ငါလား......
"ငါလား" ...
ငါလား...
ကြံ့ခိုင်လွန်းတယ်လို့ မထင်လိုက်ပါနဲ့ ၊
ပျော့ညံ့မှုတွေ အများကြီးကြောင့် ရလာတဲ့ ဒဏ်ရာတွေကပဲ ကြံ့ခိုင်အောင် သင်ကြားပေးသွားတာပါ။
ငါလား....
တော်လိုက်တာလို့ မထင်လိုက်ပါနဲ့ ၊
မလုပ်တတ်မကိုင်တတ် သူများအားကိုးလွန်းတဲ့စိတ်ကြောင့် ဖြစ်လာတဲ့ ရှုံးနိမ့်မှုတွေကပဲ တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းတတ်အောင် လမ်းပြပေးသွားတာပါ။
ငါလား...
နေတတ်ထိုင်တတ်လိုက်တာလို့ မထင်လိုက်ပါနဲ့ ၊
မနေတတ်မထိုင်တတ် လုပ်ခဲ့တဲ့ အမှားတွေကနေမှ သင်ခန်းစာယူ ပြန်ပြင်ထားတာပါ။
ငါလား ...
ရင့်ကျက်လိုက်တာလို့ မထင်လိုက်ပါနဲ့ ၊
ကလေးစိတ်နဲ့ ဖြစ်ချင်ဖြစ်လုပ်ခဲ့တဲ့ မဟာအမှားတွေကနေ မဖြစ်မနေ မာကျောလိုက်ရတာပါ။
ငါလား...
မျိုသိပ်နိုင်လိုက်တာ အပူပင်မရှိဘူးလို့် မထင်လိုက်ပါနဲ့ ၊ပွင့်လင်းလွန်းပြီး ရင်ဖွင့်တိုင်ပင်ခဲ့တာတွေက နောက်ကျောကဓါးတွေဖြစ်နေလို့ တစ်ယောက်တည်း မဖြစ်မနေ တိတ်ဆိတ်နေပစ်လိုက်ရတာပါ။
ငါလား ...
အပြောင်းလဲ မြန်လိုက်တာလို့ မထင်လိုက်ပါနဲ့ ။
ပြောင်းလဲလွန်းတဲ့ လူတွေအကြား ရေလိုက်ငါးလိုက်နေရင်း ခံစားချက်တွေ စုန်းစုန်းမမြှပ်သွားအောင် ကူးခတ်နေရလို့ပါ ။
Crd by @tazinsaung
Leave ငါလား...... to:
Read more #esteem posts
Best Posts From tazinsaung
We have not curated any of tazinsaung's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.