ကုသိုလ်ပြုရင်း ငရဲဝယ်
ခုတလော
ကုသိုလ်လိုချင်လို့
ပရဟိတတွေ လုပ်နေပါတယ်
ပရဟိတဆိုတဲ့ဝေါဟာရက
အားလုံး သိကြတဲ့အတိုင်း
ပရ - မိမိမှတစ်ပါး အခြားသူ
ဟိတ- အကျိုးစီးပွါး၊ အကျိုးတရား
ဆိုလေတော့
လွယ်မလိုလိုနဲ့
တီဖြိုးအတွက်တော့
စိတ်တော်တော်လေး ရှည်ရပါတယ်
တစ်ခါခါ စိတ်က လွတ်ပြီး
ဒေါသတွေထွက်လာမိတာမျိုးကြုံတော့
ကုသိုလ်ရှာရင်း
ငါတော့ အကုသိုလ် ပိုက်နေပြီဟလို့
မနည်း သတိကပ်ရတာမျိုးလည်း
ခဏခဏပါပဲ
ဇာတ်လမ်းအချုပ်ပြောရရင်
တော်တော်များများ ပြောကြသလို
ကျွန်တော်တို့ဒီနိုင်ငံမှာ
မွေးလာကြရတာပဲ
ကုသိုလ်ထူးလွန်းပါတယ်ပေါ့လေ
ချစ်တဲ့တီဖြိုး
20/11/2024
Leave ကုသိုလ်ပြုရင်း ငရဲဝယ် to:
Read more #hive-122133 posts
Best Posts From Phyoe Thet
We have not curated any of phyoethet137's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.