@newbies avatar

Real Palm-Wine

newbies

Published: 31 Jan 2018 › Updated: 31 Jan 2018Real Palm-Wine

Real Palm-Wine

အညာဒေသဆိုမှာဆို ခုချိန်ထန်းရည်ပေါ်ကာစအချိန်ပေါ့.လေးလေးတဖြူးဖြူးနှင့်သစ်ပင်အောက်မှာ သူငယ်ချင်းအပေါင်းအသင်းများနှင့်ဝိုင်းဖွဲ့ပီး ထန်းရည်သောက်ရသည့်အရသာက ဘာနဲ့မှမလဲနိုင်ပေ.မနေ့ကတော့ သူငယ်ချင်းများရောက်လာ၍ အညာဒေသမှ သူငယ်ချင်းအကူအညီဖြင့် ထန်းတောထဲသို့လိုက်သွားလေသည်.ထန်းရည်ကလည်းပေါ်ကစဆိုတော့
အတော်အတန်ထန်းရည်စစ်ကိုကိုများများသားသားမရပါ.ဆိုင်တွေတွင်ရောင်းချနေသောထန်းရည်များကလည်း အစစ်မဟုတ်ချေ.ဆေးများနှင့်ရောထားသော ထန်းရေ များသာဖြစ်သည်.ဒီလိုနှင့် ထန်းတောမှ ဦးလေးကြီးကို ထန်းရည်လေးရသလောက်လုပ်ပါဗျို့ဆိုပီး ပူဆာရသည်.ထန်းပင်တက်တဲ့ ဦးလေးကြီးကလည်း အတော်ကိုသဘော မနောကောင်းလှသည်.ထန်းလှီးဓားကို ပုဆိုးကြားလိပ်ကာ ထန်းရည် အိုး၂လုံးကိုလွယ်၍ ထန်းပင်ပေါ်သို့် အသင့်ဆင်ထားသောထန်းတက်လှေကားနှင့်တက်သွားလေသည်.
image

ကျွန်တော်တို့သူငယ်ချင်းတစ်တွေလည်း အလာဘ သလာဘစကားပြောရင်း ထန်းတက်နေသော ဦးလေးကြီးကို လည်တရှည်ရှည်နှင့်စောင့်မျှော်နေသည်.ခဏကြာတော့ ဦးလေးကြီးလည်း ထန်းရည်အိုး ၂အိုးကိုကိုင်ကာဆင်းလာလေသည်.ထန်းရည်ကလည်း အစစ်ဆိုတော့ အမြုပ်တစီစီနှင့်ပွက်နေလေသည်.
image

စိတ်ထဲတွင်လည်း ထန်းရေအစစ်ကိုသောက်ရတော့မည်စိုပီး တံတွေးတောင်မျိုချမိနေသည် 😁😁.ဒီလိုနှင့် စတင်ပီး
စကားပြောကောင်းသောသူငယ်ချင်းတစ်ယောက်က မာကာလုပ်ကာ တစ်ယောက်ပီးတစ်ယောက်စပတ်လေသည်.ထန်းရည် ကလည်းအစစ်ဆိုတော့ သောက်လို့တော့အတော်ကောင်းသား.ဒီလိုနှင့် ခဏအကြာနှင့် တစ်အိုးကုန်သွားလေးသည်.တစ်အိုးကုန်သွားတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရသည်.😁.ဘာလို့လဲဆိုတော့ ဦးလေးကြီးကလည်းအစောထဲကပြောထားတယ်လေ.၂အိုးပဲရတော့မှာတဲ့.ဒီလိုနဲ့ နောက်တစ်အိုးကိုစတည်လေသည်.ထန်းပင်အောက်ဆိုတော့လေကတဖြူးဖြူးနဲ့စကားကလည်းပြောကောင်းကောင်းနှင့်အလွန်ပင် ခံစားလို့ကောင်းသည်.Beerဆိုင်တွင်ထိုင်သောက်နေသော beerခွက်အရသာ ဒီအရသာကို ဘယ်လိုမှမမီနိုင်ပေ.ဒီလိုနဲ့စကားတစ်ပြောပြောနှင့်သောက်လာလိုက်တာမာကာကလုပ်တဲ့ သူငယ်ချင်းကပြောလိုက်မှ ငြိမ်သွားကြသည်.သူပြောလိုက်တဲ့ စကားတစ်ခွန်းက
" ရေလည်ခေါင် တက်ကျိုးပီတဲ့"
😂😂
ဟုတ်တယ်လေ သူပြောလည်းပြောချင်စရာ သောက်လို့ကောင်းနေမှ ထန်းရည် ကကုန်သွားသည်.နောက်ထပ်လည်းမရတော့သောကြောင့်သူပြောတာလည်းမှန်သည်.ဒီလို နှင့်ရင်းနှီးသောသူငယ်ချင်းက ထန်းတက်တက်နဲ့ ဦးလေးကြီးကို ပူဆာမှ သူသောက်ဖို့ချန်ထားတဲ့အိုးလေးကိုလာပေးသည်.
image
ဒီတော့မှာ သူငယ်ချင်းတွေမျက်နှာလိုက်ကြည့်မိသည်.မျက်နှာတွက်အရောင်တွေဝင်းတက်နေသည် 😂.သူတို့ထပ်သောက်ရမယ်ဆိုတော်အလွန်ပင် ပျော်သွားတာပေါ့.ဟုတ်တယ်ဗျ.တစ်ခါတစ်လေမှာ သူငယ်ချင်းတွေနဲ့ထန်းတောမှာ သောက်ရတာက ကိုယ့်မှာရှိသောအလုပ်နှင့်ပက်သတ်သည့် အမျိုးမျိုးသောကိစ္စများ၏
Pressure များလျော့ကြစေသည်.သူငယ်ချင်းများရှေးဟောင့်နှောင်းဖြစ်များပြောပီး သောက်လာလိုက်တာ နောက်ဆုံးဦးလေးကြီးချပေးသောထန်းရည်ပင်ကုန်သွားလေသည်.ဒီလိုနှင့် သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင်ကြီး သူငယ်ချင်းတွေဆုံခိုက်ထန်းတောထဲသို့သွားရောက် ကာထန်းရည်သောက်ရသည့် အချိန်က ကျွန်တွောတို့ဘဝအတွက်ပျော်ရွှင်စရာအချိန်များထဲမှတစ်ချိန်ဖြစ်သည်.အမြဲတမ်းမကောက်းပေမဲ့ တစ်ခါတစ်ရံ ပျော်ရွှင်ရသည့်အရသာကားဘာနဲ့မျှမလဲနိုင်ချေ.
ဒီလိုနှင့် အညာဒေသ၏အလှအများကိုကြည့်ရူရင်း မရောက်သေးတဲ့နွေရာသီကိုစပီးသူငယ်ချင်းများနှင့်ကြိုဆိုမိလိုက်ကြသည်.
ဘေးကလေညှင်းလေးတွေကလည်းတိုက်ခတ်သွားသည်.
image

Steemit ပေါ်တွင်ရှိသောဆရာများကိုဦးထိပ်ပန်ဆင်လျှက်
Written by newbies@newbies
image

Leave Real Palm-Wine to:

Written by

i like steemit more than youtube and facebook because many have real author, knowledge,technique,real life ans so on. So like. Steemit Lover.

Read more #myanmar posts


Best Posts From @newbies

We have not curated any of newbies's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From @newbies