Nann Htike avatar

ကျွန်တော်နှင့် တာဝန်

nannhtike

Published: 22 Jun 2018 › Updated: 22 Jun 2018ကျွန်တော်နှင့် တာဝန်

ကျွန်တော်နှင့် တာဝန်

ကျွန်တော်နှင့် တာဝန်ပျက်ကွက်မှုများ

ကျွန်တော် MSC Pro မတင်ဖြစ်တာနည်းနည်းကြာသွားတယ်။
စီးပွားရေးတစ်ခုကြောင့် ဒီဘက်ကို မလှည့်နိုင်လို့ပါ။ ဒီဟာကို
လုပ်နေရင်လည်း ကျွန်တော်က ကျန်တာတွေကို ထမလုပ်ချင်
တော့ဘူးလေ။ ဖုန်းပြင်လာလည်း ထမလုပ်ချင်ဘူး။ ကွန်ပျူတာ
စာစီလာရင်လည်းထမလုပ်ပေးချင်တော့ဘူးလေ။ မိန်းမကသိပ်
ပြီး မကျေနပ်လှဘူး။ ဟုတ်တယ်ကျွန်တော်ကတစ်ခုလုပ်နေရင်
ကျန်တာကိုထလုပ်ချင်စိတ်မရှိဘူး။ ဇိမ်ပျက်တယ်လေ။ ကိုယ်က
မုဒ်လေးသွင်းနေပြီး အလုပ်လုပ်နေရင် ဟိုဟာလေးထလုပ်လိုက်ရ
ဒီဟာလေးထလုပ်လိုက်ရနဲ့ ခရီးကိုမပေါက်ဘူးဖြစ်နေတယ်။ စာ
ရေးမယ်ဆိုလည်း ကိုယ်ကဖီးလ်လေးနဲ့ရေးရမှ။ ဒါမှ ကိုယ်လိုချင်
တဲ့ စီကိုရောက်နိုင်မယ်လေ။ ခုကျတော့ အလုပ်လေးတစ်ဖက်
လုပ်လိုက် စာလေးထရေးလိုက်နဲ့ ရေးရင်းရေးရင်း ဘယ်ကိုရောက်
လို့ရောက်ရောက်သွားမှန်းမသိဘူး။

ဒီတစ်ပါတ်တော့ ပရိုတင်ဖြစ်အောင်တင်မယ်ဆိုပြီးအားတင်းထား
ပါတယ်။ စာကသိပ်မရေးတတ်တော့ သူများလိုပြေပြေပြစ်ပြစ်မရှိ
ချင်လှဘူး။ ကိုယ်စိတ်ထဲပေါ်တာ ဘဲရေးတတ်တာ။ စာကိုသိပ်မ
ရေးတတ်ဘူးဗျာ။ အမှန်တော့ ဒီလုပ်ငန်းက ကိုယ်နဲ့သိပ်အဆင်
မပြေလှဘူး။ ကိုယ်က စာကိုရှည်ရှည်မရေးတတ်တာနဲ့တော့ခက်
ပြီလေ။ facebook သုံးရင်းလည်း ဒီအတိုင်းဘဲ ကျွန်တော်ကပို့စ်
တင်ရစာနည်းနည်း ကိုယ့်စိတ်ထဲရှိတာလေးဘဲတင်လိုက်တာ။
ဘာရယ်ညာရယ်လို့ သိပ်မရေးတတ်ဘူးဗျာ။ စာရေးတယ်ဆိုတာ
ကလည်း ကိုယ်ရေးတဲ့စာကို သူများဖတ်ရင်းဖတ်ရင်းစိတ်ဝင်စား
လာအောင်ရေးနိုင်မှကိုး။ ဒါဖြင့်ဆို စာဖတ်တဲ့သူအတွက် ပျင်းစရာ
ကောင်းလွန်းနေပါတယ်။

ကိုယ်ရေးတဲ့စာက ဖတ်လို့မကောင်းဘူးဆိုရင်လည်း ကိုယ့်စာတွေ
က တစ်ဖတ်သားကို ဗဟုသုတရစေရင်လည်း မဆိုးဘူး။ ဒါပေမယ့်
ကျွန်တော်ကလည်း ဗဟုသုတမကြွယ်ဝတော့ ဘာကိုရေးရမှန်းမသိ
ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဘာတွေရေးရင်ကောင်းမလဲစဉ်းစား
ရင်း စဉ်းစားရင်းနဲ့ကို ရက်တွေ ကုန်ဆုံးသွားခဲ့ရတာမနည်းခဲ့ပါဘူး။

ရေးချင်တဲ့အကြောင်းအရာလေးတွေ ချရေးပြီး စီကာပတ်ကုံးရေးမယ်
လို့ စဉ်းစားပေမယ့်လည်း ဘာကို ဘယ်ကို အစီအစဉ်ချရမှန်းမသိဖြစ်
နေရပါတယ်။ တစ်နေ့တာ ကိစ္စတွေကိုရေးရမယ်ဆိုလည်း ဘာမှရေး
စရာကမရှိဖြစ်နေတယ်။ မနက်လင်းလာရင် ထမင်းစား၊ ပြီးဆိုင်သွား
ညကျ ဆိုင်ပြန်ပိတ်ပြီး အိမ်ပြန်အိပ် ။ ဒါနဲ့ဘဲသံသရာလည်နေတော့
တစ်နေ့တာအတွက်ရေးဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။

ကျွန်တော်တို့ group လေးအကြောင့်ကိုရေးရင်တော့ စာနည်းနည်းထွက်
လာမယ်လို့စဉ်းစားလိုက်တယ်။ အော် ဒါပေမယ့် ဒါက ချစ်ဆုံးအတွက်
ကုန်ကြမ်းလေးတွေပါလေဆိုပြီး စိတ်လျော့ လက်လျော့ လိုက်တယ်။
ဘယ်လိုစာပေမျိုးတွေကို လေ့လာပြီး ဘယ်လိုအကြောင်းအရာတွေ
ကိုရေးသင့်တယ်လို့ အကြံဥာဏ်လေးများရှိရင်လည်း ပေးကြပါဦးဗျာ။

MSC-164
author nannhtike@nannhtike

Leave ကျွန်တော်နှင့် တာဝန် to:

Written by

i can do it !!!!

Read more #myanmar posts


Best Posts From Nann Htike

We have not curated any of nannhtike's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nann Htike