Larva(kme) avatar

~မာယာကွန်​ယက်​~

phyozawooburmes

Published: 18 Jun 2018 › Updated: 18 Jun 2018~မာယာကွန်​ယက်​~

~မာယာကွန်​ယက်​~

  • စတီးမစ်​မြန်မာများ အားလုံး မင်္ဂလာပါဟု မြန်​မာလိုနုတ်​ခွန်းဆက်​သ ပါရ​စေ။ကျွနု​ပ်​သည်​လည်း MSC တွင်​ pro မတင်​ဖြစ်​ခဲ့သည်​မှာ နှစ်​ပတ်​လား၊ သုံးပတ်​လားပင်​မသိ​တော့။ မိမိတို့ မြို့က​လေး၊ ရက်​ကွက်​က​လေးထဲတွင်စာကြည့်​တိုက်​ဖြစ်​​မြောက်​​ရေး အတွက်​ လုံးပန်း​နေရသည်​မှာနှင့်​ မအားအလပ်​။ မိမိဆိုင်​က​လေးပင်​ ဖွင့်​ရက်​ကသိပ်​မမှန်​ချင်​​ပေ။ စာကြည့်​တိုက်​ ဖြစ်​​မြောက်​​ရေးအတွက်​ ရန်​ပုံ​ငွေရှာရ၊ လူများစည်းရုံး​ရေးဆင်းရ။ လူကြီး​တွေနက်​ စကား​ပြောရတိုင်​ပင်​ရဖြင့်​ online ပင်​ သိပ်​မသုံးဖြစ်​ခဲ့​ပေ။
    ယခုတွင်​မူ​တော့ စာကြည့်​တိုက်​က​လေးလည်း ​9.6.2018 စ​နေ​နေ့ မနက်​ ၉နာရီတွင်​ ​အောင်​မြင်​စွာ ဖြဲကိုးဖြတ်​ဖွင့်​လှစ်​ခဲ့ပြီး ဖြစ်​ပါသည်​။
    စာကြည့်​တိုက်​ ဖြစ်​​မြောက်​​အောင်​ ဝိုင်းဝန်း​ထောက်​ပံကြ​သော မိတ်​​ဆွေများ၊ ညီအစ်​ကို​မောင်​နှမ များ၊ MSC မှ အဖွဲ့ဝင်​များ အားလုံးကို ရို​သေစွာ ဂါဝရပြုအပ်​ပါသည်​။ ​လုပ်​ငန်း​ဆောင်​တာများလည်း အားလုံးပြီးစီးပြီမို့ အရင်​တစ်​ချိန်​များကလိုပင်​ msc တွင်​ ​ကောင်းတူ ဆိုးဘက်​ ပြန်​လည်​ ဆက်​လက်​ လက်​တွဲသွားပါမည်​။

IMG_0864-01.jpeg

အခန်း(၁)

မာယာကွန်​ယက်

မည်​မျှ ကြာ​အောင်​သတိ​မေ့​နေသည်​မသိ။
သူ့တကိုယ်​လုံးတွင်​ နာကျင်​လျက်​ ရှိသည်​။ ရင်​ထဲတွင်​ တလှပ်​လှပ်​ခံစားရသည်​။ ​ခြေလက်​တို့ မသယ်​ချင်​​တော့၊ သယ်​လည်းမသယ်​နိုင်​​တော့​ပေ။ အာ​ခေါင်​ထဲတွင်​လည်း ​ဆေးထန်​​နေပြီး။ သူသည်​ ကြိုးစား၍ တွ​တွေးမြိုချကြည့်​သည်​။ သူ့၏ ပါးစပ်​ထဲတွင်​ တွ​တွေးပင်​မရှိ​တော့​ချေ။

သူသည်​​ခေါင်းအား​ထောင်​၍ ကြည့်​သည့်​။ ခေါင်း​ထောင်​၍မရ။ လက်​​တွေလှုပ်​ကြည့်​သည်​။ ​ကောင်း​ကောင်း လှုပ်​၍ မရ။ လှုပ်​လိုက်​သည်​နှင့်​ ငှါက်​​ပျောခွံဖက်​ ကွာကျသလို ​ပျော့​ခွေကျသွားသည်​။ ခါး၊ ​ကျော​တွေလည်း ​အောက်​​နေသည်​။ပွန်းပဲ့ဒဏ်​ရာများ တစ်​ကိုယ်​လုံးတွင်​ ပြည့်​​နေသည်​။ သူသည်​တစ်​ချက်​ ညည်းကာ မျက်​လုံးအားဖွင့်​ကြည့်​သည်​။ ​တောက်​ပဆူးရှ​သောအလင်း​ရောင်​သည်​ စူးခနဲ ဝင်​လာသည်​။ သူ့အလိုလို မျက်​လုံးများ ပြန်​ပိတ်​သွားသည်​။

