Phyoe Thet avatar

Mango Chili paste သရက်သီးငံပြာရည်ကြော်

phyoethet137

Published: 02 May 2024 › Updated: 02 May 2024Mango Chili paste သရက်သီးငံပြာရည်ကြော်

Mango Chili paste သရက်သီးငံပြာရည်ကြော်

မတွေ့ရတာလည်း ကြာပြီ
အားလုံး နေကောင်းကျန်းမာကြရဲ့လားရှင့်

ဒီနေ့တော့ တီဖြိုးက
ရာသီစာလေး သရက်သီးငံပြာရည်ချက်လေး
ချက်ဖြစ်တယ်ရှင့်

ခုလို သရက်သီးစိမ်း မရင့်တရင့်အချိန်လေးက
သရက်သီး ငံပြာချက်ဖို့ အကောင်းဆုံးအချိန်ပါ

တချို့လူတွေက အချဉ်ကဲအောင်
ရင်ကွဲသရက်သီးကို သုံးပေမယ့်
တီဖြိုးကတော့ စိန်ငမောက်(ခေါ်) သုံးလုံးတစ်တောင်သီးနဲ့
ချက်ရတာ ပိုကြိုက်တယ်ရှင့်

ပထမဆုံး မြေပဲဆီ 150ml ကို
ဆီပူလာအောင် တည်ပါတယ်ရှင့်

(၁) ကြက်သွန်နီ (၃)လုံး 150g ခန့်
(၂) ကြက်သွန်ဖြူ 50gခန့်
(၃) ငရုတ်သီးစိမ်းထောင်း 10g (အစပ်ကြိုက်ရင် ပိုသုံးပါနော်)
(၄) ပုဇွန်ခြောက် 100gခန့်
ကို အဝါရောင် သမ်းလာတဲ့အထိ ကြော်ပေးပါတယ်ရှင့်
နနွင်းကြိုက်ရင် ထည့်သုံးပေးနိုင်ပါတယ်နော်

(အရောင်တင်မှုန့်ကိုတော့ တီဖြိုးက
ကင်ဆာရောဂါကာကွယ်အောင်
လုံးဝမသုံးပါဘူးရှင့်)

ထို့နောက်
(၅) အခွံနွှာပြီး ကြိတ်စက်နဲ့ ကြိတ်ထားတဲ့
သရက်သီး အနှစ် 300gခန့်
(၆) ပုဇွန်ငံပြာရည် 70ml
(၇) ကြာညို့ အပျစ် ၂၀ml
(၈) ဆား 10g ခန့်
(၉) သကြား 40g ခန့်တို့နှံပြီဆိုရင်
(၁၀) ရေ 150ml လောက်ထည့်ပါတယ်
ရေတွေကုန်လာပြီး အိလာတဲ့အထိ ကြော်ပေးပါရှင့်

တီဖြိုးက ညစာရှောင်ထားပေမယ့်
အခုညတော့
သရက်သီးငံပြာရည်ကြော်လေးကို
သရက်သီးလေးနဲ့ပဲ အကပ်ပြန်လုပ်ပြီး
ထမင်းတစ်ပန်ကန် အမောက်ကို
ရှယ်တွယ်လိုက်တာ
ကောင်းမှ ကောင်းပဲ

စာဖတ်သူတို့လည်း ကြော်စားကြည့်ပါနော်

မင်္ဂလာညချမ်းလေးမှာ
စိတ်၏ချမ်းသာ ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေရှင့်

ချစ်တဲ့တီဖြိုး
May 2nd 2024

Leave Mango Chili paste သရက်သီးငံပြာရည်ကြော် to:

Written by

First to be in good spirits

Read more #hive-122133 posts


Best Posts From Phyoe Thet

We have not curated any of phyoethet137's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Phyoe Thet