Phyoe Thet avatar

Shan Noddel and study night

phyoethet137

Published: 12 Dec 2024 › Updated: 12 Dec 2024Shan Noddel and study night

Shan Noddel and study night

အသက် ၃၆မှာ Mature ဖြစ်ရဲ့လားလို့
မေးရရင်တော့ ကိုယ့်ကို Noလို့ပဲ ဖြေရမှာပဲ

ကိုဗစ်၂၀၂၀ရဲ့ ရှေ့နဲ့စာရင်တော့
ဇီဇာကြောင်နိုင်မှုတွေ ပိုလာတယ်

ကိုယ်ဆုံရတဲ့ဆရာ ဆရာမတွေက
အရမ်းနဲ့ပြည့်ကြတဲ့သူတွေနဲ့
အနီးကပ် သင်ကြားခဲ့ရတာလည်း
ပါလိမ့်မယ်

ဒီလိုပြောလို့ ကိုယ့်ဆရာဆရာမတွေက
ဇီဇာကြောင်ကြတာမဟုတ်ဘူး
သူတို့က အနေထိုင် သပ်ရပ်တာ
Smart ကျတာ

ကိုယ်အလေးစားရဆုံး ဆရာမဆို
သူနိုင်ငံတကာ အကုန်ရောက်ဖူးတယ်
သူ့ရဲ့ သင်ကြားမှု လေ့လာမှုက
ဘယ်တော့မှ ရပ်မနေဘူး
ငွေထက် ပညာကို ချစ်တဲ့
Food safety ဆရာမပဲ

နောက်တစ်ယောက်ကျတော့
Marketing သင်ဖူးသမျှထဲ
ကိုယ်အကြွေရဆုံး
လူတိုင်းကို အမြဲအပြုံးနဲ့ ဆက်ဆံတယ်
တစ်ခုမဟုတ် တစ်ခု သူ ဒါနပြုနေတာ
သူကိုယ်တိုင်ကြီးကိုက
Branded ဖြစ်နေတာမို့
အရမ်း လေးစားရတာ

ဆရာတစ်ယောက်ကျတော့
သူ့ကြည့်ရင် အမြဲပျော်နေတာကြီး
တစ်ခါခါ ဆရာအလုပ်လုပ်နေတာလား
အသုပ်သုပ်နေတာလား
မေးချင်မိလောက် အောင်ကို
သူ့ကြည့်ရတာ free style

Friday nightတိုင်း
stuff party ပေးတတ်တဲ့boss
လုံးဝ life is dancing ဆိုတဲ့ဘဲကြီး

အဲ့လို ပုဂ္ဂိုလ်မျိုးတွေနဲ့လေ့လာမှုရခဲ့တော့ ကျွန်တော်က ဇီဇာပိုကြောင်လာတယ်
လူရွေးပေါင်းတတ်လာတယ်

Profileမှာ တက်ခဲ့တဲ့မူကြိုကစလို့
၁နာရီစာ workshop certification အထပ်လိုက်ကြီး တင်နေရင်း ကြည့်မရဘူး

ဉပမာ သူ့ကိုယ်သူ
သိပ်ပြည့်စုံတဲ့မိန်းကလေးပါလို့
Socialမှာ ကြွယ်နေပြီး
တကယ့် real lifeမှာ
လျှော်စရာအဝတ် အပုံလိုက်
စားပြီးသား ပန်ကန်မရွေ့တဲ့ personilityကိုလည်း
မုဒိတာက ပွါးမရတာမျိုးနဲ့

ဓာတ်မတည့်တာတွေများလာတော့
ကျွန်တော်အနေနဲ့ လူရှောင်လာတယ်
လူများရင် မသွားဘူး
ရေပေါ်ဆီလို့မြင်ရင်
သိပ် ဟက်ဟက်ပက်ပက်မဆက်ဆံတော့တာ
တချို့လူတွေဆို unfollow လုပ်ပစ်တာမျိုး

တကယ့်တရားသဘောနဲ့ဆို
ကျွန်တော်က ကိုယ့်ကို သေချာမရှုဘဲ
တခြားသူကို ရှု့နေတာ
မဟုတ်လားနော်

ချစ်တဲ့တီဖြိုး
၁၂:၁၂:၂၀၂၄
၁၂နာရီ

Leave Shan Noddel and study night to:

Written by

First to be in good spirits

Read more #hive-122133 posts


Best Posts From Phyoe Thet

We have not curated any of phyoethet137's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Phyoe Thet