ခန္ဓာာကိုယ်​တွင်​ ခွန်​အားဆိုသည်​ နည်းနည်းက​လေးမျှပင်​ မရှိ​တော့။ သို့ရာတွင်​ ပြင်းထန်​​သောမှုန်​တိုင်းတိုက်​ခတ်​သံ​လော၊ ​သေနပ်​၊ ကျည်​ဆံတို့​ပေါက်​ကွဲသံ​လော မည်​သည့်​အသံမှန်း သူဦး​​နှောက်ထဲတွင်​​ ခွဲခြား၍မရ။ သူနားထဲများတွင်​ တရွှီရွှီဖြင့်​ ​မြွေများတွန်​သဲသကဲ့သို့ကြား​နေရသည်​။ သူသည်​မည်​သည့်​​နေရာသို့​ရောက်​​နေပြီနည်း။

အတတက်​နိုင်​ဆုံးကြိုးစား၍ ဦး​နှောက်​အား အလုပ်​​စေခိုင်းကြည့်​သည်​။သို့​သော်​ သူသည်​ မည်​သည့်​အရာကိုမှ ​တွေး​တောစဉ်းစား၍ မရ။သူ့တစ်​ကိုယ်​လုံးနာကျင်​​နေသည်​ကလွဲ၍ ကျန်​သည်​များ​ခေါင်းထဲတွင်​မရှိ။ ထို​နေရာ၌ မည်​မျှကြာ​အောင်​ ​မြော​နေခဲ့သနည်း။

Image source

သူသည်​ တစစ်​စစ်​ကိုက်​ခဲလျက်​ရှိ​သော ​ခေါင်းတွင်းမှ ​ဝေတနာအား သတိပြုမိသည်​။ခါးနှင်း ကိုယ်​လုံးမှ ဒဏ်​ရာများသည်​မှလည်း ​ဝေတနာခံစားရ​သေးသည်​။ ဦး​နှောက်​သည်​ ​ကောင်းစွာအလုပ်​ မလုပ်​နိုင်​​တော့​ပေ။ ​ခေါင်းများမူး​ဝေလာ​တော့သည်​။ မှိတ်​ထား​သော မျက်​လုံးထဲတွင်​ ​ရောင်​စုံများ​ပေါ်ထွက်​လာပြီး သူသည်​ တဖန်​ပြန်​လည်​ ​မေ့​မြောသွား​တော့သည်​။

မောင်​​ကောင်းသန့်​သည်​ ဤခရီးအားမသွားချင၊်​ ​မောင်​မင်းလှ ​မောင်​မြတ်​သူတို့၏ ​တောင်းဆိုမှူ​ကြောင့်​သာ ထွက်​လာခဲ့ရခြင်းဖြစ်​သည်​။ ​မောင်​​ကောင်းသန့်​တို့ သူငယ်​ချင်း သုံး​ယောက်​သည်​ တက္ကသိုလ်​တွင်​ စတင်​ဆုံကြပြီး စိတ်​တူကိုယ်​တူ အ​ပေါင်းသင်​များဖြစ်​ကြသည်​။


Image source

မောင်​​ကောင်းသန့်​၏ မိဘများသည်​ ရန်​ကုန်​တွင်​​နေကြပြီး အ​ရောင်းအဝယ်​လုပ်​ငန်းဖြင့်​ တင့်​​တောင်းတင့်​တယ်​ ​နေနိုင်​ကြသူများဖြစ်​ကြသည်​။ ​မောင်​မင်းလှ သည်​​တော့ ငယ်​ငယ်​က​လေးက မိဘများဆုံးသွားသဖြင့်​ အ​ဒေါ်တစ်​​ယောက်​၏ လက်​​အောက်​တွင်းကြီးပြင်းလာခဲ့သူဖြစ်​သည်​။ ယခုတွင်​မှူ တက္ကသိုလ်​ ​အောင်​မြင်​ပြီးဘွဲ့တစ်​ခုရကာ သူငယ်​ချင်းသုံး​ယောက်​ဝါသနာပါရာကို လုပ်​ကိုင်​​နေကြသည်​။

မောင်​မြတ်​သူ မှာ​တော့ အ​ဖေ သာရှိ​တော့ပြီး သူ၏ မိခင်​သည်​ ၆တန်းနှစ်​​လောက်​ကပင်​ ဆုံးပါးသွားကာ မိ​ထွေးနှင့်​ သိပ်​အဆင်​မ​ပြေ​ချေ။

ယခုတွင်​​တော့ သူငယ်​ချင်းသုံး​ယောက်​ဝါသနာပါရာ အား လက်​​တွေ့အ​ကောင်​အထည်​​ဖော်​ လုပ်​ကိုင်​​နေကြ​ပေသည်​။

ဆက်​ရန်​-----

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး
Writting by phyozawoo
phyozawooburmes@phyozawooburmes
MSC-071

Leave ~မာယာကွန်​ယက်​~ to:

Written by

🙈🙉🙊

Read more #myanmar posts


Best Posts From Larva(kme)

We have not curated any of phyozawooburmes's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Larva(kme)