Lies
ဒီတစ်ပတ် promotion လေးကိုတော့ ကျွန်တော်ရဲ့အတွေးအတိုင်း lies ဆိုတဲ့ လိမ်ညာမှုတွေအကြောင်းရေးသားချင်ပါတယ်။
✌ ယနေ့ခေတ်တွင်မူလိမ်ညာခြင်းတွေ social media တွေအထိခေတ်စားလာခဲ့တယ်။
😊ကမ္ဘာဦးအစတွင်မူ လိုတသစ်ပင်တွေရှိကြတယ် ဆိုတာလူတိုင်းသိကြပါတယ်။
😛လူတွေဟာငါးပါးသီလကိုမထိန်းသိမ်းမှုကြောင့် အဲ့လိုသစ်ပင်တွေက သူ့အလိုလိုပျောက်ကွယ်သွားတယ်။
😊ငါးပါးသီလထဲ လူတိုင်းကအပစ်နည်းတယ်ထင်သော လိမ်လည်ခြင်းဆိုတဲ့ မုသ ကိုအစဉ်ပြေသလိုပြောတတ်ကြတယ်။
😔ရှေးလူကြီးတွေကလဲ စကားပုံတစ်ခုကို စပ်ဆိုခဲ့တယ်။
😌အဲ့တာက မုသမပါလင်္ကာမချောတဲ့။
😚လိမ်လည်ခြင်းတွင်မူ black and white လို အလွန်ကွဲပြားခြားနားတဲ့ ကာလာတွေနည်းတူ ကောင်းသောလိမ်လည်ခြင်းနဲ့ အကျိုးယုတ်အောင်လိမ်လည်ခြင်းနစ်မျိုးရှိပါတယ်။
😁လူတိုင်းဟာလိမ်ညာခြင်းကို ဘာသာစကားတစ်ခုအဖြစ်အသုံးပြုလာရတယ်။
👼အဖြူရောင် သို့ ကောင်းသောလိမ်လည်ခြင်း👼
💦လူတိုင်းဟာ ကောင်းသောလိမ်လည်ခြင်းကို အနည်းငယ်အတွက်သာအသုံးပြုကြတယ်။ မိမိမိတ်ဆွေသူငယ်ချင်းက အကြောင်းအရာတစ်ခုကြောင့် စိတ်ညစ်နေတယ်ဆို သူအားတတ်စေမဲ့အရာတစ်ကို လိမ်ညာပြီးပြောတတ်ကြတယ်။ဥပမာ- မိမိသူငယ်ချင်းထဲတွင် တစ်ယောက်သောသူက သူ့၏ချစ်သူနဲ့ပြတ်သွားပြီဆိုပါစို့။ သူအားငယ်စိတ်ဓာတ်ကျနေတဲ့အချိန် တစ်ချိန်ကသူကြိုက်နေတဲ့တစ်ယောက်က သူ့ကိုကြွေနေပြီလို့ လိမ်ညာပြီးပြောဆိုလိုက်ပါတယ်။သူ၏ခံစားချက်အနည်းငယ် သက်သာသွားပြီး မဟုတ်မှန်သိလိုက်ရတဲ့ အခါ သူကိုလိမ်ညာပြီးပြောတာသိပင်မဲ့ မိမိသူငယ်ချင်း အနည်းငယ်ပျော်သွားလိမ့်မယ်။ လူတွေဟာအဖြူရောင်လိမ်လည်မှုကိုတစ်ခါတစ်လေသုံးပင်မဲ့ အဖြူရောင်လိမ်လည်မှုတွေကလဲတစ်ခါတစ်လေကြရင် ဆုတ်ယုတ်မှုတွေဖြစ်တတ်ခဲ့တယ်။💦
💀အနက်ရောင် သို့ မကောင်းသောလိမ်လည်ခြင်း👽
👂လူတိုင်းဟာ အနက်ရောင်လိမ်လည်ခြင်းကို အသုံးပြုများလာကြတယ်။ အနက်ရောင်မှုကို မိမိကိုယ်ကျိုးအတွက်လိမ်လည်မှုတွေပိုများပါတယ်။ အနက်ရောင်လိမ်လည်မှုကို တခြားသူ၏ဖြစ်စဉ်ကိုမကြည့်ပဲလိမ်လည်ကြတယ်။ မိမိအကျိုးရှိပင် တခြားသူဆင်းရဲဒုက္ခတွေရောက်အောင်လိမ်လည်ကြတယ်။ဥပမာ- ပွဲစားတစ်ယောက်သည် အိမ်တစ်လုံးသူဆီအပ်ပြီဆိုပါစို့။ အိမ်ရောင်းမည့်သူအား ထိုအိမ်က လမ်းနဲ့ဝေးတယ် ဈေးနဲ့ဝေးတယိတဲ့ပြော ဟိုပြောဒီပြောနဲ့ ဈေးလျော့အောင်ပြောကြတယ်။ အိမ်ဝယ်မည့်သူကိုလဲ ထိုအိမ်က မည်သို့မည်ဖုံကောင်းကြောင်းပြောပြီး နစ်ပေါက်တစ်ပေါက်ရိုက်ပြီး ကြားထဲက အကျိုးအမြတ်အများအပြားယူသွားကြတယ်။👀
💕 နေရာအနှံ့အပြားတွေတွေလိမ်လည်မှုတွေရှိကြပါတယ်။ တစ်ချို့ကြတော့လဲ အမှန်တရားလား လိမ်တာလားပင်မသိအောင် လိမ်တတ်ကြတယ်။ထိုသို့လိမ်လည်ခြင်းတွေက ယနေ့ခေတ်တွင် social media တွေမှာ အများအပြားခေတ်စားလာခဲ့တယ်။လိမ်လည်ခြင်းတွေက တရားရုံးတွေ ရဲဌာနတွေအထိပါရောက်လာခဲ့တယ်။ တရားရုံးတွင်လဲ ရှေ့နေတွေကလဲ မိမိ၏အမှုသည်နိုင်ဖို့အတွက် လိမ်လည်မှုတွေလဲ ထွက်လာကြတယ်။💕
ဒီနေ့တော့ ဒီလောက်နဲ့ နားလိုက်မယ်နော် အားပေးကြပါဦး။
အတွေးသစ်တွေနဲ့ smilekinglay
@smileking
Msc 255
Leave Lies to:
Read more #myanmar posts
Best Posts From dancer lay
We have not curated any of smileking's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.