Money is the best? ?
ကျွန်တော်တို ဒီနေ့ခေတ်တွင် ငွေသည်လောကမှာအရေးကြီးဆုံး "ဒုတိယဘုရားသခင်"လို့ပင်တင်စားခေါ်ဝေါ်ကြသည်.ဟုတ်ပါသည်.ငွေရှိရင်အရာတော်တော်များများကိုငွေဖြင့်ဖန်တီးယူနိုင်သည်.စိတ်ဆင်းရဲ ဒုက္ခရောက်နေခြင်းတော်တော်များများကိုလည်း ငွေဖြင့်ပြောင်းလဲပီးပျော်ရွှင်မူကိုဖန်တီးယူနိုင်သည်.
ငွေသည်အရာတော်တော်များများကိုဖန်တီးယူနိုင်သည်ဆိုပေမဲ့ ငွေနှင့်ဖန်တီး၍မရသောအရာများလည်းလောကတွင်များစွာရှိသည်.
လူတစ်ယောက်၏ချစ်ခြင်း/မုန်းခြင်း/လူတစ်ယောက်၏ ကိုယ့်အပေါ်တွင်သစ္စာစောင့်သိခြင်း
အသက်ဝိညာဉ်မဲ့နေသော လူတစ်ယောက်ကိုပြန်ရှင်လာအောင်လုပ်ပေးခြင်း စသည့် ငွေဖြင့်ပြုလုပ်၍မရသော အရာများလည်း များစွာရှိပေသည်.လူတော်တော်များများတွင် ငွေနှင့်ထိတွေ့မိလိုက်လျှင်အရာတော်တော်များများပြောင်းလဲသွားကြပေသည်.ထို့ကြောင့် ပြောစမှတ်ပြုသောစကားတစ်ခွန်းရှိပါသည်.လူတစ်ယောက်၏ စိတ်ရင်းကိုသိလိုလျှင် ငွေဖြင့်ပေါင်းကြည့်ဟူ၍ဖြစ်သည်.ပြောရင်လည်းမှန်ပေမည်.သာမန်အပြင်ပန်းကကြည့်ယုံနှင့်တော့ ထိုလူ၏စိတ်အရင်းအမှန်တကယ်ကိုယ်မသိနိုင်ချေ.ငွေကြေးကိစ္စတစ်ခုခုနှင့်ထိတွေ့ခိုင်းကြည့်လိုက်လျှင် ထိုသူ၏စိတ်ရင်းအမှန်ပေယ်လာတတ်သည်.ဒါပေမဲ့ လူတိုင်းလူတိုင်း ကိုကျွန်တော်မဆိုလိုချေ.လူတစ်ချို့တစ်ဝက်ကိုသာဆိုလိုပါသည်.တစ်ချို့လူတွေမှာ အပြင်ပန်းကကြည့်လျှင်စိတ်ရင်ကောင်းသလိုလိုနှင့် ငွေနှင့်ဆက်ဆံကြည့်ပါက ကိုယ်နှင့်အရမ်းခင်မင်သောလူအရင်းဖြစ်နေလျင်တောင် ငွေအတွက်နဲ့လမ်းခွဲတတ်ကြသည်.
ငွေသည်အရာတော်တော်များများကိုလုပ်ယူလို့ရသည်ဆိုသည်မှာ မှန်ကန်ပါသည်.ဒါပေမဲ့ အရာတိုင်းကိုတော့ဖန်တီးယူလို့မရတာသိကြသည်
ဒါပေမဲ့ အဲ့ဒီငွေကြောင့်ပဲ ဆွေမျိုးသာချင်းများ/မိတ်ဆွေသူငယ်ချင်းတောင်မှ ငွေအတွက်နဲ့ ရန်သူတွေဖြစ်သွားတတ်ကြသည်.ကျွန်တော်တို့်လူမူပတ်ဝန်းကျင်တွင် ညီကိုမောင်နှမများအရင်းတွေတောင်မှ ငွေအတွက်နှင့်ပင် မခေါ်နိုင်မပြောနိုင်ဖြစ်နေကြသည်များလည်းအမြှောက်အမြှားပင်တွေ့နေရသည်.ဒါဟာ ငွေကအရာအားလုံးထက်အရေးအကြီးဆုံးဟု လက်ခံထားသူများပင်ဖြစ်သည်. ကျွန်တော်တို့် ရခဲလှတဲ့ လူ့ဘဝလေးမှာ လူရယ်လို့ ဖြစ်လာပီးလျင် "လူ" ပီသအောင်နေတတ်စေချင်မိသည်.လူ့ဘဝသက်တမ်းတိုတိုလေးမှာ တစ်ယောက်နဲ့တစ်ယောက် အငြိုးအတေးတွေမထားပဲ အားလုံးချစ်ချစ်ခင်ခင်နဲ့ဖြတ်သန်းသွားကြမယ်ဆိုရင် ကျွန်တော်တို့နေထိုင်နဲ့ကမ္ဘာလောကကြီးလှပနေပေလိမ့်မည်.
ပိုက်ဆံဆိုတာ လူ့ဘဝအသက်ရှင်နေတုန်းမှာ ဘယ်လောက်ပဲရှာရှာ နောက်ဆုံးထွက်သက်ရောက်ပီးလောကကြီးကိုအပီးအပိုင်နူတ်ဆက်သွားတဲ့အချိန်ရောက်ရင်တော့ ဘယ်လောက်ချမ်းသာတဲ့လူပဲဖြစ်ဖြစ်/ဘယ်လောက်သြဇာအာဏာ ရှိတဲသူပဲဖြစ်ဖြစ် အားလုံးကိုထားပီး သွားရပေလိမ့်မည်.ထို့ကြောင့် ရခဲလှတဲ့ လူ့ဘဝမှာ သူများတစ်ဖက်သားကို ကိုယ့်လိုမျိုးကိုယ်ချင်းစာပီး သည်းခံမူ/နားလည်ပေးမူတွေနဲ့ ချစ်ချစ်ခင်ခင်နေထိုင်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကမ္ဘာကြီးက အရမ်းကိုသာယာစွာရှိပေလိမ့်မည်.အားလုံး ချစ်ချစ်ခင်ခင်နဲ့လူပီသစွာနေထိုင်ရင်း ကိုယ်ချင်းစာတရားထားနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်.
photo credit from google image
စားရေးဆရာမဟုတ်သည့်အတွက်အမှားများပါခဲ့သည်ရှိသော် သည်းခံခွင့်လွှတ်ပေးကြပါကုန်.
Written by @newbies
Leave Money is the best? ? to:
Read more #myanmar posts
Best Posts From @newbies
We have not curated any of newbies's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.