We are Group 3
ကျွန်တော်တို့ G3 မှာ အရင်ကဆို active ဖြစ်တဲ့သူ နည်းနည်းများတယ် ။ ကိုသာအေးတို့လည်း
လိုင်းပေါ်ရှိတတ်တယ်။ ခုတော့မတွေ့တော့သလောက်ဖြစ်နေပြီ။ ကိုသာအေးကြီးက သူ့စာဥနဲ့
အကြည်ဆိုဒ်ပြီးတော့မလာတော့တာနေတာထင်တာဘဲ ။ မပြည့်စုံခင်ခင် လည်းအခုမတွေ့ရတော့
ပါဘူး။ အရင်ကဆို တစ်ရက်စ နှစ်ရက်တစ်ခါလောက်တော့ လာလာပြီး စကားလေးဘာလေး အနည်း
အကျဉ်းပြောသေးတယ်။ ။ခုနောက်ပိုင်း လုံးဝကိုမလာတော့ဘူး ။ မမ ကလည်း သူ့အကောင့်နဲ့သူ
လက်မလည်လို့ထင်ပါတယ်။ ကိုကြီးမိုးက လည်း group ထဲမှာရှိပါတယ်။ သူကတော့ gropu မှာထူး
ခြားဖြစ်စဉ်ရှိမရှိ လာလာပြီးချောင်းကြည့်တာနေမှာ။ ဘာမှသိပ်ဝင်မပြောတတ်ပါဘူး။ ချောင်းကြည့်
ဘဲ ကြည့်နေပါတယ်။ ရုတ်ရုတ်ရုတ်ရုတ် လုပ်ရင်တော့ သုတ်မယ့်ပုံပါဘဲ။ အဲတာနဲ့ ကျွန်တော်တို့လည်း
စကားလေးဘာလေးပြောရင် ဆင်ခြင်နေရတယ်လေ။ အမှားပါသွားလို့မဖြစ်ဘူး။ (ဟီးးးးးးး )
ဘဘ ညီညီဝင်းကတော့ active ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာသိချင်သိချင် ဘဘ ဆိုပြီး ခေါ်ပြီး
မေးနေကြလေ ။ ခုနောက်ပိုင်း ဘဘ ကလည်း ဘော (8ball)ဘက်လှည့်နေလားမသိဘူး။ မအားမှာ
စိုးလို့ သိပ်ပြီးတော့ ခေါ်မမေးဖြစ်သေးဘူး။ မေးမယ်ဆိုရင်တော့ ချက်ခြင်းအပြေးလေးလာပြီးတော့
ပြောပြ၊ ရှင်းပြပါတယ်။ ကျေးဇူးပါဘဘ ။ မမကြည်လည်း group မှာ active အဖြစ်ဆုံးထဲမှာပါပါ
တယ်။ မပါလို့မှမရတယ်လေ။ SL ဆိုတော့ ဦးဆောင်သူရဲ့အရည်အချင်းအများကြီးပြည့်စုံပါတယ်။
ရှားတယ်လို့ဆိုရမှာဘဲ။ active အဖြစ်ဆုံးကတော့ ချစ်ဆုံးပါဘဲ။ သူ့မှာ တစ်ခါတစ်လေ စကားပြော
ဖော်မရှိလို့ တစ်ယောက်တည်းပျင်းနေရှာတယ်။ ကျွန်တော်ကလည်း မိတ္တူဆိုင်ကတစ်ဖက်ဆိုတော့
သူနဲ့အပြိုင်မပြောနိုင်ဘူးဖြစ်နေတယ်။ ယမင်းမှကလည်း ဂရုမှာရှိတတ်ပါတယ်။ ခုရက်ပိုင်း သူလည်း
ကလုန်းရိုက်နေရတော့ သူ့လက်သူတောင်အားမယ်မထင်ပါဘူးလေ ။
ကိုအေးချမ်းကလည်း လာတတ်ပါတယ်။ သူ့ရဲ့ voting power ကိုအမြဲတမ်းစောင့်ကြည့်နေလောက်
ပါတယ်။ သတိကောင်းတဲ့အစ်ကိုတစ်ယောက်ဖြစ်မယ်ထင်ပါတယ်။ သူ့ပါဝါပြည့်တာနဲ့ Group ထဲ
