ခွင့်လွှတ်ခြင်း
ခွင့်လွှတ်ခြင်း
#ကိုယ့်အပေါ်အတင်းအဖျင်းပြောသူတွေကိုလည်း အရင်ကလိုဆတ်ဆတ်ထိမခံလိုက်ဖြေရှင်း
မနေပါနဲ့တော့
ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမိတဲ့ကိုယ့်အကြောင်းတွေကို သူတို့ကဂရုတစိုက်နဲ့
စောင့်ကြည့်အကဲဖြတ်ပေးနေတဲ့အတွက် လေးလေးနက်နက်ပဲကျေးဇူးတင်ပစ်လိုက်ပါ
#ကိုယ့်ကိုတက်နင်းကျော်ခွပြီးခုတုံးလုပ်သွားသူတွေကိုလည်း ကျေးဇူးမသိတတ်လေခြင်းလို့
ရင်ထဲမှာနာကျင်မနေပါနဲ့တော့
သူတစ်ပါးအတွက်အမြင့်ရောက်အောင်ထမ်းတင်ပေးနိုင်ခဲ့တဲ့ကိုယ့်ပုခုံးတွေက သာမန်ထက်
ပိုပြီးကြံ့ခိုင်သန်မာလာတာကိုပဲ အမြတ်အဖြစ်ကျေနပ်နေလိုက်ပါ
လုံးဝစွန့်လွှတ်နိုင်ဖို့ရာခက်ခဲတဲ့ဒီလောကကြီးမှာ ခွင့်လွှတ်တတ်အောင်ပဲ ကိုယ့်ကိုယ်ကိုယ်
သွန်သင်ရင်း ကျန်နေသေးတဲ့ဘဝနေ့ရက်တွေကို ဝန်ကင်းကင်းနဲ့ပဲလျှောက်လှမ်း
သွားနိုင်ကြပါစေ
Crd by @tazinsaung
Leave ခွင့်လွှတ်ခြင်း to:
Read more #esteem posts
Best Posts From tazinsaung
We have not curated any of tazinsaung's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.