ပိုးဖလန် လို လူ
သခင်ရယ် ……
ရင်ဝယ်စွဲငြိ
ချစ်မိတဲ့ကျွန် ……
အမိုက်နွံကို
ပူမယ်မှန်းသိ
ပူမှန်းသိလျက်
ရှေ့သို့ တိုးသာ ……
မရုန်းသာပြီ ………။
သြော် ………………
ချစ်စိတ်တွေတက်
အိပ်ရေးပျက်လို့  …………
ညစဉ်ရှည်လျား
သောကများကို
ရင်ဝယ်ထွေးပွေ့
မေ့ဖို့ ကိုလည်း
မကြိုးစားမိ ……။
အို နာသေ ဘေး
ဒုက္ခတေးကို …………
ဖွဖွညည်းဆို
ဖြစ်ပျက်ကိုမေ့ 
ရွေ့ရွေ့ဖြတ်သွား
အချိန်များစွာ ……………။
မကြာမြင့်မှီ
သေမင်းဆီသို့  …………
မလိုက်လိုလည်း
ရှိုက်ငိုစဲမှာ ……………
လိုက်ကို လိုက်ရ
မှာပါပဲ …………………။
ဒါကိုသိလျှက်
အပူသောက
ချစ်ဇောတွေကြွ
မေတ္တာပြည့်လျှံ
လျံလျံပေါက်ကွဲ…………………
အချစ်မီးခဲ
တရဲရဲ ………………။
သခင်ရယ် ………
ရင်ဝယ်စွဲငြိ
ချစ်မိတဲ့ကျွန်
အမိုက်နွံကို
ပူမယ်မှန်းသိ
ပူမှန်းသိလျှက်
ရှေ့သို့ တိုးသာ ………
မရုန်းသာပြီ ……… ။
အမှတ်တရ နေ့ စွဲများ
18.2 2005
Writing by MyintAungNaing
Photo by Google image
@firelove
Leave ပိုးဖလန် လို လူ to:
Read more #myanmar posts
Best Posts From MyintAungNaing
We have not curated any of myintaungnaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.