
ရုပ်ဆိုးသူ
တစ်ခါတုန်းက အိန္ဒိယနိုင်ငံ နယ်နမိတ် နယ်စွန်နယ်ဖျား ဝေးလံခေါင်းပါးသော အရပ်ဒေသရှိ ရွာလေးတစ်ရွာတွင် စုန်းမဟု ယိုစွတ်ခံရသော ရုပ်ဆိုးမလေး တစ်ဦး ရှိလေသည် ။
ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု့ မြင့်တက်သော အိန္ဒိယနိုင်ငံတွင် သူကဲ့သို့  ရုပ်ဆိုးသူ တစ်ယောက်မှ မရှိသောရွာကလေးတွင် တစ်ရွာလုံးရဲ့ အနိုင်ကျင့် စော်ကားမှု့ကို ခံယူရင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ စွာနဲ့ အထီးကျန်စွာ နေထိုင်ခဲ့လေသည် ။
စကားပြောဖက် အဖော်ဆိုသည်မှာ ဝေးလို့ သူမကို မြင်မိလျှင် လာဘ်တိတ်သည် နမိတ်မကောင်းတော့ဟု အယူရှိသဖြင့် ဂဲများဖြင့် ဝိုင်းပစ်ခြင်း တုတ်ဖြင့် ရိုက်နှက်ခြင်း တို့ကြောင့် လူမြင်လျှင် ပြေးပုန်းနေရလေသည် ။ သူမ၏ စကားပြောဖက် အဖော်မှာ သစ်ပင် ကောင်းကင်နှင့် ငှက်ကလေးများသာ ရှိလေသည် ။ရွာ၏အပြင်ဖက် သချို င်္ုင်းပျက်ကြီးအစွန်းတွင် အမိုးအကာ ခနော်နီခနော်နဲ့  လေးတိုင်စင် လေးဖြင့် အိမ်ဟုဆိုသော်လည်း အိမ်ပုံစံနှင့်မတူပဲ သစ်ကိုင်းသစ်ခက်များဖြင့်သာ ကာရံထား၍
လေဒဏ် မိုးဒဏ်ကို ခံနိုင်ရည်မရှိသော မြေတဲအိမ်လေးသာ ဖြစ်သည် ။ အိမ်လေးအတွင်း၌ မြေကျင်းတူးလျှက် အနေဆင်းရဲ အစားဆင်းရဲစွာဖြင့် နေထိုင်ခဲ့လေသည် ။
သူမနေထိုင်ရာသို့  မည်သူမျှ မလာသကဲ့သို့  ဘေးဖက်တွင် တောခေါင်ခေါင်သာ ရှိတော့သည် ။မိမိ တစ်ဦးတည်းပိုင် တောလမ်းလေးမှ တဆင့် ရွာသူရွာသားများကို ရှောင်လွဲ၍ သွားလာရသည် ။
သချိ င်္ုင်းအစပ် တောစပ်ကလေးမှာပင် စားပင်လေးများစိုက်ပျိုး၍
သော်လည်းကောင်း တောအတွင်းမှ တိရိစ္ဆာန်လေးများ ထောင်ဖမ်း၍သော်လည်းကောင်း အသက်ဆက်ရှင်ရလေသည် ။
၎င်းရွာလေးသည် မြို့ပြနှင့် အလှမ်းဝေးသကဲ့သို့  ရွာမှာမွေးပြီး ရွာမှာခေါင်းချကြသော ဘိုးဘွားများသာ ရှိလေသည် ။ မြို့ဆိုသည်မှာ ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိသော သွားလာ၍မရနိုင်သော နေရာ တစ်ခုဟု မှတ်ထင်ထားကြသည် ။ အများစုက မြို့ဟူသည်ပင် မသိရှိကြပေ ။ ရွာ၏ အနောက်မြောက်ဘက်တွင် မြစ်တစ်ခု ရှိပြီး မြစ်၏အလွန် တောအုပ်ကြီး တစ်ခုကလွဲ၍ တောင်များ ပတ်လည်ဝိုင်းထားသော ရွာကလေးသာ ဖြစ်သည် ။ မည်သူမျှ တောအုပ်ကို ကျော်၍ မသွားဖူးကြသောကြောင့်
တောအုပ်အလွန်တွင် ဘာရှိမှန်းပင် မသိကြပေ ။သားကောင် ရှာတတ်သော လူတစ်ချို့နှင့် သစ်ခုတ်ကြသူများပင်လျှင် တော၏အဆုံးထိ ရောက်ဖူးခြင်းမရှိ ။ထိုမျှခေါင်သော
ရွာကလေးတွင် ရှားရှားပါးပါး လာသော ဧည့်သည် တစ်ဦးသာ ရှိသည် ။ အိန္ဒိယဘုရင်၏ အကောက်ဝန်ထံတွင် အမှု့ထမ်း နေသော လူရွယ်တစ်ဦးသာ အခွန်ကောက်ရန် လာလေ့ရှိသည် ။ အကောက်ခွန် အမှု့ထမ်းပင်လျှင် ၁နှစ်တစ်ကြိမ် ရိက္ခာအပြည့်အစုံဖြင့် မြင်းကိုစီးလျှက် အခွန်လာကောက်လေ့ရှိသည် ။ရွာ၏ လူဦးရေ အတိုးအလျော့ ဆန်စပါး အထွက်နှုန်း ကူးစက်ရောဂါ ရှိမရှိ မနှစ်ကနဲ့ ဒီနှစ် ကွာခြားမှု့ စသည့် စာရင်းများ လာကောက်လေ့ရှိသည်။အခွန် လုပ်ငန်းပြီးစီးပါက ရွာသူကြီးအိမ်တွင် နားနားနေနေ နေပြီးမှ ပြန်သွားလေ့ရှိသည် ။ ရောက်တဲ့အခါများတွင် တောပစ် ထွက်လေ့ရှိသည် ။ သူတစ်ယောက်သာ ထိုရွာ၏အထူးဧည့်သည်ပင်ဖြစ်သည် ။
