Phyoe Thet avatar

ပြာသိုလကွယ်အမှတ်တရ (9thFeb2024)

phyoethet137

Published: 10 Feb 2024 › Updated: 10 Feb 2024ပြာသိုလကွယ်အမှတ်တရ (9thFeb2024)

ပြာသိုလကွယ်အမှတ်တရ (9thFeb2024)

သူငယ်ချင်းတို့ဘဝမှာ
အကြောက်ရဆုံးသူက
ဘယ်သူလဲ

ကျွန်တော့အတွက်ကတော့ အမေပါ

ဒီနေ့ မိသားစုတွေ ဆုံချင်တယ်လို့
မိခင်ကဆိုတော့ ငြင်းခွင့်မရှိ
အလုပ်အားလုံးထားပြီး
လိုက်ခဲ့ရပြီ

အထွေအထူးလားဆိုလည်း မဟုတ်ဘူး
ကားပေါ်ကို အိမ်ရှိလူကုန် တက်
ကားဘီးလှည့်ရာ သွားကြတာ ထုံးစံပါပဲ

တစ်ခါများဆို ကားဘီးအလှည့်ကောင်းတာ
တောင်ကြီးကနေ အောင်ပန်း
အောင်ပန်းကနေ ပင်လောင်း
ပင်လောင်းကနေ ဖယ်ခုံမိုးဗြဲ

အဲ့ကနေ လွိုင်ကော်

လွိုင်ကော် ကနေ ဆီဆိုင်
ဆီဆိုင်ကနေ နမ့်ခုတ်
နမ့်ခုတ်ကနေ ကက္ကူ
ကက္ကူနေ ဟိုပုံး
အဲ့ ဟိုပုံးကနေမှ တောင်ကြီး

လမ်းမှာလည်း မရပ်ဘူးလေ
ပြန်တွေးရင် ရယ်စရာကြီး
ကားလျှောက်စီးကြတာဆို ပိုမှန်မှာပေါ့

ဒီနေ့ ပြာသိုလကွယ်
9th feb 2024မှာလည်း
တရုတ်အမျိုးသမီး ကျွန်တော့မိခင်က
နှစ်ကူးတဲ့

တကယ်တော့ တစ်ခါမှ နှစ်ကူးမုန့်ဖိုးလည်းမရ
ဘာကန်တော့ပွဲမှလည်း မရှိ
အိမ်နီးနားချင်းတွေကို
ကြွားချင်တဲ့ မိခင်ရဲ့ သဘောကြောင့်သာ
ကားလျှောက်စီးရတာဆို မမှားဘူးရယ်

ဒါနဲ့ အိမ်ကနေ နေ့လည် ၁၁နာရီလောက် စထွက်ပြီး
ပထမဆုံး ဟဲဟိုး လေသာတောင်ကို
တက်ခဲ့ကြတယ်

ဟဲဟိုးမြို့ရဲ့ တစ်ခုတည်းသော
မီးပွိုင့်ကို ညာဖက်ချိုးတဲ့အခါ
ဟဲဟိုး - ဘော်ဆိုင်းလမ်းခွဲလေးကနေ
ကိုက်တစ်ရာ သာသာလေး ဝင်ရင်
လေသာတောင်ဘုရားဝန်းရဲ့
မုခ်ဉီးအစကို တွေ့ရပြီပေါ့

ဘုရားဝန်းကျယ်ကျယ်ကြီးရဲ့
ညာဖက်ကတ္တရာလမ်းကနေ
နောက်ကိုက်တစ်ရာလောက်
တောင်ပေါ်ကိုတက်ရပါတယ်

တောင်ပေါ်တက်လမ်း ဝဲယာမှာ
ထင်းရှူးပင်တန်းတွေက
အသက်အဝကြီး ရှူဖို့ အကောင်းဆုံးပါပဲ

တောင်ပေါ်အစမှာ
၁) လျောင်တော်မူ ဘုရားကြီး
၂) နဂါးရုံ ဘုရားကို ကျော်ပြီး

အနောက်က ဂူပုထိုးတော်ကြီးဆီ
ကားနဲ့ တက်ခဲ့ကြတယ်
အမြင့်ပေ ၄၂၀၀ကျော်ခန့်ရှိပါတယ်

ဟဲဟိုးမြို့ရှူခင်းကို တဝကြီး ကြည့်ရတဲ့နေရာပါပဲ
ကျွန်တော့ အကြိုက်ဆုံးကတော့
လေကောင်းလေသန့် အရမ်းရပြီး
ဂူပုထိုးတော်ကြီးက
အရမ်း သပ္ပါယ်ပြီး အေးချမ်းတာပါ

ဂူပုထိုးရဲ့အပြင်ဘက်ထုထည်က
ကြီးမားသလိုပဲ

အတွင်းက ဘုရားရုပ်ထုများနဲ့
ဖွဲ့စည်းတည်ဆောက်ပုံတွေက
လူ့စိတ်ကို အေးချမ်းစေပါတယ်

ဘုရားဝန်းအတွင်းမှာလည်း
ဓနုမောင်မယ်နဲ့ စည်တော်

ဖိုးသူတော်ရုပ်တု

တံခွန် ကုက္ကားတွေက

ကြည့်ရတာ စိတ်ကို ကြည်နူးစေပြန်ရော

အကယ်လို့သာ
သူငယ်ချင်းအနေနဲ့ အခွင့်အခါရလို့ဖြစ်ဖြစ်
ဟဲဟိုးမှာ flight delayဖြစ်ခဲ့တာမျိုးဆိုရင်

ဟဲဟိုးလေသာတောင်ပေါ် ရအောင်တက်
ဝင်ရောက် လည်ပတ်ပြီး
ဘုရားဖူးကြဖို့
ဝေမျှရင်း

ကောင်းသောနေ့လေးဖြစ်ပါစေလို့
ဆန္ဒပြုပါတယ်နော်

နောက်အပိုင်းတစ်ခု အနေနဲ့လည်း
ထပ် ဆက်ပါရစေအုံးရှင့်

ချစ်တဲ့ တီဖြိုး

Leave ပြာသိုလကွယ်အမှတ်တရ (9thFeb2024) to:

Written by

First to be in good spirits

Read more #memory posts


Best Posts From Phyoe Thet

We have not curated any of phyoethet137's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Phyoe Thet