦးပိန်တံတား ပေါ် တက်ဖြစ်ခဲ့ပါတယ်။
ဦးပိန်တံတား ကို အရှေ့ဘက်မှ တက်ရောက်ကာ လမ်းလျှောက်ပြီး တံတား တစ်ဝက် ရောက်ခါနီး နားနေဆောင်မှာ အနားယူဖြစ်ခဲ့ပါတယ်။

ဦးပိန်တံတား ပေါ်က နားနေဆောင်၌ ဈေးရောင်းသူများ၊ အမှတ်တရအရုပ်ရေးဆွဲသူများ၊ အမှတ်တရဓာတ်ပုံရိုက်ပေးသူ Camara-women နှင့် အလည်လာသူများ အနားယူရင်း လေညင်းခံနေကြပါတယ်။

လက်ပေါ် အရုပ်ရေးပေးသူတစ်ဦးက သားနှင့်သမီး ကို ပုံဆွဲမလား မေးသောအခါ သူတို့ စိတ်ဝင်စားကြပါတယ်။
ဒါနဲ့ သားနှင့်သမီး ပျော်စေရန် သူတို့၏ လက်တွေပေါ်၌ အရုပ်ရေးဆွဲပေးစေခဲ့ပါတယ်။

ပြီးတော့ ထိုနားနေဆောင်မှာပဲ ဈေးသည်ဆီမှ သစ်သီးမျိုးစုံသုပ် ဝယ်ယူကာ စားဖြစ်ခဲ့ကြတယ်။
ခဏနားပြီးတော့ ကျွန်တော်တို့မိသားစုသည် ဦးပိန်တံတားကြီး ပေါ်မှ ပြန်လည် ထွက်ခွါခဲ့ကြပါတယ်။
တောင်သမန်အင်း ရေပြင် နှင့် ကောင်းကင်၏ သဘာဝအလှတွေကိုလည်း ဓာတ်ပုံရိုက်ယူဖြစ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ မိသားစုအမှတ်တရပုံများကိုသာ ဖော်ပြပေးလိုက်ပါတယ်။
တောင်သမန်ရေပြင်အလှကို ကြည့်ချင်ကြလား မိတ်ဆွေတို့ရေ။

Leave Walking in U Bein Bridge and Drawing Hand Painting to:

Written by

Read more #hive-197685 posts


Best Posts From Tin Aung Soe

We have not curated any of tin.aung.soe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Tin Aung Soe