က Daily post တွေကို upvote ပေးပေးသွားတတ်ပါတယ်။ အင်းတကော်အဖွဲ့ထဲကလည်း တစ်
ယောက်စ နှစ်ယောက်စလည်း active အဖြစ် တည်ရှိနေကြပါတယ်။ မမယွန်းသီရိ ကတော့ group
ထဲမှာ စကားဝင်မပြောပေမယ့် daily post ဆိုလည်း ဘယ်သူတင်တင် upvote လွတ်တယ်လို့မရှိ
ပါဘူး။ ပို့စ်တွေကိုလည်း မလွတ်တမ်းဖတ်ပါတယ်။ ကျွန်တော်တို့ gropu ရဲ့ voter သူရဲကောင်းတစ်
ယောက်ဆိုလည်းမမှားပါဘူးဗျာ။ ကိုလွှမ်းဝေ ကလည်း ဂရုမှာရှိနေတတ်ပါသေးတယ်။ သူလည်း
active ဖြစ်ပါတယ်။ လာကြည့်လိုက် ပြောစရာရှိရင်ဝင်ပြောလိုက်လုပ်ပါတယ်။ အရေးမကြီးတာ
တွေဆိုမပြောပါဘူး။ ကိုသိန်းဇော်လင်း လည်း ဂရုထဲမှာ ပေါ်ပေါ်လာတတ်ပါတယ်။ သူကလည်း
အရေးမကြီးရင်ဝင်ဝင်မပြောပါဘူး။ အန်တီနန်းကတော့ ကျန်းမာရေးကြောင့် သိပ်မတွေ့ရပါဘူး
ဒါပေမယ့် တစ်ခါတစ်လေ အလည်လာပြီး နှုတ်ဆက်တတ်ပါတယ်။ Zero ကအရင်ကတော့ လာ
တယ် ခုနောက်ပိုင်းသိပ်မတွေ့ရဘူးဖြစ်နေတယ်။ Naing Htet တို့ တခြားအင်းကတော်ကအဖွဲ့
သားတွေကိုလည်း တစ်ခါတစ်လေတွေ့ရတတ်ပါတယ်။
ဘဘ ညီ ကို ကျွန်တော်တို့သိချင်တာလေးတွေရှိလို့ မေးရင်လည်း ချစ်ဆုံးကကုန်ကြမ်းအဖြစ်
အမြဲအသွင်ပြောင်းတတ်ပါတယ်။ ဒါဟာသူ့ရဲ့ လိမ္မာပါးနပ်မှုတစ်ခုပါဘဲ။ ကိုကြီးမိုးကသူ့ကိုကြောက်
ပါတယ်လို့ဟိုနေ့က မမကြည်ကပြောပါတယ်။ ချစ်ဆုံးက လာတဲ့သူတိုင်းကို အလွတ်မခံတတ်ပါ
ဘူး။ စမီးနည်းနည်းဘဲရသေးတယ်။ ဗုတ်ပေး ။ ဗုတ်ပေး . လို့အမြဲနားပူနားဆာတိုက်တတ်လို့လို့
ထင်ပါတယ်။ ကျွန်တော်တို့မှာအားထားရာဆိုလို့ ချစ်ဆုံးဘဲရှိပါတယ်။ ဘာလို့လည်းဆိုတော့သူ
က ကျွန်တော်တို့ group ရဲ့ group စောင့်နတ်သားတစ်ပါးဖြစ်နေတာပါဘဲဗျာ။ ဘယ်မအချိန်လိုင်း
ဖွင့်ကြည့်ကြည့် သူ့ကိုအမြဲတွေ့ရတတ်ပါတယ်။ ကျွန်တော်ကတော့ PRO POST တင်ရက်ဆို
အမြဲတမ်းနောက်ကျတတ်ပါတယ်။ ကြိုးစားပြီးစောစောတင်နိုင်အောင် ကြိုးစားကြိုးစားနေပေမယ့်
ခုထက်ထိတော့ မအောင်မြင်နိုင်သေးပါဘူးဗျာ။
msc-164
AUTHOR @NANNHTIKE
Leave We are Group 3 to:
Read more #myanmar posts
Best Posts From Nann Htike
We have not curated any of nannhtike's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.