အကောက်ခွန် အမှု့ထမ်းလေ ခရီးအတွက် စဉ်းစား မိသည်က ဒီနှစ် တောကောင်သား များများရဖို့  စိတ်စောနေမိသည် ။ မနှစ်က ရရှိသော တောကောင် အရေအတွက်နည်းသဖြင့် မိတ်ဆွေများကို လုံလုံလောက်လောက် မပေးရ၍ အားမလိုအားမရဖြစ်နေမိသည် ။
ခရီးထွက်ရတာကို ကြိုက်သည် ။
နမို့ ဆို့ စာရွက်စာတမ်း အထုပ်တွေ တစ်ထုပ်ပြီးတစ်ထုပ် ရုံးမှအိမ် အိမ်မှ ဘူတာ ဘူတာမှ ရုံး သံသရာ လည်နေသဖြင့် စိတ်ညစ်ရသည် ။ တစ်ခါတစ်လေ နယ်ခရီးထွက်ရတာတော့ ရှိသည် ။သို့ သော် ဒီခရီးလောက် ဝေးလည်းမဝေး ကြာလည်းမကြာ သူ့ အတွက်တော့ တစ်နှစ်တစ်ခေါက် တောလည်ထွက်ခွင့် ရလိုက်သလိုပင် ။
နေမဝင်ခင် ရွာကိုရောက်မှဖြစ်မည် တောကောင်များ ကျင်လည် ကျက်စားတတ်သောကြောင့် တောထဲတွင်
နေဝင်သွားလို့  မဖြစ်သေး ။ မြစ်ကို ရောက်မှ စိတ်ချရမည် ထို့ ကြောင့် သူအတွေးနဲ့သူ စိတ်လောနေမိသည် ။ တစ်နှစ်တစ် ခေါက်သာ လာရသော လမ်းက သစ်ပင်နွယ်ပင်များဖြင့် ရေခံမြေခံကြောင့် လွတ်လွတ်လပ်လပ် ကြီးထွားနေကြသည် ။ ဟော ဟိုရှေ့မှာ မြစ်ကို မြင်ရပြီပဲ စိတ်အမော သက်သာသွားသည် ။ မြစ်ကိုကူးပြီ လျှင် ရွာရောက်ပြီး ။ မရောက်တာ ကြာတော့ အမြင်များက ပြောင်းလဲနေသည်။ အပြောင်းအလဲကြီး မဟုတ်သော်လည်း မြင်နေကျ မဟုတ်တော့၍ ရောက်ဖူးပါလျှက် မမြင်ဖူးသလို ထင်နေရသည် ။ မြစ်ကို ကုန်းပေါ်မှ လှမ်းကြည့်ရင်း ကူးလို့ အဆင်ပြေမဲ့နေရာ ရှာကြည့်လျှက် တစ်ဖက်ကမ်းကို လှမ်းကြည့်မိသည် ။
မိန်းကလေးတစ်ယောက် ရေချိုးနေသည် ။ '' အင်း ငါလည်း ရွာထဲ မဝင်ခင် ရေချိုးဦးမှ'' ခရီးရှည် လာခဲ့ရသဖြင့် ရေစီးသံကြား တာနဲ့တင် လန်းဆန်းသွားသလို ခံစားရသည် ။ နွေဦးရာသီမို့ မြစ်ရေကျချိန် သဲသောင်ပြင်က ကျယ်ဝန်းလှသည် ။ လူတင်မဟုတ် မြင်းလည်း ခရီးပန်း၍ အားအင်လျော့ပြီထင် အတွေးဖြင့် လိုက်မျော်ကြည့်ရင်း တဖက်ကမ်းမှ
ရေချိုးဆင်းနေသော မိန်းမပျိုကို လှမ်းမျော်ကြည့်မိသည် ။ '' အလို ဘယ်လိုပါလိမ့် '' မှောင်ရီပျိုဖျမို့  မျက်စိအမြင်မှားလေသလား သို့တည်းမဟုတ် အတွေးမဆုံးခင် ဝင်ရောက်ပျောက်ကွယ်သွားသော မိန်းမပျိုကို အံသြမှင်သက်နေမိသည် ။ တမူထူးခြားတာတော့ အမှန်ပင် နေပါစေလေ ရွာထဲရောက်ရင် သိရမှာပဲ ခုတော့ လန်းဆန်းသွားဖို့က အဓိကပဲ ဟု စဉ်းစားရင် ရေထဲဆင်းလာခဲ့တော့သည်။ ထို့နောက်မှာတော့ လူသွား လမ်းလေးရှိရာမှ တဆင့် ဖြေးဖြေးချင်း ရွာထဲသို့ ဝင်လာခဲ့ တော့သည်။
ဆက်ရန်အတွက်
(…… မျော် ……)
Write by MyintAungNaing
------
@myintaungnaing
Leave ရုပ်ဆိုးသူ to:
Read more #myanmar posts
Best Posts From MyintAungNaing
We have not curated any of myintaungnaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.