Phyoe Thet avatar

ပင်ဖိန်း စားကြမယ်

phyoethet137

Published: 04 Mar 2024 › Updated: 04 Mar 2024ပင်ဖိန်း စားကြမယ်

ပင်ဖိန်း စားကြမယ်

အစားကောင်းစားရင် သူငယ်ချင်းကို သတိရတယ်လို့
ဆိုကြတော့ ကျွန်တော်လည်း ဒီနေ့ hive မှ သူငယ်ချင်းတွေကို
သတိတရ မျှဝေချင်တာလေး ရှိလာပြန်ရော

🍧ယခုနှစ်နွေရာသီက အပူလှိုင်းဖြတ်လိမ့်မယ်လို့
အားလုံး စိတ်ပူနေကြချိန်မှာ
ကျွန်တော်က အစားတစ်လိုင်းမို့
ဘာလေးစားရင် ကျန်းမာရေးလည်းညီ
အရသာလည်း ရှိမလဲ လိုက်ကြည့်တော့
ပင်ဖိန်း ကို သွားတွေ့တယ်

မူလ မြန်မာမုန့်ထဲကတော့ မဟုတ်ဘူး
တရုတ်ဖက်ကနေ အခု ခေတ်စားနေတာလေးပါ

ပင်ဖိန်းကို ဝဉကုန်ကြမ်းကနေ ထုတ်ထားတာ

🍧 သူက တိုဟူးနောင့် (တိုဟူးပျော့)လို့ ခေါ်ကြတဲ့
ပဲပိစပ်နဲ့ ထုတ်တဲ့ တရုတ်အစားအစာလိုပါပဲ
သူကလည်း ဝမ်းအေးစေပါတယ်

🍧 တချို့က ကျောက်ကျောနဲ့တူလို့
ကျောက်ကျောလို့ ထင်ကြပေမယ့်
ပင်ဖိန်း (ဝဉ)မှုန့်က
ပို နူးညံ့တယ်

🍧 လုပ်နည်းအမျိုးမျိုးရှိပေမယ့်
လုပ်ရတာ အရမ်းလွယ်လို့
social မှာ ခေတ်စားနေပါတယ်

🍧 တီဖြိုးကတော့
ပင်ဖိန်းမှုန့် 40gတစ်ထုပ်ကို
တချို့က ရေ 2500mlအထိ ထည့်ကြပေမယ့်
ပင်ဖိန်းအသားခပ်တင်းတင်းလေးကြိုက်လို့
ရေ 2000ml ပဲ ထည့်ပါတယ်

ရေနွေးပွက်ပွက်ဆူ 2000mlထဲ
ခပ်သွက်သွက်မွှေပြီး
၄နာရီ အအေးခံတယ်

🍧 စစချင်းဆို ရေအတိုင်း
ကြည်ကြည်လေးမို့
မှားသွန်ပစ်မှာဆိုတာမျိုး
မြန်ချင်တာမျိုးဆိုရင်တော့
ရေခဲသေတ္တာထဲ
ထည့်အအေးခံပါ

🍧 သစ်သီးအရသာတွေနဲ့ စားရတာထက်
တီဖြိုးကတော့ ကြံသကာရည်နဲ့စားရတာ
အကြိုက်ဆုံးပဲ

ကြံသကာ ကျိုပျင်းတဲ့ ဒီနေ့မှာကျ
တီဖြိုးက Cameral Sauceကို သုံးလိုက်တယ်

🍧 နို့ရည် ၅ခွက်စာကို အရင် စပ်တယ်
နို့ရည်မှာက
နို့ဆီ 100 ml
နို့စိမ်း 100ml / နို့မှုန့် 60 g
ရေနွေး 200 ml ကို အရင်ဖျော်ထားလိုက်ပါတယ်

🍧ပင်ဖိန်း တစ်ခွက်စာဆိုရင်
၁)ပင်ဖိန်းအေးပြီးသား 300g ခန့်
၂)ကြံသကာရည်/ Cameral Sauce 20ml
၃)နို့ရည် 60-80ml
၄)နှမ်းမဲ နှမ်းဖြူ အနည်းငယ်
၅)သီးစုံခြောက် အနည်းငယ်
၆)မြေပဲခြမ်း အနည်းငယ် ထည့်လေ့ရှိပါတယ်

မျက်စိပသာဒလည်းဖြစ်အောင်
ပိုစားကောင်းအောင်ဆိုရင်
ထန်းသီးဂျယ်လီ
ရောင်စုံ ဂျယ်လီ အနည်းငယ် ထည့်ပါတယ်ရှင့်

နွေပူပူမှာ ရင်လေးအေးသွားအောင်
လုပ်စားကြည့်ဖို့
ဝေမျှလိုက်ပါတယ်

စာဖတ်ပေးတဲ့ ချစ်မိတ်ဆွေအားလုံး
ကျန်းမာရွှင်လန်းပါစေရှင့်

ချစ်တဲ့ တီဖြိုး
၃/၄-၂၀၂၄

Leave ပင်ဖိန်း စားကြမယ် to:

Written by

First to be in good spirits

Read more #hive-122133 posts


Best Posts From Phyoe Thet

We have not curated any of phyoethet137's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Phyoe Thet