MyintAungNaing avatar

အထီးကျန်ခြင်း( Poem )

myintaungnaing

Published: 06 Feb 2018 › Updated: 06 Feb 2018အထီးကျန်ခြင်း( Poem )

အထီးကျန်ခြင်း( Poem )

image

အထီးကျန်​ခြင်း ဆိုတာ
အရွက်​ဖုံးတဲ့ သစ်​သီးတစ်​လုံး
တိတ်​တဆိတ်​ ​မျော်​လင့်​ရုံကလွဲလို့ ......

အထီးကျန်​ခြင်း ဆိုတာ
သခင်​မဲ့တဲ့ ပန်းတစ်​ပွင့်
အလိုလို ​ကြွေလွင့်​ရုံကလွဲလို့......

အထီးကျန်​ခြင်းဆိုတာ
ကံကြမ္မာရဲ့ သား​ကောင်
စ​တေးခံ ရုံကလွဲလို့  ......

အထီးကျန်​ခြင်း ဆိုတာ
ဝေဒနာသည်​ တစ်​မျိုး
ဆေးမထိုး ရုံကလွဲလို့ ...

အထီးကျန်ခြင်း ဆိုတာ
တကယ်တော့
အထီးကျန်နေသူ သာ သိနိုင်တဲ့
အသံမဲ့တဲ့ တမ်းချင်း.....
myintaungnaing@myintaungnaing

Writing by MyintAungNaing
Photo by Google image

Leave အထီးကျန်ခြင်း( Poem ) to:

Written by

Poem ,Photo ,

Read more #myanmar posts


Best Posts From MyintAungNaing

We have not curated any of myintaungnaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From MyintAungNaing