dancer lay avatar

Rabbit

smileking

Published: 26 Jul 2018 › Updated: 26 Jul 2018Rabbit

Rabbit

တစ်​ချိန်​တုန်းက ကျွန်​မတို့ရွာက​လေးဟာသာယာလှပလွန်းခဲ့ပါတယ်​။ ကျွန်​မဟာငယ်​စဉ်​ကတည်းက မိဘစကားနား​ထောင်​ပြီး​နေထိုင်​လာခဲ့သူ​လေး​ပေါ့။ အရွယ်​​ရောက်​လာ​တော့ မိဘ​တွေသ​ဘောတူတဲ့သူနဲ့ပဲ​လက်​ဆက်​လိုက်​တယ်​။ ကျွန်​မဟာကျွန်​မရွာက​လေးမှာပဲ ​ငယ်​စဉ်​က​လေးတည်းက​နေလာ​တော့ အပြင်​​လောကအ​ကြောင်း​တွေကိုမသိရှာဘူး။အပြင်​​လောကက အလွန်​​ကြောက်​စရာ​ကောင်းမှန်း ကျွန်​မမိဘ​တွေက​ပြောထား​တော့ မိဘစကားကိုနား​ထောင်​တဲ့ကျွန်​မအပြင်​​လောကပင်​မထွက်​နိုင်​ခဲ့​ပေ။ ကျွန်​မအိမ်​​ထောင်​ကြပြီးသိပ်​မကြာခင်​မှာပဲ ကျွန်​မ မိဘ​တွေအသက်​ခံလိုက်​ရတယ်​။ ကျွန်​မမိဘ​တွေအသက်​ခံခဲ့ရပြီး​နောက်​ပိုင်း ကျွန်​မလဲမိမိကိုယ်​ကိုပင်​မလုံခြုံ​တော့ဘူး။ တစ်​ခုခုသာဖြစ်​ရင်​ ကျွန်​မ​ယောကျာ်းကလဲကာကွယ်​​ပေးနိုင်​ပင်​မဲ့ ကျွန်​မက​တော့​ကြောက်​​နေမိတယ်​။
image
ကျွန်​မတို့မိသားစုတည်းကို ကျွန်​မသမီး​လေးဟာ​ရောက်​ရှိခဲ့တယ်​။ကျွန်​မသမီး​လေးဟာအလွန်​ပင်​ချစ်​ဖို့​​ကောင်းပါတယ်​။အော်​​မေ့​နေလို့ ကျွန်​မကိုယ်​ကျွန်​မမိတ်​ဆက်​ကဦးမယ်​။ ​ကျွန်​မနာမည်​က​တော့ ဝတ်​မှုန်​​ရွှေရည်​ ပါ။ကျွန်​မက​တော့ ယုန်​မ​လေးတစ်​​ကောင်​ပါ။ ကျွန်​မက အလွန်​ပင်​​ကြောက်​တတ်​တဲ့ယုန်​မေ​လး​ပေါ့။ကျွန်​မနိဘ​တွေကိုလဲ​ ကျားကသင်​သွားကြတယ်​​လေ။ ကျွန်​မက​နေတဲ့ရွာ​လေးက​တော့ ​မြေ​အောက်​​လေးမှာပဲ​ပေါ့။ ကျွန်​မအပြင်​မထွက်​ဘူး​လေ။ အဲ့​တော့ကျွန်​မအပြင်​​လောကအ​ကြောင်းမသိဘူး။
အော်​ကြည့်​ ကျွန်​မအ​ကြောင်းကြီးပဲဖတ်​​နေပြီး​တော့ ရှင်​တို့ကြ​တော့ ရှင်​တို့အ​ကြောင်းမ​ပြောဘူး။မ​ပြောလဲ​နေပါ ကျွန်​မက​တော့ ကျွန်​မအ​ကြောင်းဆက်​​ပြောမှာပဲ။ ကျွန်​မသမီး​လေးနာမည်​က ယွန်းယွန်းတဲ့။ သူ​လေးကအရည်းချစ်​ဖို့​ကောင်းလွန်းလို့ သူ့ကိုလာပိုးတဲ့ သူ​တွေများလွန်းလို့ သူ​လေးအ​တော်​စိတ်​ညစ်​​နေတယ်​တဲ့။ ဘာလဲရှင်​က​ကော ကျွန်​မသမီးကိုစိတ်​ဝင်​စား​နေတာလား ​ပြော။ ကျွန်​မသမီး​လေးကို အဲ့လို​တွေမကြည့်​ပါနဲ့။ ​တွေ့လား​ပြောရင်း စိတ်​​တွေလှုပ်​ရှားပြန်​ပြီ။ ကျွန်​မလဲ​မောလာပြီ။ ​နောက်​အပိုင်းမှဆက်​​ပြော​တော့မယ်​ ရှင်​လဲလာခဲ့ဦး​နော်​။
ဟာသအမြင်​ဖြင့်
Msc 255
smileking@smileking

Leave Rabbit to:

Written by

I love steemit I am electrical power student

Read more #myanmar posts


Best Posts From dancer lay

We have not curated any of smileking's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From dancer lay